Saturday, December 24, 2016

အားလုံးထဲက တစ်ယောက်


သင့် Facebook မှာ သူငယ်ချင်း
ထောင်ဂဏန်းကျော်ရှိမယ်။

သင် ထူးထူးခြားခြား post တစ်ခု
တင်လိုက်တဲ့အခါ
like လုပ်တဲ့သူက ရာဂဏန်းကျော်ရှိမယ်။

အဲ... သင့်ကို တကယ် comment လာပေးတဲ့
သူကတော့
ဆယ်ဂဏန်းကျော်ပဲရှိတယ်။

သင်ဖတ်ကြည့်ပါ။
Comment တွေ အားလုံးထဲမှာမှ
သင်တင်ထားတဲ့ post ရဲ့
သဘောတရားကို သေချာဖတ်
တိကျစွာနားလည်ပြီး ကောင်းမွန်စွာနှစ်ခြိုက်တဲ့သူ၊

ဒါမှမဟုတ် သင်တင်ထားတဲ့
photo ထဲကမှ သင်ပြချင်တဲ့
ပြောချင်တဲ့ အဓိက point ကို
နက်ရှိုင်းစွာနားလည်
သဘောပေါက်တဲ့သူက ခုဂဏန်း
(တစ်ယောက်စ နှစ်ယောက်စ) ပဲရှိမယ်။

ဒီလိုပါပဲ...သင့်ပါတ်ဝန်းကျင်မှာ
သင်နေ့စဉ်ထိတွေ့နေရတဲ့ လူတွေ
ထောင်ဂဏန်းကျော်ရှိမယ်။

သင့်ရဲ့ ထူးခြားတဲ့ အမူအကျင့်တွေ၊
သင့်ရဲ့ အားနည်းချက်တွေ၊
သင့်ရဲ့ အရည်အချင်းတွေကို
သတိပြုမိတဲ့သူကတော့
ရာဂဏန်းလောက်ပဲရှိလိမ့်မယ်။

အဲဒီ့ထဲကမှ သင့်ကို သတိပြုမိပြီး သင့်အနားကို
(မိတ်ဆွေ သို့မဟုတ် ချစ်သူ ဖြစ်ချင်လို့)
တကယ် ရောက်လာမယ့်လူက
ဆယ်ဂဏန်းကျော်ပဲရှိမယ်။

သင် သတိထားကြည့်ပါ။ အဲဒီ့လူတွေထဲကမှ
သင်ပြောတတ်တဲ့
စကားတွေကို
သေချာနားထောင်ပြီး
ဂရုတစိုက်မှတ်သားထားတတ်တဲ့သူ၊

ဒါမှမဟုတ် သင့်ရဲ့ ဖြစ်တည်မှု
ရပ်တည်မှုကို
(သင်ရဲ့ နဂိုမူလ ပုံစံကို)
တကယ်သဘောကျနှစ်ခြိုက်ပြီး
သင့်အပေါ်
နားလည်ပေးနိုင်တဲ့သူဟာ ခုဂဏန်း
(တစ်ယောက်စ နှစ်ယောက်စ) ပဲရှိပါလိမ့်မယ်။

Facebook မှာ အတွက်ရော၊
အပြင်မှာအတွက်ရော ပြောရရင်တော့........

"အဲဒီ့ တစ်ယောက်စ နှစ်ယောက်စကို
သင် သေချာဂရုစိုက်လိုက်ပါ။
သင့်ရဲ့ အချိန်တစ်ချို့ဟာ
သူတို့အတွက် ဖြစ်ပါစေဗျာ
"

Credit to: Min Min Soe

No comments:

Post a Comment