Saturday, December 24, 2016

ပြောင်းလဲလို့ရတယ်


ခင်ဗျား အခုရောက်နေတဲ့နေရာကို၊ ခင်ဗျားရဲ့လက်ရှိအခြေအနေကို မကြိုက်ဘူးလား။

"ခင်ဗျားအနေနဲ့ ပြောင်းလဲလိုက်လို့ရတယ်"

"ဖန်တီးလိုက်လို့လဲ ရတယ်"

ခင်ဗျားဟာ မရွေ့နိုင်တဲ့ ကျောက်တုံးတစ်တုံး မဟုတ်သလို တစ်နေရာထဲမှာ ခြောက်သွေ့သေဆုံးရမယ့် သစ်ပင်တစ်ပင်လဲ မဟုတ်ဘူး။

ခင်ဗျားဟာ သက်ရှိတစ်ယောက်၊

သက်ရှိထဲမှာမှ စွမ်းရည်အရှိဆုံး လူသား၊

လူသားထဲမှာမှ ကျန်းမာပြီး အလုပ်လုပ်နိုင်တဲ့ လူတစ်ယောက်၊

တိုးတက်အောင်မြင်ချင်လို့ အမြဲကြိုးစားရှာဖွေနေတဲ့သူ တစ်ယောက် ဖြစ်တယ်။

ခင်ဗျားဟာ လက်ရှိအခြေအနေကို မကျေနပ်နိုင်လို့ ပိုမိုကြိုးစားပြီး ရုန်းကန်ရှာဖွေနေချင်တဲ့လူ၊

ဒီအချက်တွေနဲ့တင် ခင်ဗျားအောင်မြင်ဖို့ အချက်တော်တော်များများနဲ့ ပြည့်စုံနေပြီလို့ ပြောလို့ရတယ်။

ကျွန်တော်တို့ဟာ ဘဝရဲ့ အချိန်တော်တော်များများကို အမုန်းတရားတွေ၊ မကောင်းတဲ့အလေ့အထတွေ၊ ဘာမှလာမလုပ်ပေးနိုင်တဲ့ လူတွေရဲ့အမြင်တွေအပေါ်မှာ အခြေခံပြီး ကုန်ဆုံးနေကြတယ်။

တိုးတက်ပြောင်းလဲချင်နေတဲ့ ခင်ဗျားအတွက် အဲဒီအရာတွေအားလုံးကို ငြင်းပယ်ရမယ့် အချိန်ရောက်လာပြီလို့ ပြောချင်တယ်။

သူတို့ အတ္တကိုသာ ရှေ့တန်းတင်ပြီး ခင်ဗျားကို လေးစားကိုယ်ချင်းစာမှုမရှိပဲ အသုံးချဖို့သာ ကြိုးစားနေတဲ့လူတွေကို ငြင်းပယ်ရတော့မယ်။

ခင်ဗျားမလုပ်ချင်တဲ့ အလုပ်တွေကို ငြင်းပယ်ရဲရမယ်။

ခင်ဗျားအပေါ်မကောင်းဘူးဆိုတဲ့လူတွေကိုလဲ ငြင်းပယ်ရလိမ့်မယ်။

ခင်ဗျားဘဝအတွက် အရေးမပါတဲ့အသေးအဖွဲလေးတွေကို ဖယ်ထုတ်ရတော့မယ်။

ဆုံးရှုံးခဲ့ဖူးတဲ့ အတိတ်တွေကို ကျောခိုင်းပြီး

လှပတဲ့ အနာဂါတ်ဘဝကိုပဲ မျှော်လင့်ရတော့မယ်။

အရေးအကြီးဆုံးက အကြောင်းအရာ(၃)ခုကြောင့် ခင်ဗျားဘဝ ခင်ဗျားဖြစ်ချင်တာတွေကို ဘယ်တော့မှ မလဲလိုက်ပါနဲ့။

(၁) လူတွေရဲ့ ပြောစကားတွေကြောင့်၊

(၂) ငွေကြေးကြောင့်၊

(၃) အတိတ်ရဲ့အရိပ်ဆိုးတွေကြောင့်၊

-မှတ်စုကြမ်း #nayaung

Photo and Post Credit to: မှတ်စုကြမ်း nayaung

No comments:

Post a Comment