Saturday, April 19, 2014

ခရစ်တော်သည် အရိမိတ္တေယျ ဘုရား၏ အလောင်းတော် ဖြစ်သည်ဟူသောစကား မှန်ပါသလော။ အပိုင်း - ၂


အဲဒီနောက် ယုဒမြို့မှာ ခရစ်တော် ပထမဦးဆုံး
တရားဟောခဲ့တဲ့အခါမှာ တရားနာသူတွေက ယေ
ဟိုးဝါးဘုရားသခင်ကိုယ်တော်မြတ်ရဲ့တရားတွေ မ
ဟုတ်ဘဲ ဗုဒ္ဓ ကိုယ်တော်မြတ်ဟောတဲ့ တရားတွေ
သာဖြစ်တယ်လို့ဆိုပြီး သူ့ကို ၀ိုင်းပြီး ပုတ်ခတ်ပြော
ဆိုကြတယ်။ ဂျေရုဆလင်နဲ့ ဘသာလီဟန်မြို့တွေ
မှာ ဟောပြန်တော့လဲ ဒီအတိုင်းဘဲဖြစ်ရပြန်တယ်။
သူတို့က သူဟောတဲ့တရားတွေဟာ ဘယ်လောက်
ဘဲကောင်းကောင်း တနည်းနည်းနဲ့ တိုက်ဖျက်ကာ
ရှုံ့ချပုတ်ခတ်ကြသတဲ့။

ဒီလိုအဖြစ်အပျက်နဲ့ရင်ဆိုင်ရတဲ့အခါမှာ ခရစ်တော်
ဟာ သူ့ရဲ့ဆရာ အရိယာပုတ္တမဟာထေရ်က သူ့ကို
မှာလိုက်တဲ့ ပရိယာယ်သုံးရမယ်ဆိုတဲ့စကားကို အ
မှတ်ရပြီး သူဟောတဲ့တရားဟာယေဟိုးဝါးဟောတဲ့
တရားများဖြစ်ကြောင်း၊ သူဟာ ယေဟိုးဝါးရဲ့ သား
တော်ဖြစ်ကြောင်းဖြင့် လှည့်စားပြီးပြောလိုက်သတဲ့။
အမှန်ကတော့ သူဟာ ပရိယာယ် သုံးရမယ်ဆိုတဲ့
စကားကို အဓိပ္ပာယ် ကောက်မှားပြီး ယခုလိုလှည့်
စားလိုက်ခြင်းဖြစ်တယ်။ အဲဒီလို အလှည့်စားမှား
လိုက်တဲ့ အတွက် ခရစ်တော်ဟာ လက်ဝါးကပ်
တိုင်မှာ ကပ်ပြီး ရေဟူဒီဘုန်းကြီးများနဲ့ရောမလူမျိုး
တို့ရဲ့အသတ်ခံသွားရသတဲ့။

ခရစ်တော်ဟာတန်ခိုးဗျာဒီဟာတွေကို ပြနိုင်ပေမယ့်
ရေဟူဒီလူမျိုးတွေနဲ့ ရောမလူမျိုးတွေ့ရဲ့နှိပ်စက်မှုကို
သေသည်အထိတည်ငြိမ်စွာနဲ့ ခံသွားရှာတယ်။ သူ
ဟာသူ့ရဲ့ဆရာက မှာလိုက်တဲ့အတိုင်း မည်သည့်
ဈာန်အဘိညာဉ်ကိုမျှမသုံးတဲ့ တကယ့်အာဇာနည်
ပုဂ္ဂိုလ်ပီပီ သေခြင်းတရားကိုရင်ဆိုင်သွားခဲ့တယ်။
ဒါကြောင့် ရေဟူဒီ လူမျိုးတွေဟာ ခရစ်တော်လိုသူ
တော်ကောင်းတစ်ယောက်ရဲ့အသက်ကို ရက်ရက်
စက်စက် သတ်ဖြတ်မိကြတဲ့အတွက် ယနေ့အထိ
တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးပြစရာ တိုင်းပြည်မ
ရှိဘာမရှိနဲ့ ကလေက၀ဖြစ်နေကြရတာပေါ့။

