Saturday, December 24, 2016

"ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင် ဘယ်သူကမှ စိတ်ချမ်းသာအောင် ထားနိုင်မှာမဟုတ်"


မင်းဒုက္ခရောက်နေတာတောင် မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့..
ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး..

မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလားလို့
အပြစ်မတင်ချင်ပါနဲ့..
ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့ လူလာဖြစ်နေကြတာမဟုတ်ဘူး

မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလားလို့
မနာကျည်းလိုက်ပါနဲ့..
မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင်ပါလာမယ် မပါချင်မပါဘူး..
လမ်းခုလတ်က လှည့်ထွက်သွားတာလည်းဖြစ်ချင်ဖြစ်မယ်..
သေချာတာက ကိုယ်သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ..

ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်..
ဘယ်သူမှမရှိဘူးလား ကိုယ့်ကိုယ်ကို ဂရုစိုက်..
ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်..
မချစ်တော့ဘူးလား လွတ်လပ်ခွင့်ပေးလိုက်..

သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး..
တစ်ဖက်က ပေးသလောက်ပဲ မင်းနေရမယ်..
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ..
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး..

ဒါတွေဟာ သမားရိုးကျဖြစ်စဉ်တွေလေ..
ထွေထွေထူးထူး ကြေကွဲမနေနဲ့..
ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင် ထားနိုင်မှာမဟုတ်..

credit:NPK13@Vodka

No comments:

Post a Comment