Saturday, April 19, 2014

ကျမ်းဂန်လာသာသနာဖျက်နတ်များ


နတ်ဟုဆိုလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်
အများစုက ကိုးကွယ် ဆည်းကပ်စရာသူ
တော်ကောင်းနတ်များဟုသာ ထင်နေကြ
သည်။ တကယ်ကျတော့ သာသနာဖျက်
သူယုတ်မာနတ်များ အများအပြားရှိသည်။
သာဓကနှစ်ခုထုတ်ပြပါမည်။ ပါရာဇိကဏ်
ပါဠိတော် တတိယပါရာဇိက၊ စာမျက်နှာ
၈၆- ၈၇ တို့တွင် သာသနာဖျက် သူယုတ်
မာနတ် တစ်ယောက်အကြောင်း တွေ့ရ
ပါသည်။ မြတ်စွာဘုရား ဝေသာလီပြည်
မဟာဝုန်တောပြသာဒ်ဆောင်ပေါက်သော
ကျောင်းကြီးတွင် သီတင်းသုံး နေထိုင်စဉ်
ကပင်ဖြစ်ပါသည်။ ရဟန်းများအားခန္ဓာ
ကိုယ်ကို မတင့်မတယ်ညစ်ညမ်းဖွယ်ရာ
အဖြစ်ရှုဆင်ခြင်ရသောအသုဘကမ္မဋ္ဌာန်း
ကို ဟောကြားပြီးသော နေ့တစ်နေ့တွင်
ဆွမ်းပို့သောရဟန်းမှတစ်ပါး မည်သူ့ကိုမှ
အတွေ့မခံဘဲ တစ်ပါးတည်းတောထဲဝင်
၍ ၁၅ရက်ခန့် သီတင်းသုံးနေထိုင်တော်
မူပါသည်။

ထိုအချိန်တွင် အတိတ်ဘ၀တစ်ခုကသူ
တစ်ပါးအသက်ကိုသတ်ဖြတ်ခဲ့ကြသော
ရဟန်းငါးရာတို့သည်မိမိကိုယ်မိမိလည်း
သတ်ကြသည်။ အချင်းချင်းလည်းသတ်
ကြသည်။ ရဟန်းတို့ကိုကပ်၍ စားနေ
သော မိဂလဏ္ဍိကအမည်ရှိလူကြမ်းကြီး
ကိုလည်းပရိက္ခရာပေး၍ သတ်ခိုင်းကြ
သည်။ ရဟန်းအနည်းငယ်ကိုသတ်ပြီး
သောအခါ ၀ဂ္ဂုမုဒါမြစ်ကမ်းတွင် သန်
လျက်ကိုဆေးကြောနေသော မိဂလဏ္ဍိ
ကကြီးသည်နောင်တတရားများဝင်လာ
ကာငါတော့ရဟန်းကောင်းတွေကိုသတ်
မိပြီကြီးမား များပြားသော အကုသိုလ်
တွေကိုဆည်းပူးမိပြီ။ ငါရတဲ့ ဘ၀ကြီး
က မကောင်းတော့ပါဘူးဟု တွေးတော
ကာ စိတ်မကောင်းဖြစ်နေရှာလေသည်။

ထိုစဉ်မှပင်ရေပေါ်တွင်ရပ်လျက်သားနတ်
သား တစ်ယောက် ပေါ်လာကာ အချင်း
မိဂလဏ္ဍိက စိတ်မကောင်း ဖြစ်မနေပါနဲ့၊
သင်ဟာ များစွာသော ကုသိုလ်တွေကို
ဆည်းပူးမိပြီ၊ သံသရာက မကူးမြောက်
သေးတဲ့ရဟန်းတွေကို သင်ကကူးမြောက်
ပေးလိုက်ပြီ၊သင်ဟာလူ့ဘ၀ကိုအရတော်
သွားပြီ၊ သင်၏အလုပ်များကား ကောင်း
လေစွ၊ ကောင်းလေစွဟု အရဟန္တဃာတ
ကကံကို ကျူးလွန်မိသော မိဂလဏ္ဍိက
အားဆက်၍ကျူးလွန်မိစေရန်မြှောက်ပေး
လိုက်ပါတော့သည်။

သာသနာဖျက်နတ်၏ အားပေးမှု၊ နတ်
ဆိုလျှင်ကိုးကွယ်ရာဟုသာထင်မြင်သော
မိဂလဏ္ဍိက၏အမှားယုံကြည်မှုတို့ပေါင်း
စပ်လိုက်သောအခါ မဟာဝုန်တောကြီး
အတွင်းရှိရဟန်းငါးရာတို့၏ လည်ချောင်း
သွေးများမှ ချောင်းစီးပါတော့သည်။