အဲဒီ ပါမောက္ခမစ္စတာဂိုးရစ်(ခ်)တွေ့ရှိထားတဲ့မှတ်
တမ်းအရ ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့
သားတော်မဟုတ်ဘူးဆိုတာ ကောင်းကောင်းလက်
ခံနိုင်ပြီမဟုတ်လား။ ဒါပေမယ့် သူက ကျွန်ုပ်သည်
ထာဝရဘုရားသခင် ယောဟိုးဝါး၏ သားတော်ဖြစ်
သည် ဟူသော စကားကိုပြောကာ ရေဟူဒီ လူမျိုး
တွေနဲ့ ဣသရေလလူမျိုးတွေကို သူ့တရားကိုလိုက်
နာကြပြီး သူ့နောက်ကိုလိုက်လာအောင်ပရိယာယ်
သုံးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဆရာတော်က နိမိတ်
ဖတ်လိုက်တဲ့အတိုင်းဘဲ သူ့ရဲ့နောက်လိုက်တွေက
သူ့ရဲ့ဟောပြောချက်တွေကို တမျိုးတဖုံ သူတို့လို
သလို ဆွဲသုံးကြပြီး ယေဟိုးဝါကိုရော၊ ခရစ်တော်
ကိုပါကိုးကွယ်ဆည်းကပ်ကြတယ်။

ကျွန်ုပ်သည် ယေဟိုးဝါထာဝရဘုရားသခင်၏ ဓမ္မ
ဟောင်းကိုပယ်ဖျက်ပြီး ဓမ္မသစ်ကိုတည်ထွင်သည်။
ကျွန်ုပ်သည် ဘုရားတန်ဆောင်းဟောင်းကို ဖြိုဖျက်
၍ဘုရားတန်ဆောင်းသစ်ကို တည်ဆောက်သည်။
ကျွန်ုပ်သည် အရေတော်ကိုလှီးဖြတ်၍ ဘာသာအ
ယူဝါဒရေးရာအရ ကင်ပွန်းတပ်သည့်ထုံးတမ်း ဓ
လေ့ကိုတည်ထွင်သည် ဟူသော ခရစ်တော်ရဲ့သုံး
ခွန်းသောစကားတို့ကို သူ့ရဲ့ နောက်လိုက်များက
မှားယွင်းတဲ့ အနက်အဓိပ္ပါယ်တွေနဲ့ ကောက်ယူခဲ့
ကြတယ်။

ဒါပေမယ့် ဒီစကားတွေကို ကြည့်ခြင်းအားဖြင့် သူ့
ရဲ့ဘာသာအယူဝါဒဟာ ယေဟိုးဝါရဲ့ဘာသာအယူ
ဝါဒနဲ့လုံးဝမတူညီကြောင်းကို အထင်အရှား သိမြင်
နိုင်ပါတယ်။ ဒါပေမယ့် ခရစ်ယာန် ဘာသာဝင်တွေ
ကဒါကို နားမလည်ကြဘူး။ သဘောမ ပေါက်ကြ
ဘူး။ခရစ်တော်ရဲ့သွန်သင် ဟောပြောချက်တွေရဲ့
အနက်အဓိပ္ပါယ်ကို နားမလည်ကြသေးဘူး။

အထက်ကဦးပဉ္ဖင်းဟောပြောခဲ့တဲ့ တကယ့်တိကျ
ဟုတ်မှန်တဲ့ သက်သေသာဓကတွေအပြင် ခရစ်
တော်ဟာ ထာဝရဘုရားသခင်ရဲ့သားတော်မဟုတ်
ကြောင်းကို နောက်ထပ် သက်သေသာဓကပြပါဦး
မယ်။ ထာဝရဘုရားသခင်ရဲ့တရားတွေနဲ့ခရစ်တော်
ဟောတဲ့တရားတွေရဲ့ခြားနားချက်တွေကို တကယ်
တမ်းစိစစ်ကြည့်တတ်ရင် ခရစ်တော်ဟာ ထာဝရ
ဘုရားသခင်ရဲ့ရန်သူ၊ တနည်းအားဖြင့် ဆန့်ကျင်
သူဖြစ်ကြောင်းကို လွယ်လင့်တကူနဲ့သိမြင်နိုင်ပါ
တယ်။

