Saturday, April 19, 2014

မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ




How to build Self-Confidence?
မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ။
-----------------------------------------------------------------
** ဘ၀မှာ လုပ်ငန်းခွင်အတွင်း မိမိကိုယ်မိမိယုံကြည်မှု တည်ဆောက်ဖို့ အချက်တွေကတော့

(၁) ဘာတွေကို အောင်မြင်ခဲ့ဖူးပြီးပြီလဲဆိုတာကို မြင်ကြည့်ပါ
(၂) သင်ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကို သုံးသပ်ကြည့်ပါ (SWOT Analysis)
(၃) ဘာတွေက သင့်အတွက် အရေးကြီးဆုံးလဲဆိုတာနဲ့ ဘယ်နေရာကို သွားဖို့ သင်အလိုရှိတာလဲ တွေးပါ
(၄) သင်ရဲ့စိတ်ကို အနုတ်သဘောဆောင်တဲ့ အပြောအဆိုတွေရှောင်ကြဉ်ဖို့ တွေးပါ
(၅) အောင်မြင်မှုကို ရရှိဖို့ရန်အတွက် သင့်ကိုသင် ကတိပေးပါ
(၆) အောင်မြင်မှုကို ရရှိဖို့ရန်အတွက် လိုအပ်တဲ့ အသိပညာကို ရှာဖွေစုဆောင်းပါ
(၇) အခြေခံကျမယ့် အချက်အလက်တွေအပေါ်မှာသာ အာရုံစူးစိုက်ပါ
(၈) ပန်းတိုင်ကြီးကြီး မရောက်ခင် ပန်းတိုင်ငယ်လေးတွေ ခွဲထုတ်ပြီး အောင်မြင်မှု ရယူကြည့်ပါ
(၉) ကျရှုံးမှုကို ကြံ့ကြံ့ခံမယ့် စိတ်ဓာတ်မျိုး ထိန်းသိမ်းမွေးမြူပါ
(၁၀) အပေါ်က အချက်တွေကို လိုက်နာပြီး အောင်မြင်မှုဆီသို့ အရှိန်အဟုန်ဖြင့် ရွှေ့ပါ

** ဘ၀မှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ချစ်ခင်လေးစားရသူတွေနဲ့ တွေ့ဆုံတဲ့အခါ မိမိကိုယ်မိမိ ယုံကြည်ရှိစေဖို့ နည်းလမ်းတစ်ချို့ကတော့

(၁) ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချရမှုနည်းတာ၊ ရှက်တာ၊ အဆင့်အတန်းနိမ့်တာ၊ ရုပ်ရည်မလှမပ မတင့်မတယ်ဖြစ်တာ၊ နောင်တရခဲ့ရတာစတဲ့ မချင့်မရဲ ဖြစ်ခဲ့ရသမျှ စာရွက်တစ်ရွက်ပေါ်ချရေးပြီး ငိုပစ်လိုက် စာရွက်နဲ့ မျက်ရည်သုတ်ပစ်ပြီး အားရအောင် စုတ်ဖြဲပစ်လိုက်ပါ၊ အားလုံးကို စာရွက်ထဲမှာ မေ့ပြီး အပေါင်းလက္ခဏာ ဆောင်မယ့်အချက်တွေကို သတ်မှတ်လုပ်ဆောင်ပါ

(၂) မိမိအရင်းနှီးဆုံး သူငယ်ချင်း၊ ချစ်ရသူနဲ့ ကိုယ့်အပေါ်နားလည်ပေးနိုင်သူနဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ၊ ဖွင့်ပြောပါ၊ စိတ်ပေါ့ပြီး ယုံကြည်မှုတိုးစေပါတယ်

(၃) လူဆိုတာ အမှားနဲ့ ကင်းတာမှ မရှိတာ၊ ဒါကြောင့် အမှားတွေပေါ်မှာပဲ ယူကြုံးမရဖြစ်ပြီး သိမ်ငယ်မနေပါနဲ့ အမှားတွေထဲက သင်ခန်းစာယူပြီး ရှေ့ချီတက်ပါ

