*အေးဆေးတည်ငြိမ်တဲ့ အပြုံးလေးနဲ့
အမုန်းများစွာကို ဆုံးပါးစေသူ...
*ချိုသာတဲ့ စကားသံတွေက
သူ့နှလုံးသားရဲ့  ရိုက်ခတ်သံတွေပေါ့...
*တည်ကြည်မှုအပြည့်ရှိတဲ့ သူ့စရိုက်ကြောင့်
အထာမကျ မသိသူတွေက
*မာနရှိသူလို့ ထင်ကြတယ်...
*ရိုင်းစိုင်းနေတဲ့ ကျားအထောင်ကို
အမှားမဆောင်ဘဲ နားထောင်နိုင်အောင်
*သူ့ရင်တွင်းဓါတ်က အစဉ်အလင်းလျှပ်သလို
ချဉ်ခြင်းတပ်စွာနဲ့ စွမ်းဆောင်နိုင်တယ်...
*ထက်မြတဲ့ ရည်မှန်းချက်တွေကလဲ
အတ္တထက် ကျော်လွန်
*ပရဘက် တော်ပွန်ကာ
မှော်ကျွံစွာ တည်ဆောက်....
*လောကကြီးတစ်ခုလုံး
အပြုံးမိုးတွေ ရွာချပြီး
*ငြိမ်းချမ်းရေပန်းတွေကို ပွင့်
စိမ်းလမ်းခြင်းအနမ်းတွေကို ဖွင့် ဖို့အတွက်
*သူ့ရင်ဘတ်ထဲမှာ
ခိုင် မှ ခိုင်...
*မုန်းတိုင်းထန်တဲ့ ည
အလင်းရောင်ဆို လျှပ်ပြက်တာပဲ မြင်ရတယ်
*ဆုံးဖြတ်ခဲ့တဲ့ တစုံတရာအတွက်
နောက်ပြန်မဆုတ်တဲ့ စိတ်နဲ့
*ခါးသက်တဲ့လမ်းတွေ လျှောက်
ကြမ်းတမ်းတဲ့ ခရီးတွေ ဖောက်ရင်း
*နောက်ဆုံး...
လန်းဆန်းတဲ့ ပန်းတွေ ကောက်ဖို့
*အခု အဆင်သင့်ဖြစ်နေလေသူ...
*ဖြူစင်တဲ့ သူ့နှလုံးသားကို
ခြူချင်တဲ့သူတွေကလဲ ၀ိုင်းလို့ပေါ့...
*နှိုင်းမရတဲ့ အလိုက်သိမှုတွေကြောင့်
အသိတစ်ရက် ကျွမ်းဝင်လိုက်ရင်
*ယတိပြတ်ပေါင်းချင် သူတွေက
ရင်ဘတ်တွေထဲ မှာအထပ်ထပ်ရွတ်လေ့ရှိတာက
သူ့နာမည်အဖျားလေးနဲ့ ဒီလိုရွတ်ကြတယ်...
*****ခိုင်*****
Shared from Pyae Phyo Aung (FB)
No comments:
Post a Comment