ဓမ္မဟောင်းကျမ်းစာထဲမှာ ထာဝရဘုရားသခင်က
အဗြဲဟမ်အား အကယ်၍ သင်၏မျက်လုံးကို တစုံ
တယောက်သောသူက ထိုးဖောက်၍ ယူသွားခဲ့
သည်ရှိသော် ထိုသူ၏ မျက်လုံးကိုလည်း သင်က
ထိုးဖောက်၍ယူလေ။ အကယ်၍ တစုံတယောက်
သောသူက သင်၏ နှာခေါင်းကို လှီးဖြတ်သည်ရှိ
သော် ထိုသူ၏နှာခေါင်းကို သင်ကလည်းလှီးဖြတ်
ပစ်ပါလေ.။ အကယ်၍တစုံတယောက်သောသူက
သင်၏အသက်ကိုသတ်ရန်ကြိုးပမ်းခဲ့သည်ရှိသော်
သင်ကလည်းထိုသူ၏အသက်ကိုသတ်ဖြတ်ပါလေ။
ငါကားဒေါသတရားဖြင့်ထုံအပ်သည့်ထာဝရဘုရား
သခင်တည်း။ ငါသည်သင့်အား လက်စားချေရေး
တရားအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏ ဟု
အလေးအနက်ဟောပြောတော်မူခဲ့တယ်။

ဒါပေမယ့် ကရုဏာတရားပွားများလှတဲ့ ခရစ်တော်
ကတော့
အကယ်၍ တစုံတယောက်သောသူက သင်၏ခြုံ
စောင်ကို ယူသွားခဲ့သည်ရှိသော် ထိုသူအား သင်
၏အင်္ကျီပါချွတ်၍ လှူဒါန်းပေးကမ်းပါလေ။
အကယ်၍ တစုံတယောက်သောသူက သင်၏
လက်ျာဘက်ပါးကိုရိုက်ခဲ့သည်ရှိသော် ထိုသူအား
သင်၏ လက်ဝဲဘက်ပါးကိုပါရိုက်ပါစေ။ အစစကို
သီးခံပါ။ သီးခံခြင်းသည်သာလျှင် ကုသိုလ်တရား
ကိုပွားများပေးစေနိုင်သည်။သင်၏အိမ်နီးချင်းများ
ကို သင်ကိုယ်တိုင်ချစ်ခင်သကဲ့သို့ ချစ်ခင်ပါ။ မည်
သည့် သတ္တ၀ါကိုမျှ အန္တရာယ် မပြုပါနှင့်လို့ သူ့ရဲ့
နောက်လိုက်တွေကို ဟောပြောသွန်သင်ခဲ့တယ်။

ထာဝရဘုရား ယေဟိုးဝါနဲ့ ခရစ်တော်ဟောတဲ့ ဒီ
တရားနှစ်ခုဟာ တခုနဲ့တခု စပ်ဟပ်လို့မရအောင်
ကွာခြားနေတာကို တွေ့နေရပါတယ်။ ဒါကြောင့်
ခရစ်တော်ဟာ ယေဟိုးဝါရဲ့သားတော်မဟုတ်ဘဲ
ထာဝရဘုရားယေဟိုးဝါရဲ့ရန်သူဖြစ်ကြောင်းကို
အသိဉာဏ်ရှိသူတိုင်းအထင်အရှားနားလည်သ
ဘောပေါက်နိုင်ပါတယ်။ ဒီနည်းနဲ့ ခရစ်တော်ဟာ
ထာဝရဘုရား ယေဟိုးဝါရဲ့ ဓမ္မဟောင်းကို ချိုး
ဖောက်ဖျက်စီးနိုင်ခဲ့တယ်။ အရေပြားကိုလှီးဖြတ်
ပြီးဘာသာအယူဝါဒဆိုင်ရာ ကင်ပွန်းတပ်တဲ့ ဓ
လေ့ထုံးစံကိုပယ်ဖျက်ခဲ့တယ်။

