Saturday, December 24, 2016

Facebook ဖြတ်ပေးသည့်ဆေးရုံ


တစ်နေ့မှာ တစ်နာရီသာ Facebook သုံးခွင့်ပြုသည်။
ကျန်အချိန်များတွင် Facebook မသုံးရ။

'ယင်းထ' လာပါက ဆေးရုံကပေးထားသည့်
'ဓာတ်ပုံအယ်ဘမ်' များကိုကြည့်ရသည်။
သောက်ဆေးအဖြစ် 'Like' ပုံစံပြုလုပ်ထားသည့်
ဘာမီတွန် များကို ညဘက်တွင်သောက်ရသည်။

Facebook ဖြတ်သူအချင်းချင်း
တစ်နေ့ကို အနည်းဆုံး တစ်နာရီခန့် စကားစမြည်
ပြောရသည်။ 'ကွီး' ၊ 'ဂယ်လား' ၊ 'အင်းပေါ့လို့' ၊
စသည့် 'comment' စကားများမပါရအောင်
ဆေးရုံကစောင့်ကြည့်ရသည်။

မနက်ဆိုရင် ကောင်းကင်ကို ကြည့်ရသည်။
'အရမ်းလှတာပဲ' 'selfie' ရိုက်ချင်လာပြီဟု
'ယင်းထ' လာပါက ဖုန်းအစား မှန်ကို အသုံးပြု
စေရသည်။

ဆေးရုံနံရံများတွင်
တက်ကျမ်းလိုလို
ဟာသလိုလို
ဆရာကြီးလိုလို
ရေးထားတဲ့ စာသားများကို ကပ်ထားရ၏။
ထိုဟာကိုပဲ လူနာများက 'status' အနေဖြင့်
ဖတ်ရသည်။
ငြင်းခုန်ကြသည်။
သူမှန်တယ် ကိုယ်မှန်တယ်
ရန်ဖြစ်ကြ၏။

ညညတွင် 'Message' အသံများကြားနေရသည်
ဆိုပြီး ထထ ထိုင်သည့် လူနာများလည်း ရှိသည်။
ဘာပဲပြောပြော ထိုဆေးရုံကတော့
လူနာများနှင့် ပြည့်နေလေ့ရှိသည်။

ကြာလာတော့ တကယ့် ပတ်ဝန်းကျင်ကို
အသားကျလာသောကြောင့်
Facebook ပြတ်သွားကြသည်ဟု
ဆေးရုံအုပ်ကြီးက Facebook တွင်
ကြော်ငြာထားလေသည်။😜

Credit - Original

No comments:

Post a Comment