Saturday, April 19, 2014

သကြားရည်ထဲမှ မလိုင်လုံးလေးများ







သကြားရည်ထဲမှ မလိုင်လုံးလေးများ (၁၅ လုံး)
(ကျွန်မရဲ့ ပထမစာအုပ် (လိမ္မ်ာရောင်) စာမျက်နှာ ၇၆-၇၇ မှာ ပါပြီးသားလေးပါ။)

**.. သကြားရည် အတွက် လိုအပ်တာလေးတွေ…


1. သကြား – ၁ ခွက်ခွဲ (375 ml)
2. ရေ – ၁ ခွက် (250 ml)
3. သံပရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. rose syrup – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ကျွန်မကတော့ အနံ.မကြိုက်လို. မထည့်ပါဘူး။)
5. cardamon powder(ဖာလာစေ့ အမှုန်.) – လက်ဖက်ရည်ဇွန်း တစ်ဝက်
6. saffron – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

သကြား နှင့် ရေ ကို ပင်ပေါင်ဘောလုံးအရွယ် (မလိုင်လုံးများ သကြားရည် စိမ်ပြီး ဖြစ်လာမည့် အရွယ်အစား) ၁၅ လုံးခန်ု.ဆန်.မည့် အိုးထဲ ထည့်ကာ မီးဖိုပေါ်တင်ပြီး ဆူလာလျှင် အပူရှိန်လျှော့ကာ ၅ မိနစ်ထားပါ။

ပြီးလျှင် သံပရာရည်၊ rose syrup၊ saffron နှင့် cardamom powder ထည့်မွှေပြီး သကြားရည် ဖြည်းဖြည်းချင်းပွက်နေစေနိုင်မည့် အပူရှိန်သို့ လျှော့ထားပါ (အရမ်းမြန်မြန်မပွက်ပါစေနှင့်)။

**.. မလိုင်လုံး လုံးရန်အတွက် လိုအပ်တာလေးတွေ…

1. နို.မှုန်. – ၁ ခွက် (250 ml)
2. all purpose flour - (250 ml)ခွက်ရဲ့ ၄ ပုံ ၁ ပုံ
3. ခဲနေသော ထောပတ် ထမင်းစားဇွန်း – ၂ ဇွန်း ခွဲ (ထောပတ်ပျော်နေလျှင် ထမင်းစားဇွန်း ၃ ဇွန်း)
4. နွားနို. – ထမင်းစားဇွန်း ၅ ဇွန်း
5. baking powder – လက်ဖက်ရည်ဇွန်း တစ်ဝက်
6.fine semolina(ရွှေကြည်မှုန်.) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရ) (ဆနွင်းမကင်းလုပ်တဲ့ ရွှေကြည်မှုန်. ထက် ပိုပြီးအမှုန်. ဖြစ်ရပါမယ်။)

အားလုံးကိုရောနယ်ရာတွင် milk ကိုဖြည်းဖြည်းချင်းထည့်ပါ။

မုန့်နှစ်အရမ်းပျာ့နေသည်ဟုထင်လျှင် milk ကိုအကုန်မထည့်ပဲ ချန်ထားလိုက်ပါ။ ထိုအရောအနှောကို အဖုံး ဖုံးကာ ၁၀ မိနစ်ခန်.ထား ထားပါ။ (မုန်.နှစ်က အောက်ပုံပါအတိုင်း ဖြစ်နေရပါမယ်။)

အလုံးလေးများ စလုံးရာတွင် ချက်ချင်းမလုံးသေးပဲ တစ်လုံးစာ မုန့်နှစ် ကိုယူပြီး ထောပတ်အနည်းငယ်သုတ်ထားသည့် လက်နှင့် ၁၀ ချက်ခန့်ဆုပ်ကာ နယ်ပါ။ (ကြော်သောအခါ ဆီအိုးထဲမှာ ကွဲထွက် မသွားစေရန် ဖြစ်ပါတယ်။)

ပြီးမှ လုံးပါ။

ထိုနည်းအတိုင်း အလုံးကလေး ၁၅ လုံး ရအောင် လုံးပါ။ (ဆီ အပူရှိန်စမ်းသပ်ရန် အတွက် သေးသေးလေး ၁ လုံးလောက် အပိုလုံးထားပါ)။

၇ လုံးခန်.ဆန်.သော အိုးထဲ ဆီအပြည့်နီးပါး ဖြည့်ကာ medium heat နှင့်ပူအောင်တည်ထားပါ။

ဆီပူလာလျှင် အလုံးသေးလေးတစ်လုံးစမ်းထည့်ကြည့်ပါ။

၁ မိနစ် အတွင်းအလုံးကလေးမြင့်တက်လာ လျှင်ဆီအပူရှိန်မှန် ပြီမို. မီးကို low heat သို.လျှော့ပြီး မလိုင် ၇လုံးကို တစ်လုံးချင်း ဖြည်းဖြည်း ထည့်ချပါ။

ပြီးလျှင် အပေါက်ကလေးများပါသောဇွန်း (ဇကာဇွန်း)နှင့် လိုက်မကာ လှန်ပေးပါ။

မလိုင်လုံးတော်တော်ညိုသွားလျှင် အပေါက်ကလေးများပါသောဇွန်း (ဇကာဇွန်း)နှင့် ဆယ်ပြီး ဖြည်းဖြည်းချင်းပွက်နေသည့် သကြားရည် နွေးနွေးလေးထဲ ထည့်ချပါ။

ကျန်သည့် ၈ လုံးကိုလဲ ထိုအတိုင်းဆက်လုပ်ပါ။

မလိုင်လုံးအားလုံး သကြားရည်ထဲ ထည့်ပြီးလျှင် သကြားရည်အိုးတင်ထားသော မီးဖိုကိုပိတ်ကာ အဖုံး ဖုံးထားပါ။ မိနစ် ၂၀ခန်.နေလျှင် စားလို.ရပါပြီ။

Shared from Chaw Su's Food Friends (FB)

No comments:

Post a Comment