အနာထပိဏ်နှင့်သာသနာဖျက်နတ်ခုဒ္ဒက
နိကာယ် ဓမ္မပဒအဋ္ဌကထာအနာထပိဏ္ဍိ
ကသေဋ္ဌိဝတ္ထုတွင်လည်း သာသနာဖျက်
နတ်တစ်ယောက်ကိုတွေ့ရပြန်သည်။
ပင်လယ်ထဲ သွားသောသူ မှန်သမျှ တစ်
ကြိမ်မဟုတ်တစ်ကြိမ် လောကဓံမုန်တိုင်း
နှင့်တွေ့ကြရသည်သာ။ ယခုလည်းဇေတ
ဝန်ကျောင်းဒကာကြီးအဖြစ်ထင်ရှားကျော်
စောလှသော အနာထပိဏ်ကျောင်းသူဋ္ဌေး
ကြီးမှာ ချေးလိုက်ရသော ၁၈ ကုဋေသော
ငွေတို့ကလည်းပြန်မရ၊ မြစ်ကမ်းပါး၌မြှုပ်
ထားသော ၁၈ကုဋေသော ငွေတို့ကလည်း
သမုဒ္ဒရာထဲ ရေတိုက်စား မျောပါသွားခြင်း
ဟူသောအကြောင်းနှစ်ခုကြောင့် ဆင်းရဲ
နေရရှာလေပြီ။

ဆွမ်းခံကြွနေကျ သံဃာတော်များကို
လည်း ဆန်ကွဲထမင်းနှင့်ပုန်းရည်ဟင်းကို
သာ လောင်းလှူနိုင်ပါတော့သည်။ ထိုအ
ခွင့်အရေးကိုယူ၍ မိစ္ဆာဒိဋ္ဌိ သာသနာဖျက်
တံခါးမုခ်စောင့်နတ်က တစ်နေ့သောအခါ
တွင် အနာထပိဏ်သူဋ္ဌေးကြီးအား ကိုယ်
ထင်ပြကာ ရတနာသုံးပါးကိုစွန့်ပြီး အလှူ
ဒါနကိုမလုပ်ဘဲနေပါက အရင်ကဲ့သို့ ချမ်း
သာအောင် မစမည် ဖြစ်ကြောင်း သွေး
ဆောင်ဖြားယောင်းပြောဆိုပါတော့သည်။
အနာထပိဏ်၏ နေရာတွင် နတ်နှင့် ဗုဒ္ဓ
ဘာသာကိုရောကြော်လုပ်ပြီး ရတနာသုံး
ပါးကိုစွန့်ပစ်ဖို့ရန် သေချာနေချေပြီ။

ဗုဒ္ဓတင်စားသော ဥပမာစကားဖြင့် ပြောရ
ပါလျှင် ဒွန်းစဏ္ဍားဥပါသကာမျိုးဖြစ်ခဲ့လျှင်
ရတနာသုံးပါးကိုဧကန်မုချစွန့်ပေလိမ့်မည်။
သို့သော်အနာထပိဏ်ကားရတနာသုံးပါးမှ
တစ်ပါး တခြားဘာကိုမှ မကိုးကွယ်သော
ဥပါသကာ ရတနာ ဖြစ်လေသောကြောင့်
ဗုဒ္ဓဘာသာစစ်စစ်အိမ်မှာမှ လာနေသော
ဘာသာခြားမိစ္ဆာဒိဋ္ဌိ သာသနာဖျက် နတ်
ယုတ်ကိုယခုကဲ့သို့ ပြောဆို နှင်ထုတ်
လိုက်ပါတော့သည်။

ဂစ္ဆ နာဟံ တာဒိသီနံ သတေနပိ သဟ
ေဿနပိ သတသဟေဿနပိ သက္ကာ
ကမ္ပေတုံ၊ အယုတ္တံ တေ ၀ုတ္တံ၊ ကိံ တ
ယာ မမ ဂေဟေ ၀သမာနာယ၊ သီဃံ
သီဃံ မေ ဃရာနိက္ခမာဟိ။

မြန်မြန် သွားလော့ ဥပသကာ ရတနာ
ဖြစ်သောငါ့ကို သင်နတ်ကဲ့သို့ ယုတ်မာ
သောသဘောရှိသော သူတို့၏ အရာ၊
အထောင် အသိန်းဖြင့်လည်း ကြောက်
လန့်တုန်လှုပ်စေခြင်းငှါ မတတ်နိုင်။ သင်
သည် ဗုဒ္ဓဘာသာတို့၏ နားနှင့် မသင့်
သော စကားတို့ကို ပြောဆို၏။ ပါ၏အိမ်
၌ သင်နေခြင်းဖြင့် ဘာမှအကျိုးမရှိ လျင်
လျင်မြန်မြန်ငါ့အိမ်မှ ထွက်သွားလော.။