ဒီနေရာမှာ အခွင့်သင့်လို့ ခရစ်တော် ပြန်လည်ရှင်
သန်လာခြင်းဆိုတဲ့ ကိစ္စနဲ့ပတ်သတ်လို့ ဦးပဉ္ဇင်း
အကျဉ်းချုပ် သဘော နဲနဲဟောချင်ပါသေးတယ်။
ခရစ်တော်သေပြီးတတိယမြောက်နေ့မှာပြန်လည်
ရှင်သန်လာတယ်ဆိုတဲ့အဖြစ်အပျက်ကလေးက
တော့ တော်တော်ကလေးဦးနှောက်ကောင်းကောင်း
နဲ့ တီထွင်လိုက်တဲ့ ဇာတ်လမ်းကလေးတစ်ပုဒ် ဖြစ်
တယ်။ ဒီဇာတ်လမ်းလေးကိုတီထွင်လိုက်တဲ့သူက
တော့ ပြည်တန်ဆာလုပ်စားတဲ့ ပြစ်မှုနဲ့ရေဟူဒီတ
ရားရုံးက အမိန့်အရ ရေဟူဒီတွေကခဲတွေနဲ့ ၀ိုင်း
ပေါက်ခြင်းခံရတဲ့ မေရီမက်(ခ်)ဒါလီနာဆိုတဲ့အမျိုး
သမီးတစ်ယောက်ဖြစ်တယ်။

ယေဟိုးဝါသက္ကရာဇ်ဝ ၃၂၀၁ခုနှစ်မှာ ရောမလူမျိုး
ဘုရင်ခံပွန်တီယပ်(စ်)ပစ်လေးက ခရစ်တော် ကွယ်
လွန်ခြင်းနှင့်လိမ်လည်လုပ်ကြံထားသော ပြန်လည်
ရှင်လာခြင်း ဟူသော စာတန်းတစောင်ကို ထုတ်ဝေ
ခဲ့ပါတယ်။

