အကောင်းဆုံးဖြစ်အောင် လုပ်ချင်ရင် ကိုယ်နဲ့ အကိုက်ညီဆုံးကို လုပ်မှ အကောင်းဆုံး ဖြစ်တယ်။ ကိုယ်နဲ့ အကိုက်ညီဆုံးကို မလုပ်ဘဲနဲ့ သူများ အထင်ကြီးတာကို လုပ်ရင် အကောင်းဆုံးဖြစ်ဖို့ရာ မလွယ်တော့ဘူး။
အပျော်အပါးကို ဦးစားပေးပြီးတော့ ရေရှည်မှာ အကျိုးရှိမယ့်အလုပ်ကို မလုပ်တဲ့သူဟာ
ရေရှည်မှာ မပျော်နိုင်တော့ဘူး။ ပူပင်သောက များမယ်။
မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ ဖြစ်မှာပဲ။
အဖိုးတန်ပစ္စည်းတွေ ၀ယ်ထားရုံနဲ့၊ အဖိုးတန်ပစ္စည်းတွေ သုံးနေရုံနဲ့ လူ့အဖိုးတန် မဖြစ်ဘူး။ လူ့အဖိုးတန်ဖြစ်ချင်ရင် လူတွေကို ကောင်းကျိုးပြုတဲ့အလုပ်ကို လုပ်မှပဲရတယ်။
ကိုယ့်စိတ်ကို သူများက ၀မ်းနည်းအောင် ၀မ်းသာအောင် လုပ်လို့ရနေပြီဆိုရင်
ကိုယ်က သူတို့လက်ခုပ်ထဲက ရေဖြစ်သွားပြီ၊ ဒါဆိုရင် ကိုယ်ဟာ လွတ်လပ်တဲ့သူ ဟုတ်သေးရဲ့လား။
အရိုးသားဆုံးနည်းနဲ့ အခက်ခဲတွေကို ဖြေရှင်းနိုင်တဲ့သူ ဖြစ်လာရင်
ပိုပြီးရင့်ကျက်တဲ့သူ မြင့်မြတ်တဲ့သူ ဖြစ်လာလို့ ကိုယ့်ဘ၀ကို ပိုပြီးကျေနပ်အားရတယ်။
ကိုယ့်ဘ၀ကို ပြည့်စုံအောင် အဓိပ္ပါယ်ရှိအောင် တခြားဘယ်သူမှ လုပ်မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ် လုပ်ယူမှပဲရမယ်။
မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး စိတ်ထား ကောင်းမှသာ ငါ့ဘ၀ကို ငါကျေနပ်နိုင်မယ်။
ဘ၀ကိုမျှောမလိုက်ပဲ၊ ပဲ့ကို သေသေချာချာ ကိုင်ပြီး တက်နဲ့အားရပါးရ လှော်မှ လိုရာကိုရောက်မယ်။
ဆရာတော် ဦးဇောတိက ၏ တစိမ့်စိမ့်တွေးမယ် စာအုပ်မှ ကောက်နှုတ်ပူဇော်ပါသည်။
Shared from Ko Kyaw San
No comments:
Post a Comment