ဘုန်းကြီးက ဗုဒ္ဓဘာသာ ထေရ၀ါဒ အယူ၏ နက်နဲ မှန်ကန်ပုံကို အားလုံး
နားလည်အောင် ရှင်းလင်း ဟောပြပါမယ်။
ယခုခေတ်မှာ ထေရ၀ါဒဆိုတဲ့ စကား ထင်ရှားလာတယ်။ သတင်းစာများ၊
ရေဒီယိုများ၊ ဟောပြောချက်များမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုတာ တွင်
ကျယ်လာတယ်။ထေရ၀ါဒနဲ့ပတ်သတ်တဲ့ ကျောင်းတွေလဲ ပေါ်ပေါက်လာ
တယ်။ ဒီကျောင်းတွေက ဗုဒ္ဓဘာသာ အယူအဆတွေနဲ့ပတ်သတ်ပြီး ကွဲပြားတဲ့အယူအဆတွေကို နှိုင်းယှဉ်ပြသပြီး မိမိ ကိုယ်ပိုင်ဉာဏ်နဲ့ နှိုင်းချိန် စဉ်းစားနိုင်အောင် အားပေးပါလိမ့်မယ်။ အချို့လူမျိုးများက ဒီကျောင်းများကို တက်ချင်ကြတယ်။ ဒါပေမယ့် သူတို့ကဘာ
သာအယူပြောင်းအောင် သင်ကြ လိမ့်မယ် ယူဆပြီး ကျောင်းမတက်ရဲတဲ့ သူတွေလဲ ပါနေတော့ကျောင်းတက်ရမှာ မ၀ံ့မရဲ ဖြစ်နေကြတယ်။ နောက်တော့ သမုဒ္ဒရာရေနဲ့နှိုင်းချိန်ပြီးပြောပြရတယ်။ အမျိုးမျိုးသော မြစ် ချောင်း အင်း အိုင်က စီးဆင်းလာတဲ့ ရေအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ အနံ့အမျိုးမျိုးဟာ ပင်လယ် သမုဒ္ဒရာမှာ ၀င်ပြီးတဲ့အခါတစ်ခုတည်းသော အရောင် တစ်ခု တည်းသောအရသာ ဖြစ်သွားတာပဲ။ ဒီတော့ မြန်မာပြည်က အခုဖွင့်တဲ့ နိုင်ငံတကာ တက္ကသိုလ်တွေဟာလဲ အယူဝါဒပေါင်းစုံပါဝင် တက်ရောက် နိုင်ပါတယ်။ ဒီကျောင်းတက် ဒီအယူဝါဒတွေ ဆိုတာတွေဟာလဲအယူဝါဒပေါင်းစုံပါဝင်တက်
ရောက်နိုင်ပါတယ်။ ဒီကျောင်းတက် ဒီအယူဝါဒဆိုတာတွေ မတိုက်တွန်းပါ။ ရှင်းပြတော့မှကျေနပ်ပြီးကျောင်းဝင်ပြီး
သင်ကြားကြပါတယ်။
ဘုန်းကြီးကမဟာသတိပဋ္ဌာန်ကိုသင်ပြတယ်။ သူတို့ကကောင်းစွာ နားထောင်ပြီးတော့ ဒီစာတွေဟာဘုရားဟောတာပဲလား။ နောက်မှ ပညာရှိတွေ တီထွင်ထားတာတွေလားတဲ့။ မေးကြတယ်။
ဘုန်းကြီးက ကုရုတိုင်း ကမ္မာသနိဂုံးမှာ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားတော်မူတဲ့အတိုင်း ဖြစ်ကြောင်း၊ အဲဒီဓမ္မကို ညီတော် အာနန္ဒာက ဧ၀ံမေသုတံ ဒီလိုမှတ်သားနာယူဖူးရတယ်ဆိုပြီး ပြန်ပြောထားတဲ့အတိုင်းအလွတ်ရွတ်ဆို ပြလိုက်တယ်။ အဲဒီ ကျောင်းသားတွေကအလွတ်ဆိုတာကို တအံ့တသြ ငေးကြည့်ကြတယ်။ သူတို့က ကြားဖူးနားဝ ဖတ်ဖူးရုံရှိချင်ရှိမယ်။ ဘုန်းကြီးက စာအုပ်ကို ဟန်လုပ်ပြီး ကိုင်ထားတာပါ။ ငယ်ငယ်က ကျက်ထားတဲ့ အတိုင်း
မထစ်မငေါ့ ရွတ်လိုက်တော့ ဘုန်းကြီးခေါင်းထဲ ကွန်ပျူတာများ ထည့်ထား
ထင်ပါရဲ့နဲ့ပေါ့။
အဲဒီလို အစပြု ပြောဆိုပြီးတော့ ဗုဒ္ဓ တရားတော်တွေကို ထပ်ပြီး မှန်ကန်