ဘကသလဟမ်မြို့မှ မေရီ၏သား၊ အင်နာယေရှုခ
ရစ်၏မြေးသည် ယေဟိုးဝါ၏အယူဝါဒကို မထီမဲ့မြင်
သေးသိမ်ယုတ်ညံ့အောင်ပြုလျက်ရှိသည်ဟူသော
ရေဟူဒီဘုန်းကြီးများ၏ တရားစွဲဆိုချက်အရ ရောမ
လူမျိုးတို့၏ဥပဒေအရ ၄င်းအားရာဇ၀တ်ကောင်များ
ကို ကားတင်၍ ကွပ်မျက်နေကျဖြစ်သည့် ဆီနိုင်
တောင်ထိပ်ပေါ်မှ လက်ဝါးကပ်တိုင်၌ ကားတင်၍
ကွက်မျက်ပစ်လိုက်၏။ ထို့နောက် ခရစ်ယာန်ဘာ
သာဝင်တို့အား ခရစ်တော်၏အလောင်းကိုမည်သူ
မျှ တူးဖော်ရွေ့ပြောင်းခြင်းမပြုရဟု အမိန့်ထုတ်ဆင့်
ထားသော်လည်း ခရစ်ယာန်ဘာသာဝင်တို့ကတူး
ဖော်ရွေ့ပြောင်းပစ်ကြလိမ့်မည်ဟူသော ကောလ
ဟာလသတင်းဖြစ်ပွားနေသဖြင့် သူ၏အလောင်းကို
ကျောက်ဂူထဲတွင် မြှုပ်ပြီး အလွန်ကြီးမားသော
ကျောက်တုံးကြီးကို တင်ထားလေ၏။ ၄င်းအပြင်
ရောမစစ်သည်တော် ၅၀ကိုအစောင့်ချထားလေ၏။
ခရစ်တော်သည်တန်ခိုးပြာဋိဟာကိုပြနိုင်သူဖြစ်ရ
ကား ရောမလူမျိုးဘုရင်သည် သူတန်ပြန်၍ရှင်လာ
မည်ကို စိုးရိမ်လှသဖြင့် အစောင့်စစ်သားများအား
အထူးဂရုတစိုက်စောင့်ကြပ်ရန် အမိန့်ထုတ်လေ၏။
ခရစ်တော်အသက်ခံရပြီးဒုတိယည၌ မေရီမက်(ဂ်)
ဒါလီနာသည် ကခြေသည်အ၀တ်တို့ကို ၀တ်ဆင်ပြီး
ဆေးစပ်ထားသည့်အရက်နီကို ဖန်တဂေါင်းတခုတွင်
ထည့်ကာ ခရစ်တော်မြှုပ်ရာ ကျောက်ဂူအနီးသို့ချဉ်း
ကပ်လေ၏။ ရောမစစ်သည်တော်တို့က မက်(ဂ်)ဒါ
လီနာသည် ခရစ်တော်အား တကယ်တမ်းကြည်ညို
သူတယောက်ဖြစ်သည့်အကြောင်းကို၎င်း၊ခရစ်တော်
၏အလောင်းကို လာရောက်၍ယူရန်လာသည့်သူ၏
အကြောင်းကို၎င်း မသိကြသောကြောင့် သူ့အားသူ
တို့ရှေ့တွင်ကခုန်သီဆိုခွင့်ကို ပြုထားမိကြသည်။
သူသည်ဆိုရကရသည်ကို မောလာသောအခါ အ
ရက်ဖန်တကောင်းကိုဖွင့်၍ သောက်ဟန်ပြုလေ၏။
သဘာဝအလျောက်အရက်ကိုတက်မက်ကြသည့်
စစ်သည်တို့သည် မက်(ဂ်)ဒါလီနာက သူတို့အား
အရက် တကောင်းကို ပေးလျှင် ၀မ်းသာ အားရ
သောက်ကြလေ၏။ စစ်သည်တော်တိုင်း အလွန်
ပြင်းထန်သည့် ဆေးများကိုခပ်ထားသည့်မက်(ဂ်)
ဒါလီနာ၏အရက်ကို တဖန်ခွက်စီသောက်ကြလေ
၏။ မိနစ်အနည်းငယ်ကြာသောအခါ ဆေးခပ်ထား
သည့် အရက်တန်ခိုးကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး
အိပ်ပျော်ကြရာ ၃ရက်ကြာမှနိုးကြ၏။ အိပ်ပျော်နေ
စဉ်အတွင်း မက်(ဂ်)ဒါလီနာသည် ခရစ်ယာန်ဘာ
သာဝင်များကိုစုကာ ခရစ်တော်၏အလောင်းမြှုပ်နှံ
ထားသည့်ဂူပေါ်မှကျောက်စိုင်ကျောက်တုံးကြီးများ
ကို ဖယ်ရှားပစ်ကြ၍အလောင်းကိုတူးဖော်ယူကာ
အစိုးရအာဏာပိုင်များမသိသည့်နေရာသို့ တိတ်
တဆိတ်ပြောင်းရွေ့မြှုပ်နှံလိုက်ကြ၏။ နောက်နေ့
နံနက်စောစောအချိန်တွင် မေရီမက်(ဂ်)ဒါလီနာ
သည် နန်းတော်၊ တရားလွှတ်တော်၊ ဈေးနှင့်
ဇာတ်ရုံများသို့သွားရာ လမ်းလေးခွ၌ ခရစ်ယာန်
ဘာသာဝင်များစွာတို့ကို စုရုံးပြီး အိုကျွန်ုပ်တို့၏
ယေရှုသခင်အား သက်ဝင်ယုံကြည်ကြသူအချင်း
တို့ ၊ ကြည့်ကြကုန်လော့။ ယေရှုခရစ်တော်၏
ကျက်သရေ ရှိလှသော ရုပ်သဏ္ဍာန်တော်ကို ဖူး
မျှော်ကြလော့။ ကိုယ်တော်မြတ်ကား ကောင်း
ကင် ဘုံနန်းသို့ကြွမြန်းတော်မူလျက်ရှိသည်ကို
ကြည့်ကြကုန်လော့ဟု ဟစ်အော်ကြွေးကြော်ကြ
လေသည်။