(၄) သင့်ရဲ့ အောင်မြင်ခဲ့မှုတွေကို အဓိပ္ပါယ်ရှိရှိ သတ်မှတ်ပါ၊ လူဆိုတာက တစ်နေရာမဟုတ် တစ်နေရာထူးချွန်တာချည်းပါဘဲ၊ တစ်ချို့က အားကစားမှာတော်တယ်၊ တစ်ချို့က အနုပညာမှာတော်တယ်၊ တစ်ချို့က စာပေဗဟုသုတကောင်းတယ် စသဖြင့် မိမိကိုယ်မိမိသတ်မှတ်ပြီး အားရကျေနပ်မှု ယူပါ

(၅) မိမိမှာရှိတာတွေကို ကံအရ ဖြစ်ဖြစ်၊ ဘ၀ကပေးတာပဲဖြစ်ဖြစ် ကျေးဇူးတင်လိုက်ပါ၊ ပြည့်စုံတဲ့ မိသားစု ကိုယ့်မှာရှိတာ၊ ငွေကြေးချမ်းသာတာ၊ ခမ်းခမ်းနားနားအိမ်ကြီးမှာ နေရတာစသဖြင့် ဘ၀မှာ လူဖြစ်ရတာကို ကျေးဇူးတင်လိုက်ပါ

(၆) အပေါင်းလက္ခဏာဆောင်ပါ၊ တခြားလူတွေရဲ့ အားနည်းချက်တွေကို ဝေဖန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၊ စာနာပါ၊ သနားပါ၊ ကိုယ်ချင်းစာကြည့်ပါ

(၇) တစ်ပါးသူရဲ့ ချီးမွမ်းတာကို ချီးမွန်းခံရဲပြီး အပြုံးနဲ့ ကျေးဇူးတင်ကြောင်းတုံ့ပြန်ပါ

(၈) နေ့စဉ် မှန်ရှေ့မှာ ရပ်ပြီး ကိုယ့်မျက်နှာကို ကြည့်ပြီး စိတ်ပါပါ ပြုံးကြည့်ပါ

(၉) အယောင်ဆောင် ဟန်ဆောင်မှု၊ ဟာသစတဲ့ ပေါ့ပေါ့ပါးပါး လုပ်ရပ်မျိုးကို တစ်ပါးသူကို ပျော်ရွှင်အောင်စပါ၊ မိမိလည်း ပျော်ရွှင်လာပြီး ယုံကြည်မှု တိုးလာပါလိမ့်မယ်

(၁၀) မိမိရဲ့ စံနမူနာ အလေ့အထ ကောင်းသော အလေ့အကျင့်တွေကို လိုက်နာပါ၊ ဆေးလိပ်မသောက်ဘူး၊ အရက်မသောက်ဘူး၊ လာဘ်မစားဘူး စသဖြင့်…. ကိုယ့်ကျင့်တရား ထိန်းကြည့်ပါ

(၁၁) ပတ်ဝန်းကျင်မှာရှိတဲ့ တပါးသူနဲ့ အပြန်အလှန် အကူအညီပေးပါ၊ ယူပါ၊ ကျေးဇူးပဲလို့ပြောပါ

(၁၂) မိမိကိုယ်မိမိ ပြီးပြည့်စုံတဲ့ သိသူတတ်သူဖြစ်ကြောင်း သတ်မှတ်ခြင်းမှ ရှောင်ကြဉ်ပါ၊ သင့်ရဲ့ ပန်းတိုင်ကို ထိန်းသိမ်းပါ

ဒါမှ ကျွန်တော်တို့ဟာ လူအချင်းချင်း Face to Face ပြောရဲလာမယ်၊ မျက်လုံးချင်း Eye Contact ရှိလာမယ်၊ မိမိပေးလိုတဲ့ Message တွေဟာလည်း ပိုပြီး ယုံကြည်စိတ်ချဖွယ်ဖြစ်လာပါလိမ့်မယ်၊ ဘာသာရေး ယုံကြည်မှုတွေဟာလည်း မိမိကိုယ်မိမိ ယုံကြည်စေရတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုတိုးပွားပြီး ဘ၀မှာ အညွှန့်တလူလူတက်နေသော လူငယ် လူရွယ်များ ဖြစ်ကြပါစေ။

Shared from အပြုံးတစ်ခု၏ လျှို့ဝှက်ချက် (FB)


No comments:

Post a Comment