ပျင်းနောင်တဆိုတာ ပျင်းရိသူများ အတွက်ဖြစ်ပါတယ်။
ပျင်းရိမိတဲ့အတွက်ကြောင့် ကောင်းမှန်း သိရဲ့သားနဲ့ မလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေ လူတိုင်းမှာလိုလို ရှိခဲ့ပါတယ်။
အဲဒီလို -
အတိတ်ကာလက ကောင်းတဲ့အလုပ်တွေကို မလုပ်မိတဲ့အတွက်ကြောင့်
မလုပ်ခဲ့မိတာ မှားလေစွ မှားလေစွလို့ တွေးတွေးပြီးတော့
နှလုံးမသာမယာ ဖြစ်နေရတာဟာ ပျင်းရိခဲ့မိတဲ့အတွက်ကြောင့် ဖြစ်ရတဲ့ ပျင်းနောင်တပါ။
ပျင်းလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ မကောင်းတဲ့ မသင့်လျော်တဲ့ အလုပ်တွေကို တစ်ခါတစ်ရံမှာ တစ်ချို့လူတွေက ကျူးလွန်တတ် လုပ်မိတတ်ကြပါတယ်။
ဒါ့ကြောင့် လူမိုက်နောင်တ နှောင်းမှရ ဆိုတာမျိုး မဖြစ်ရလေအောင်
မိမိရဲ့ သန္တန်မှာ အပျင်းဓာတ်တွေဝင်လာရင် အမြန်ဆုံး ပယ်ဖျောက်နိုင်ဖို့ ကြိုးစားရပါမယ်။
( အရှင်သိရိန္ဒ )
No comments:
Post a Comment