ရေဟူဒီများ၊ ရောမလူမျိုးများနှင့် အခြားဘာသာ
ကိုသက်ဝင်ယုံကြည်သူတို့ကသင်၏ ခရစ်တော်
ကား အဘယ်မှာနည်း။ ခရစ်တော်သည် ကောင်း
ကင်ဘုံနန်းသို့ ကြွမြန်းလျက်ရှိသည်ဟုသင်တို့က
မည်မျှပင် ဟစ်အော်ကြွားဝါနေကြသော်လည်း ငါ
တို့သည်မမြင်ချေတကား။ သင်တို့သည်လိမ်လည်
နေခြင်းသာဖြစ်၏ ဟု ပြန်၍ပြောကြ၏။

ထိုအခါ မယ်ရီမက်(ဂ်)ဒါလီနာက
ခရစ်တော်အား ယုံကြည်ကိုးကွယ်၍ အရေပြားကို
ဖြတ်သည့် ထုံးတမ်းဓလေ့ကို မလိုက်နာမကျင့်သုံး
သူတို့သာလျှင် ခရစ်တော် ကောင်းကင်ဘုံနန်းသို့
ကြွမြန်းတော်မူသည်ကို မြင်ကြရချေမည်။ သခင်
ယေရှုကိုယ်တော်မြတ်ကို သက်ဝင်ယုံကြည်မှုမရှိ
ဘဲ သတ်ဖြတ် လုပ်ကြံကြသည့် သင်တို့ဒိဋ္ဌိများ
ကား ခရစ်တော်ကိုမြင်ကြရမည်မဟုတ်ချေ။ သင်
တို့အကယ်၍မယုံကြည်က ဆီနိုင်တောင်ထိပ်ပေါ်
သို့တက်၍ကြည့်ကြလော့။ ထာဝရဘုရားသခင်၏
တမန်တော်က သူ၏ဂူပေါ်တွင် တင်ထားသည့်ရာ
ပေါင်းများစွာသော လူများအားနှင့်မှရွေ့နိုင်သော
ကျောက်တုံးကြီးကို ရွေ့ပြီးလျှင် အစိတ်စိတ်အမြွာ
မြွာခွဲပစ်ကြသည်ကို တွေ့ကြရမည်။ ၄င်းပြင်ရောမ
စစ်သည်တော် ၅၀ကို တမန်တော်က မူးမေ့နေ
အောင် ရိုက်နှက်ထုထောင်းထားခဲ့သည်ကိုလည်း
ကြည့်ကြဦးလော့ဟု ဆိုပြန်၏။

ခရစ်ယာနဘာသာဝင်တို့က မည်မျှပင်ဟစ်အော်
ကြွေးကြော်နေကြသော်လည်း ခရစ်တော်ကောင်း
ကင်ဘုံနန်းသို့ကြွမြန်းသည်ကို မမြင်ရသည့်အစိုး
ရအဖွဲ့ အာဏာပိုင်များရေဟူဒီလူမျိုးများနှင့်ရောမ
လူမျိုးတို့သည် ဆီနိုင် တောင်ထိပ်ပေါ်သို့ တက်
ကြည့်ကြရာ ခရစ်တော်၏ ဂူပေါ်တွင်တင်ထား
သည့်ကျောက်တုံးကြီးနှင့် ခရစ်တော်၏အလောင်း
တို့ကို မတွေ့ကြရတော့ချေ.။ ၄င်းပြင် ရောမစစ်
သည်တော်တို့မှုးမေ့နေကြသည်ကို တွေ့မြင်ကြ
လေသည်။