အောင်တိုက်ဆိုင်ညှိနှိုင်း ရွတ်ဆိုကြတာ ပြောပြရတယ်။ သူတို့ နားလည် လွယ်အောင် သံဃာ့ကွန်ဗင်းရှင်းလုပ်ကြတာလို့ ပြောပြရတယ်။ သူတို့သိချင်တာကိုလဲ အများကြီးမေးကြတယ်။ သင်္ဂါယနာ ဘယ်မှာ လုပ်တာလဲ။ ဘယ်သူတွေက ကြီးကြပ် ဆောင်ရွက်တာလဲ။ ဘယ်သူ
တွေ ပါသလဲ၊ ဘာတွေဆုံးဖြတ်ကြတာလဲ စသည်ပေါ့လေ။
ပထမဆုံးသင်္ဂါယနာ ဗုဒ္ဓမရှိတဲ့နောက် သုံးလအကြာမှာ ကျင်းပတယ်။ ရဟန္တာအရှင်မြတ် ၅၀၀ တက်ရောက်ကြတယ်။ အရှင်မဟာကဿပက ဥက္ကဋ္ဌပြုလုပ် စိစစ်ပြီးနောက် အရှင်အာနန္ဒာက သုတ္တန်နဲ့ အဘိဓမ္မာကို တာဝန်ယူဖြေကြားရွတ်ဆိုတယ်။ အရှင်ဥပါလိမထေရ်က၀ိနည်း
ဖက်ဆိုင်ရာကို တာဝန်ယူ ရွတ်ဆို ဖြေကြားတယ်။ ဒါကို ရှင်ဥပါလိနဲ့ ရှင်အာနန္ဒာတို့က သံပြိုင်ရွတ်ဆိုပြီး သံဃာထုပရိသတ်ကိုသဘော တူ မတူ ဆန္ဒယူတယ်။ အားလုံး သဘောတူထောက်ခံပြီးမှ အတည်ပြုပြဋ္ဌာန်းတယ်။ ဒီလို ပြုလုပ်ခြင်းဟာ ယခုကမ္ဘာမှာ ဗုဒ္ဓဘာသာ
အမည်ခံနေတဲ့ တိဘက်၊ တရုတ်၊ ဂျပန်၊ မွန်ဂိုလီးယား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နာမ်စသည့် ဘယ်နိုင်ငံမှာမှမရှိ။ ထေရ၀ါဒဘာသာ မှန်ကိုယူတဲ့နိုင်ငံများမှာသာရှိတယ်။ မြတ်စွာဘုရားက-
ဘာသယေ ဇောတယေ ဓမ္မံ၊
ပဂ္ဂဏှေ ဣသိနံ ဓဇံ။
သုဘာသိတဒ္ဓဇာ ဣသယော၊
ဓမ္မောဟိ ဣတိနံ ဓဇော လို့ အသီတိ နိပါတ် မဟာသုတသောမဇာတ်မှာထင်ရှားစွာဟောကြားတော်မူခဲ့တယ်။
ဣသယော ၊ ရဟန်းတော်အပေါင်းသည်။ သုဘာသိတဒ္ဓဇာ၊ ဓမ္မကိုကောင်းစွာဟောခြင်းဖြင့်အောင်လံ တလူလူ လွှင့်တော်မူကြကုန်ရာ၏။ ဓမ္မံ၊ဓမ္မကို။ ဘာသယေ၊ ဟောကြားတော်မူရာ၏။ ဇောတယေ၊ ထွန်းတောက်အောင် ဆောင်ရွက်တော်မူရာ၏။ ဣသိနံ ဓဇံ၊ ရဟန်းတော်တို့၏အောင်လံ
ကို၊ ပဂ္ဂဏှေယျာထ၊ စိုက်ထူတော်မူကြကုန်ရာ၏။
ဒီနေရာမှာ ဘုန်းကြီးသတိပေးချင်တာက ဓမ္မကို ဓမ္မလို့ပဲ ခေါ်ပါ။ ဗုဒ္ဓ၊ ဓမ္မ၊ နိဗ္ဗာန်ဆိုတာ ပါဠိတော်အတိုင်း ထားပါ။ တခြားဘာသာနဲ့ဖလှယ်လို့ ဘာသာပြန်လို့ အဓိပ္ပာယ်မပြည့်စုံဘူး။ မတိကျဘူး။ အခု ဓမ္မသည် ရဟန္တာတို့၏ အောင်လံဆိုတာထင်ရှားပြီနော်။ ဓမ္မောဟိ ဣသိနံ ဓဇော၊
ရဟန်းတော်တို့ဟာ ဓမ္မကိုဟောပြောနေကြလျှင် ရဟန်းတော်တို့ရဲ့ အောင်လံဟာ မလဲဘူး။ အမြဲပဲတလူလူလွင့်နေ၊ထင်ရှားနေမှာပဲ။
ဒီဓမ္မနဲ့ ပတ်သတ်လို့ အမေရိကားမှ ကြုံလာခဲ့တဲ့ ဖြစ်ရပ်ကလေး တစ်ခုပြောပြရဦးမယ်။ မူလတန်း ၁၃၊ ၁၄၊ ၁၅နှစ် သမားလေးတွေ ဗုဒ္ဓဘာသာတရား လေ့လာတဲ့သဘောနဲ့ လက်ချာပေး တရားဟောဖို့
