Saturday, April 19, 2014

့ဝိပသာနာပွားတယ်ဆိုတာ


ကိလေသာတရားတွေကိုကုန်အောင်လုပ်နေတာပါ။ရှုပွားနေတိုင်းကုန်နေပါတယ်။ ဘယ်နေ့ဘယ်ရက်ကဘယ်လောက်ကုန်သွားတယ်ဆိုတာကိုတော့ ပြောလို့မရပါဘူး။ ရှုပွားတိုင်းကိလေသာတွေ ကုန်ကုန်နေတာကတော့အမှန်ပါ။
ဒါကြောင့် ဝိပသာနာတရားကို နေ့စဉ်ပွားများနေရမယ်။ နေ့စဉ်ဆိုတာက တစ်နေ့တစ်နာရီ၊ နာရီဝက် ဒီလိုရှုမှတ်ပွားများတာကို ပြောတာပါ။
နေစဉ်ဆိုတာက စီးပွားရေးရောင်းဝယ်ဖောက်ကားလုပ်နေရင်း သွားနေရင်း၊ စားနေရင်း၊ မြင်ခိုက်၊ ကြားခိုက်၊ နံခိုက်၊ စားခိုက်၊ ထိခိုက်၊ တွေးကြံခိုက်မှာ့ ဝိပသာနာပွားတာကိုပြောတာပါ။
ဒီလိုသာသတိလေးထားပြီး ရှုပွားနေမယ်ဆိုရင် အိမ်ထဲမှာအိမ်မှုကိစ္စတွေ လုပ်ရင်း လေးမဂ်လေးဖိုလ်ရပြီး ရဟန္တာ ဖြစ်သွားနိုင်ပါတယ်။”

“ လူ့ဘုံကိုပါရမီဆည်းပူးတဲ့ဘုံလို့မမြင်ပဲ ကာမဂုဏ်ခံစားရတဲ့ဘုံလို့သာ အမြင်ကျဉ်းနေသ၍ နိဗ္ဗာန်နဲ့ဝေးနေကြဦးမှာပါ။”

“ ဗုဒ္ဓကတိုက်တာ ခြံမြေ ဇနီးခင်ပွန်း သားသမီး မြေးမြစ်တွေကို စွန့်လို့ပြောတာမဟုတ်ဘူး။ ဒီအာရုံတွေအပေါ်မှာ စွဲလမ်းတက်မက်တဲ့ လောဘကိုသာစွန့်ခိုင်းတာပါ။ ”

ရဝေနွယ်(အင်းမ)။

No comments:

Post a Comment