ဦးသိုက်၏နယ်မြေဒေသဖြစ်သော ညောင်တိုဘူတာရွာတွင် ငါးရက်
တစ်ဈေးရှိသည်။ လူမျိုးခြားများက နွားများသတ်၍ရောင်းနေကြသည်။
ဈေးနှင့် မလိုက်အောင် သတ်သောကောင်ရေ များလှသည်။ တစ်နေ့
တွင် ယင်းဈေးရွာ ငါးမိုင်ပတ်လည်အတွင်းရှိ ကျောင်းတိုင်ပေါင်း ၅၂
တိုက်မှ သံဃာတော် ၅၂ ပါး ဦးဆောင်၍ ကျေးရွာ ၃၁ရွာမှ လူကြီး
၃၁ဦးကိုရွေးချယ်၍ ဇီဝိတဒါနအဖွဲ့ ဖွဲ့စည်းကာ ငွေများ စုဆောင်းကြ
သည်။ ၁၉၆၃ -၆၄ ခုအတွက် လူမျိုးခြားများနှင့် ယှဉ်ပြိုင်၍ သား
သတ်လိုင်စင် ဆွဲသည်။ ရရှိသောအခါ နွားမသတ်ရန်ကြီးကြပ်ဆောင်
ရွက်သည်။
ယခင်က တစ်နေ့လျှင် နွား ၁၂ ကောင်သတ်သည်။ တစ်နှစ်လျှင်
နွား ၄၀၀၀ကျော် သေဆုံးသည်။ ယခု ဇီဝိတဒါနအဖွဲ့က ဆောင်ရွက်ရာ နွားအကောင်ရေ ၄၀၀ ကျော် အသက် ချမ်းသာရာ ရခဲ့သည်။ ထိုအစီအစဉ်ကို ဦးသိုက် နှစ်သက်မဆုံး ရှိသည်။ သို့ဖြင့် အဖွဲ့သို့ပန်ကြား၍ ၁၉၆၄ - ၆၅ ခုနှစ်အတွက် သားသတ်လိုင်စင်
ကျသင့်ငွေနှင့်ကုန်ကျစရိတ်များကို ဦးသိုက်တစ်ဦးတည်း တာဝန်
ယူ လှူဒါန်းသည်။ ထိုနှစ်တွင် သေဆုံးမည့် နွားကောင်ရေ ၄၀၀၀
ကျော်၏ အသက်ကို ဇီဝိတဒါနပြုနိုင်ခဲ့သည်။
၁၉၆၅-၆၆ ခုအတွက်လည်း ဇီဝိတဒါနပြုဖို့ ဦးလေး တာဝန်ယူသေး
တယ်။ ဒါပေမယ့် လိုင်စင်ပေးတဲ့အဖွဲ့က ကုသိုလ်ရှင်များ လိုင်စင်
ဆွဲတာကိုလက်မခံနိုင်ဘူးဆိုပြီး ငြင်းပယ်လိုက်ကြတဲ့အတွက် ဦးလေး
လိုင်စင်ဆွဲဖို့မရ ဖြစ်ခဲ့ရပါတယ် ဟု ဦးသိုက်က ပြောပြသည်။
(၁၉၉၄ ခု ဧပြီလ မြတ်မင်္ဂလာ စာစောင် မင်းယုဝေ၏ ဒါနသူဋ္ဌေး ဦးသိုက် ဆောင်းပါးမှ)
လူတို့၏အသက်ကို သတ်ချင်တိုင်း မသတ်ရအောင် တားမြစ်သော ဥပ
ဒေရှိသကဲ့သို့ တိရစ္ဆာန်များကိုလည်း သတ်ချင်တိုင်း သတ်၍ မရအောင်
တားမြစ်ပေးသော တရား ဥပဒေ မပေါ်ပေါက်သေးသမျှ အေးချမ်းသာ
ယာသော ကမ္ဘာလောကဟူ၍ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။
ဦးသိုက်၏ ဇီဝိတဒါနသည် မွန်မြတ်လွန်းသောကြောင့် ဒါနအဆင့်ကိုပင်
ကျော်လွန်ကာ သီလအဆင့် အထိရောက်သွားပေသည်။
သီလ ကုသိုလ်သည် ဒါနကုသိုလ်ထက် အဆပေါင်းများစွာ သာလွန်
ပါသည်။ ဦးသိုက်ကဲ့သို့ သူတစ်ပါးအသက်ကို မသတ်ပဲနေရုံသာမက
ဘဲ သူတစ်ပါး အသက်ကို ရှည်နိုင်သမျှရှည်အောင် အားထုတ်မှသာ
လျှင် ပါဏာတိပါတကံကို တင်းပြည့်ကျပ်ပြည့်လုံခြုံအောင် စောင့်
ထိန်းရာရောက်ကြောင်း ဆရာကြီးဦးရွှေအောင်က သူ၏ ဘ၀အမြင်
သစ်ကျမ်းစာ စာမျက်နှာ ၃၉ တွင်
သီလတွင် ပါဏာတိပါတ သိက္ခာပုဒ်ကိုလုံခြုံအောင် စောင်စည်းရာ၌
သူတစ်ပါး၏ အသက်ကို မသတ်မိအောင် စောင့်ထိန်းရ၏။ ဤသည်
မှာ အကြမ်းစားစောင့်ထိန်းခြင်းဖြစ်၏။ ထို့ထက်ပို၍ စောင့်ထိန်းသော
အခါ သူတစ်ပါး မနစ်နာရအောင် စောင့်ထိန်းရ၏။ ဤသည်မှာ ဟာ
နောပါဒါန ဟူသော ဘ၀ နေနည်းတွင် ဟာနအရ မိမိဘက်က အနစ်
နာခံခြင်းဖြစ်၏။ ဥပါဒါနအရ သူ့ဘက်ကိုပံ့ပိုးသောအခါ သူတစ်ပါး
အသက်ရှည်အောင် ဆောင်ရွက်ရ၏။ အမှန်အားဖြင့်မိမိဘက်က အ
နစ်နာခံခြင်းသည်သုစရိုက်သဘောကိုဆောင်၏။ သူ့ဘက်ကိုပံ့ပိုးခြင်း
သည် ပုညကိရိယာ သဘောကိုဆောင်၏ဟူ၍ အသေးစိတ်ဖွင့်ပြခဲ့
သည်မှာ မှတ်ဖွယ် ကောင်းလှပါသည်။

မေတ္တာရှင် - ရွှေပြည်သာ
မျက်ရည်မကျခင်သိစေချင်မှ
No comments:
Post a Comment