အနာထပိဏ်ကို ဥပါသကာဒွန်းစဏ္ဍား
အမှတ်နှင့်ဆွဲဆောင်ခဲ့သော အိမ်စောင့်
နတ်မှာ မိမိသည်သာလျှင် အိမ်မှနှင်
ထုတ်ခံရပြီး သားငယ် သမီးငယ်တို့ကို
လက်ဆွဲကာ သာဝတ္ထိမြို့ထဲတွင်နေစရာ
ရှာရင်း တ၀ဲလည်လည်ဖြစ်နေပါတော့
သည်။ ဥပါသကာရတနာ၏စကားတစ်
ခွန်းကို နတ်ကပင်မပါယ်မရှားလိုက်နာ
ရသည်ကို ဤနေရာ၌စာရှုသူများအတု
ယူကြရပါမည်။ ဘယ်လိုမှ နေစရာရှာ
မရသည့်အဆုံးတွင် သာဝတ္ထိမြို့စောင့်
နတ်ကြီးထံသွားပြီး အကူအညီတောင်း
ရသည်။

မြို့စောင့်နတ်ကြီးကလည်း အနာထပိဏ်
သူဋ္ဌေးကြီးကို လိုက်ပြီးပြောမပေးရဲချေ။
တဖန်စတုမဟာရာဇ်နတ်မင်းကြီးလေးပါး
ကို အကူအညီတောင်းကြည့်သော်လည်း
တစ်ပါးမှအနာထပိဏ်သူဋ္ဌေးကြီးကိုလိုက်
လိုက်ပြောမပေးရဲကြ။ နောက်ဆုံးတွင်နတ်
တို့ဘုရင်သိကြားမင်းထံသွားကာအသနား
ခံရပါတော့သည်။ ထိုအခါ သိကြားမင်းက

သင်သည် မိုက်မဲလေစွ၊ မြတ်စွာဘုရား၏
သာဝကအရင်းကိုမှ သွားပြီးဖျက်စီးလေ
တယ်။ ငါလည်းသင့်ကို အနာထပိဏ်သူဋ္ဌေး
ကြီးက ပြန်လက်ခံအောင်တော့တာဝန်မယူ
နိုင်။ သို့သော် လက်ခံနိုင်မည့် အကြံတစ်ခု
ကိုတော့ ပေးလိုက်မည်။ သူဋ္ဌေးကြီးထံမှ
ချေးထားသော ၁၈ကုဋေသော ငွေအသပြာ
များကို ပြန်ဆပ်ကြအောင် သင့်ရဲ့တန်ခိုးနဲ့
ဆောင်ရွက်ပါ။ သမုဒ္ဒရာထဲမျောပါသွားကြ
တဲ့ ၁၈ကုဋေသောရွှေငွေများကိုလည်းပြန်
ရအောင်လုပ်ပြီး သူဋ္ဌေးကြီးရဲ့ ဘဏ္ဍာတိုက်
ထဲရောက်အောင်ထည့်ပေးပါ။ အဲဒီအပြစ်
ဒဏ်နှစ်ခုလုံးထမ်းဆောင်ပြီးတဲ့အခါကျမှ
ရတနာသုံးပါးကို ဘယ်တော့မှ မပုတ်ခတ်
မဖျက်စီးပါဘူးဆိုတဲ့ ကတိကိုပေးပြီးပြန်နေ
ခွင့်တောင်းပါ။

သိကြားမင်းအကြံပေးချက်အတိုင်း ဆောင်
ရွက်တော့မှသာလျှင် အိမ်စောင့်နတ်မှာ
အနာထပိဏ်သူဋ္ဌေးကြီးအိမ်တွင် ပြန်လည်
နေခွင့်ရသွားပါသည်။ အိမ်မှာနေသောနတ်
ကိုပင် နှင်ထုတ်နိုင်လောက်အောင် လူသား
တို့၌ ဘယ်လိုအစွမ်းသတ္တိတွေများရှိနေပါ
သလဲဟု စာရှုသူများတွေးမိပေလိမ့်မည်။

ရဲရင့်ခြင်းသူရတရား၊ အောက်မေ့ဆင်ခြင်
နိုင်ခြင်းတရား၊ မြတ်သောအကျင့်ကိုကျင့်
သုံးနိုင်ခြင်း ဗြဟ္မစရိယာတရား။ ဤသုံးပါး
တို့ဖြင့် နတ်တို့ထက် သာလွန် မြင့်မြတ်
ကြောင်း ဟောကြားတော်မူပါသည်။

မေတ္တာရှင်-ရွှေပြည်သာ
မျက်ရည်မကျခင်သိစေချင်မှ

No comments:

Post a Comment