၂။ အသည်းရောင်ဘီပိုး စမ်းသပ်ချက်
(Effects of an Extract from Phyllanthud mixture on
hepatitis B)
Refs: လက်တွေ့အသုံးချ ဆေးဖက်ဝင်များ ပေါင်းချုပ် စာအုပ်မှ
အသည်းရောင် ဘီပိုး ဖြစ်ပွားနေသူများအား ကြက်သဟင်းမှရေဖြင့် ထုတ်ယူသောအဆီအနှစ် (Extract) တိုက်ကျွေးခြင်းဖြင့် ၃ပတ် မှ ၆ပတ် အတွင်းရောဂါသက်သာလာစေပါသည်။ အသည်းရောင်ဘီပိုး ကာကွယ်ကုသခြင်းအတွက် အသုံးဝင်သောဆေးပင်ဖြစ်ပါသည်။

၃။ အသည်းပျက်စီးမှုကို ဆန့် ကျင်ခြင်း (Anti-liver damage)
ကြက်သဟင်းပင်သည် အသည်းရောဂါ ပျက်စီးမှုကို ကာကွယ်ပေးသည်။(2007) ခုနှစ်လေ့လာမှုအရကြက်သဟင်း၏အဆီအနှစ်(Extract)ကို အသည်းပျက်စီးနေသည့် ကြွက်များအားစမ်းသပ်ရာတွင် အသည်းပုံမှန်အခြေအနေ ပြန်ဖြစ်လာကြောင်းတွေ့ရှိ ရသည်။အသည်းသစ်ရှူးများကို မိမိဘာသာမိမိပြန်လည်ပြုပြင်စေရန် ကူညီဆောင်ရွက်ပေးသော ဆေးပင်ဖြစ်ပါသည်။
Tun Tun Aung
ADMIN 1st L.D
မြန်မာ့တိုင်းရင်းဆေးGROUP
နှင့်မြန်မာ့သစ်ဥ သစ်ဖု ဆေးမြီးတိုများ GROUP
(24-2-2014)
No comments:
Post a Comment