Thursday, April 24, 2014

မိမိ၏စိတ်ကို စောင့်ရှောက်ခြင်း


♦ဗုဒ္ဓဓမ္မစာပေများနှင့်
အသိအလိမ္မာ ဉာဏ်ပညာကို
ပေးစွမ်းနိုင်သော စာကောင်းပေမွန်များကို
ဖတ်ရှုခြင်းသည်လည်း မိမိ၏ စိတ်ကို
စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။

♦မကောင်းတဲ့ အာရုံများနှင့် မကြုံတွေ့အောင်
ကြိုတင်ရှောင်ရှားသော နေနည်းသည်လည်း
မိမိစိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။

♦မကောင်းတဲ့ အာရုံများ စိတ်ထဲဝင်လာလျှင်
ဝင်လာချင်း ရတနာသုံးပါး အပေါ်ကို
အာရုံပြောင်းသောနည်းသည်လည်း
မိမိ၏စိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။

♦မလွှဲမရှောင်သာ စိတ်ဆိုးစိတ်ပျက်
ဒေါသထွက်စရာများနှင့် ကြုံလာလျှင်
လွန်လွန်ကဲကဲ မပေါက်ကွဲအောင်
ထိန်းထိန်းသိမ်းသိမ်းနေမည်ဟု
ကြိုတင်ဆုံးဖြတ်ထားခြင်းသည်လည်း
မိမိ၏ စိတ်ကို စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။

-(ပေါက်မြိုင် ဆရာတော်ဘုရားကြီး)
[စံတော်ချိန် သတင်းစာ]

Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment