Saturday, April 19, 2014

ရွှေဘုန်း ပြောပြတဲ့ ထမင်းတစ်နပ်ရဲ့ အတွေ့အကြုံ


https://www.facebook.com/World0fWisdom

ဆရာတော် ငယ်ငယ်တုန်းကပေါ့၊ ကြက်သားဟင်းဆို မတတ်နိုင်လို့ မစားရဘူး။
ရွာက လူကြီးတစ်ယောက်က လုပ်အားပေးခေါ်လို့ ဝင်လုပ်တော့ ကြက်သားဟင်းနဲ့ ထမင်းကျွေးလို့ စားရတာ ဘယ်တော့မှ မမေ့နိုင်အောင်ဖြစ်တယ်။
နောက်တစ်ရက်လည်း အလုပ်ကူပြီး စားရမလားဆိုပြီးသွားတော့ အလုပ်မရှိတော့လို့ မစားရတော့ဘူး။

ဒါလေးကို ဆရာတော် အမြဲအမှတ်ရတော့ ဒီရွာကလေးတွေမှာရှိတဲ့ ချို့တဲ့ တဲ့ကလေးတွေကို တစ်လမှာ တစ်ကြိမ်ဖြစ်ဖြစ် တစ်နှစ်မှာတစ်ကြိမ်ဖြစ် ကျွေးနိုင်ရင်ကောင်းမှာပဲဆိုပြီး အာဟာဒါန အစီအစဉ်ကို စတင်ဖြစ်ခဲ့တာပါ။
အရင်ကဆို ရွာမှာ ရထားတဲ့ ကန်တော့ငွေတွေနဲ့ ဖရဲသီးပဲတတ်နိုင်ရင် ဖရဲသီးပဲ ဝယ်ပြီးကျွေးဖြစ်တယ်။ ဒီလိုနဲ့ပဲ စတင်ဖြစ်ခဲ့တာပါ။

ဒီတော့ ကိုယ်တတ်နိုင်သလောက်လေးနဲ့ တစ်ဦးတည်းဖြစ်စေ စုပေါင်းပြီးဖြစ်စေ အာဟာရဒါနကို ပါဝင်ကာလှူဒါန်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်းနဲ့ လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ရန် ဆရာတော်နှင့် အကျိုးဆောင်များရဲ့ ဖုန်းနံပါတ်ကို Share ပေးလိုက်ပါတယ်။

စေတနာပန်းခင်း ဆရာတော် - ၂၅၀ ၅၈၈၀ ၈၄
ဆရာမ (ခမှောက်စု) - ၄၉ ၅၉ ၀ ၃၆၅
မနှင်း ရန်ကုန် - ၂၅၀၀ ၈၂၀ ၄၉

( D-eXistence - 8.April.2014)

No comments:

Post a Comment