ပီတိနှင့် မြူး ၊ လူတိုင်း ရူး၏။
ဘီလူးပုံမျိုး ၊ ကိုယ့်ရုပ်ဆိုးလည်း
မိုးလေမမြင် ၊ လှတယ်ထင်၏။
နတ်သွင်တမျှ ၊ ရုပ်ဆင်းလှက
လက်မ ထောင်ပြ ၊ ပိုရူးကြ၏။
အရေပြားကို ၊ အလှ ဆိုကြ
အရေပြားတွင် ၊ အလှ ထင်ကြ
မျက်မြင်လောက ၊ သဘာဝတည်း။
အရေပြားအောက် ၊ ဖုံး၍ပျောက်သည့်
သိပ်ကြောက်စရာ ၊ ဒိဋ္ဌိ ငါကြောင့်
လူမှာ အမြင် လွဲရသည်။
ကိုယ်ထဲမှာရှိ ၊ မျိုးဒိဋ္ဌိဖြင့်
ကြည့်၍ ငါလှ ၊ သူ မလှဟု
လောကလူ့ရွာ ၊ ပြောဆိုပါ၏။
ငါလှ သူလှ ၊ ငြင်းခုံကြသည့်
မတူ ဝါဒ ၊ လူ ဟူသမျှတို့
အလှဟူသည် အဘယ်နည်း ? ။ ။
ကျော်မိုး ( စကားဝါမြေ )
၃၊၇၊၂၀၁၃(ဗုဒ္ဓဟူးနေ့)
No comments:
Post a Comment