ဖိတ်ကြား တောင်းပန်ကြတယ်။
အဲဒီ အချိန်က Colorado ပြည်နယ်က မူလတန်းကျောင်းတစ်ကျောင်းမှာ ကျောင်းသားငယ်တစ်ယောက်ကစက်သေနတ်ကိုင် အတန်းထဲဝင်လာပြီး လျှောက်ပစ်တာအပြစ်မဲ့ ကျောင်းသား ၁၅ ယောက် သေတယ်။
ဒဏ်ရာရကြတာတွေလဲအများကြီး။ အမေရိကမှာ ဒီကိစ္စမျိုး ခဏခဏကြုံရ၊ ကြားသိနေရတယ်။ အတော်ကြီးကျယ်တဲ့အမှုကြီး
ပေါ့။ သတင်းစာ၊ ရေဒီယို၊ တီဗွီ၊ စာအုပ်မျိုးစုံမှာ မျက်နှာဖုံး သတင်းဓါတ်ပုံကြီးတွေနဲ့ပေါ့။ အဲဒီကလေးကို ပလိပ်က ဖမ်းပြီးတော့ စစ်ဆေးတယ်။
မင်းဘာဖြစ်လို့ ဒီလိုလုပ်တာလဲ။
ဘာမှမဖြစ်ဘူး။
ဘာရည်ရွယ်ချက်နဲ့ဒီလိုလုပ်တာလဲ။
နာမည်ကြီးချင်လို့။
သူပြောတဲ့စကားက Crime is the way to Fame ဒီလို ကြီးကြီးကျယ်ကျယ် တစ်ခုလုပ်လိုက်ရင်နေ့ချင်းညချင်း နာမည်ကြီးမယ်။
တစ်ပြည်လုံး တစ်နယ်လုံး၊ တစ်ကမ္ဘာလုံး ကျော်ကြားမယ်တဲ့။
ဒါ မင်းတို့အားလုံး ကြားသိကြတယ် မဟုတ်လား။
အားလုံးသိကြပါတယ်။
နာမည်ကြီးချင်ရင်ဒီနည်းပဲရှိသလား။ ဒီနည်းနဲ့ နာမည်ကြီးတာဟာ ကောင်းသလား။ ကောင်းတဲ့ ကိစ္စ ပြုလုပ်ပြီး နာမည်ကြီးရင် ပိုမကောင်းဘူးလား။
ကောင်းပါတယ်။
အဲဒီတော့ ဘယ်နည်းနဲ့ ကြီးတာ ရွေးချယ်မလဲ။
ကောင်းတဲ့နည်းနဲ့ရွေးချယ်တာ ရွေးပါ့မယ်။
အဲဒါလိုရင်းအချက်ဘဲ။ မင်းတို့ကိုငါဟောပြောနေတာဟာ မင်းတို့ကို ဗုဒ္ဓဘာသာထဲ သွတ်သွင်းဖို့ဖြားယောင်းနေတာ။ ဟောနေတာ မဟုတ်ဘူး။ လူတော်လူကောင်းဖြစ်ဖို့ နည်းလမ်းပေးဖို့ပဲ။
အဲဒီလို စဟောလိုက်တော့ ကျောင်းသားလေးတွေ အနားတိုးလာပြီး ပိုပြီးစိတ်ဝင်စားလာကြတယ်။ သေသေချာချာ ဂရုစိုက်နားထောင်ကြ
တယ်။ အဲဒီမှာ စိတ်စူးစိုက်ပြီး နားထောင်ကြတော့တာပဲ။ ဘုန်းကြီးက တိုတိုပဲပြောပါတယ်။ အရေးအကြီးဆုံးတရား သဗ္ဗပါပဿအကရဏံ
ဟောလိုက်တာပေါ့။ အဲဒါကို သူတို့ သဘောပေါက်မဲ့ ဥပမာ ဥပမေယျတွေနဲ့ ငါးပါးသီလဖက် တဖြည်းဖြည်း ဆွဲဟောလာခဲ့တော့ အတော်ကျေနပ်ကြတယ်။ ကျောင်းသားလေးတွေဟာ တပြုံးပြုံးနဲ့ ဘုန်းကြီးနား ကပ်ပြီးတော့ သူတို့ထုံးစံအတိုင်း ဖက်ရမ်းပြီး ဆုတ်ကိုင်ထားကြ၊ အားရ၀မ်းသာ မိတ်ဖွဲ့ကြတယ်။ အဲဒါ ကလေး
တရားပွဲရဲ့အတွေ့အကြုံကိုပြောပြတာ။ သူတို့မှာဟန်ဆောင်မှု ပရိယာယ်မရှိဘူး။ မိတ်ဆွေရင်းဆွေမျိုးတစ်ဦးကိုတွေ့ရသလို ၀ိုင်းဖက်ကြတယ်။ ဘုန်းကြီးလည်း ကလေးတရားပွဲမှာ တော်တော် ပျော်ရွှင် အားရခဲ့တယ်။
သီတဂူဆရာတော် အရှင်ဉာဏိဿရ
မြတ်မင်္ဂလာ၊ အတွဲ ၁၆၊ အမှတ် ၆။
No comments:
Post a Comment