Sunday, September 29, 2013

အဆင့် ၈၁ အချမ်းသာဆုံး Masayoshi Son


Masayoshi Son ( အဆင့် ၈၁ အချမ်းသာဆုံး၊ ပိုင်ဆိုင်မူ $ 12.9 Billion၊ သာမန်မိသားစုမှကြီးပြင်း၊ အသက် ၅၆ )

Son ကို ဂျပန်နိုင်ငံ Tosu ဒေသမှာ မွေးဖွားပါတယ်။ မိဘများဟာ ကိုးရီးယား လူမျိုးများဖြစ်ပါတယ်။ ငယ်စဉ် ကျောင်းနေစဉ် ကိုးရီးယားလူမျိုး များကို အမြင်ကတ်တဲ့ ဂျပန်ကျောင်းသားများက သူ့ကို ခဲများဖြင့် ပစ်ပြီး ရန်ရှာခံခဲ့ရ ဖူးပါတယ်။

အသက် ၁၆ မှာ USA သို့ သွားပြီး ပညာသင်ယူပါတယ်။ အထက်တန်းကျောင်းအောင်ပြီး University of California မှာ computer science နဲ့ economic ကို တွဲပြီး ပညာသင်ဆက်လက်သင်ယူပါတယ်။

ပညာသင်နေတုန်း 1979 မှာvoice-operated multilingual translator ကို တီထွင်နိုင်ခဲ့ပြီး Sharp Company က အမေရိကန် ဒေါ်လာ ၁ သန်းပေးပြီး ၀ယ်ယူလိုက်ပါတယ်။ Son ဟာ အဲ့ငွေကို စုထားခဲ့ပြီး ကျောင်းပြီး ဘွဲ့ရ တော့ ဂျပန်ပြန်ပြီး အဲ့ငွေနဲ့ SoftBank အမည်နဲ့ software နဲ့ computer ဂျာနယ် ရောင်းတဲ့ company ကို တည်ထောင်ပါတယ်။

၂၀၀၁ မှာ Softbank နာမည်နဲ့ အင်တာနက် ၀န်ဆောင်မူပေးတဲ့ company ကို တည်ထောင်ပါတယ်။

၂၀၁၃ မှာတော့ Son ဟာ အမေရိကန် ရဲ့ ဖုန်းနဲ့ အင်တာနက်ကို ၀န်ဆောင်မူပေးတဲ့ Sprint Nextel Compay ရှယ်ယာ ၇၈% ကို $22 Billion နဲ့ ၀ယ်ယူလိုက်ပါပြီ။

Son ဟာ သာမန်မိသားစုကနေ မွေးဖွားလာတာပါ။ ကိုယ်ကျွမ်းကျင်တဲ့ လမ်းကြောင်းကနေ သဌေးဖြစ်အောင် လုပ်ကိုင်နိုင်ပါတယ်။ ဘာမှမရှိလို့ မတိုးတက်နိုင်တော့ဘူး။ မချမ်းသာတော့ဘူးလို့ ညည်းနေသူအတွက်ပါ။ ကံဆိုတာကို အပြစ်မပုံချနဲ့ အလုပ်ကိုအရင်ထလုပ်ကြည့်ရင် လမ်းမြင်ပြီး အဲ့လမ်းအတိုင်းလျှောက်လို့ Sonအတိုင်း သဌေးဖြစ်နိုင်ပါတယ်။ ကံ၊ဥာဏ်၊၀ိရီယ ပါရင် အကုန်ဖြစ်ပါတယ်။ ကံဆိုတာ ကိုယ်တိုင်အလုပ်လုပ်ခြင်းဖြစ်တယ်။


Son ဟာ ပညာသင်ရင်း သင်နေတဲ့ computer science ကို သမားရိုးကျ ကနေ ဖောက်ထွက်စဉ်းစားပြီး digital translator ကို ထွင်ခဲ့တာပါ။ မြန်မာပြည်မှာလည်း မသုံးသေးတဲ့ ဦးနှောက်တွေ အများကြီးကျန်ပါသေးတယ်။ အိပ်နေတဲ့ နဂါးတွေ၊ အိပ်နေတဲ့ Genius တွေ များကြီးပါ။ သူတို့တွေ နိုးလာရင်.. ဘာဖြစ်မယ်တော့ မသိပါ..

သုတစွယ်စုံကျမ်း
--->

No comments:

Post a Comment