ဤအဖြစ်အပျက်ကို ဘာတခုမျှ မသိလိုက်ကြ
သောရောမစစ်သည်တော်တို့အား ရောမအာဏာ
ပိုင်တို့ကထောင်ထဲသို့ပို့ကြ၏။ သို့ရာတွင်တတိယ
နေ့၌ရောမစစ်သည်တော်တို့သည် သတိရကြ၍
မက်(ဂ်)ဒါလီနာက သူတို့ကို အကအဆိုဖြင့်ဖျော်
ဖြေပြီးနောက် ဆေးခပ်ထားသည့်အရက်ကိုတိုက်
ကြောင်းထို့နောက်သူတို့ သတိလစ်သွားကြောင်း
ပြန်ဖြေကြလေ၏။ ဤကဲ့သို့အဖြစ်အပျက်မှန်ကို
သိကြသောအခါ ရောမအာဏာပိုင်တို့သည် မက်
(ဂ်)ဒါလီနာနှင့်တကွ ခရစ်ယာန်ဘာသာဝင်ရေဟူ
ဒီများနှင့်ဣသရေလလူမျိုးပေါင်း ၁၀၀၀ကျော်တို့
ကိုဖမ်းဆီး၍ခေါင်းဖြတ်ပစ်လိုက်ကြ၏။

ဒါဟာ တန်ခိုးပြာဋိဟာတွေ ပြနိုင်တာကတော့မှန်
ပါတယ်။ ဒါပေမယ့် လူကိုယ်တိုင်ကအသက်သေ
သွားပြီဖြစ်တော့ ဘာမှအသုံးမ၀င်တော့ဘူးပေါ့။
ခရစ်တော်ဟာလည်း အခြားသတ္တ၀ါတွေလိုဘဲသေ
ပြီးတဲ့နောက် ဘယ်နည်းနဲ့မှပြန်မရှင်နိုင်တော့ဘူးပေါ့။

ဝစ်လဆင်။ ။ တပည့်တော်တို့ တခါမျှမကြားဘူး
တဲ့ အခုဆရာတော်ဟောပြောတော်မူတဲ့ရောမဘုရင်ခံ
ပစ်လေးရဲ့မှတ်တမ်းကို ကြားရမှဘဲခရစ်တော်ဟာ တိ
ဘက်ပြည်က ဗုဒ္ဓဘာသာရဟန်းတော်တပါးရဲ့ တပည့်
သာဝကဖြစ်တဲ့အတွက်သူပြောပြတဲ့တရားတွေနဲ့ ဗုဒ္ဓရဲ့
တရားများနဲ့တူနေကြောင်းကိုသိရပါတယ်။ နောက်တစ်
ခုကတော့သူဟာအရိမိတ္တေယျဘုရားအလောင်းတော်
မဟုတ်ဘဲဆရာတော်တို့လို့ ဗုဒ္ဓဘာသာ ရဟန်းတော်
တပါးဖြစ်ကြောင်း၊ ဈာန်အဘိညာဉ်ရကြောင်းကိုလည်း
တပည့်တော် လက်ခံပါတယ်။ သူလဲဘဲ ပထ၀ီ၊ တေ
ဇော၊ ၀ါယော၊ အာပေါဆိုတဲ့ ဓာတ်လေးပါးအဆောက်
အဦးဖြစ်တဲ့အတွက် အသက်သေပြီးတဖန်မထနိုင်ဘူး
ဆိုတာလဲ တပည့်တော်ယုံကြည်ပါပြီဆရာတော်။

ဆရာတော်ဟာ ဘာသာအရပ်ရပ်နှင့်တကွ သိပ္ပံပညာ
ကိုပါ နှံ့နှံ့စပ်စပ် အသိအမြင် များတဲ့အတွက် တပည့်
တော်ကဆရာတော်ကိုကြည်ညိုပါတယ်။ ယခုဆရာ
တော်ဟောပြေတဲ့အချက်အလက်တို့ကိုလဲ တပည့်
တော် ယုံကြည်ပါတယ် ဆရာတော်။

ဤတွင်ပရိသတ်များက သာဓုအနုမောဒနာခေါ်ကြ
လေသည်။

ဗုဒ္ဓ၀ါဒပြဿနာများ

Shared from ဓမ္မစာပေများ (FB)

No comments:

Post a Comment