အကုသုလ်ရှိလို့ဆင်းရဲတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ် လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာနှင်းဆီပွင့်စိုက်ထားလို့ ၊ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကပ်ပြား)ရှိလို့ ဈေးရောင်းကောင်းတာလို့စုံဂဏန်း၊ မဂဏန်း၊ (၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင်ဗြဟ္မဏ၀ါဒ။ ၀ိရီယ၊ ဥာဏ်ယှဉ်၊ စေတနာ၊ မေတ္တာထားပြီး ရောင်းလို့ဈေးရောင်းကောင်းတယ် ကုသိုလ်က ကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓ၀ါဒ။
---------------------------
---------------------------
ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည် ထွက်ရပ်ပေါက်အသေထွက်၊ အရှင်ထွက်ပုဂ္ဂိုလ်ဆိုသူကို
လည်း ကိုးကွယ်ကြသည်။အခြေခံအားဖြင့် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြ နိုင်ဖွယ်ရှိသည်။
ထိုသေလေးပါး၊ ရှင်လေးပါးမှာ `သဗ္ဗေသင်္ခါရာ အနိစ္စာ´ ဟု ခံယူသောထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီကြောင်း၊ နိဗ္ဗာန်စံသူများသည် သုခ၀တီဘုံ၌ ထာဝရပျော်စံနေသည်ဟုယူဆသော မဟာယန နှင့်မူ နီးစပ်လျက်ရှိကြောင်း ထေရ၀ါဒဗုဒ္ဓဘာသာနှင့်မကိုက်ညီကြောင်းမြဲသောအတ္တရှိသည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်း ထေရ၀ါဒီ သုတေသီများက မှတ်ချက် ပြုကြသည်။
မြတ်ဗုဒ္ဓ ငါဘုရားရဲ့သသာနာမှာမဂ္ဂင် ၈ ပါး သစ္စာ ၄ပါးကျင့်တရားတွေကိုကျင့်ပြီးတော့ နေမယ် ဆိုရင်ရဟန္တာတွေရှိနေအုံးမှာပဲ သသာနာလည်းရဟန္တာ မဆိတ်သုန်းသမျှ ငါဘုရားရဲ့သသာနာရှိနေဦးမယ် သို့ သော် ငါဘုရားရဲ့ သာသနာမှာ အသက်တမ်းအားဖြင့် ၁၆၀ထက်ပို့ပြီးတော့မရှိဘူး ၁၆၀ ထက်ကျော်လွန် သွားတဲ့သူရှိနေရင် ရှိရင် အဲဒီပဂ္ဂိုလ်ဟာ ငါဘုရားရဲ့သသာနာတွင်းသားမဟုတ်ဘူး ငါဘုရားသသာနာဝင်မဟုတ် ဘူးလို့ဟောကြား တော်မူခဲ့ပါပေတယ်။ "
မြတ်ဗုဒ္ဓသာသနာကိုတကယ်ကြည်ညိုလေးစားကိုးကွယ်တယ်ဆိုပါလျှင် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်အောင်ကြီုးစားပြီးတော့သာသနာကိုထောက်ပံ့နိုင်တဲ့သူများဖြစ်အောင် ကြီုးစားပြီး တော့နေထိုင်ကြပါလို့တိုက်တွန်းအပ်ပါသည်။
Shared from ဘုရားအကြိုက်ဆုံး ပူဇော်နည်း (FB)
No comments:
Post a Comment