Sunday, September 29, 2013

“ အခက်အခဲကို ခုံဖိနပ်လုပ်ပြီး စီးလိုက်စမ်းပါ ”


ဘဝဆိုတာတိုက်ပွဲပဲလို့ အဆိုရှိပါတယ်။တိုက်ပွဲဆိုတာ
နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေပါပဲ။ ဘဝနဲ့
အခက်အခဲဆိုတာ အတွဲလိုက်တည်ရှိနေတဲ့အရာသာ
ဖြစ်ပါတယ်။

အခက်အခဲတွေ့ကြုံရတိုင်း စိတ်ဓါတ်ကျနေမယ်
စိတ်ညစ်နေမယ်ဆိုရင် ဘယ်ပြီးဆုံးနိုင်တော့မှာလဲ။
အခက်အခဲဆိုတာအမြဲတွေ့ကြုံနေရမယ့်အရာသာ
ဖြစ်ပါတယ်။

အခက်အခဲဆိုတာ စိတ်ညစ်နေဖို့ စိတ်ဓါတ်ကျနေဖို
့မဟုတ်ဘူး။ ရင်ဆိုင်ကျော်လွားဖို့ သာဖြစ်တယ်။
အခက်အခဲတွေ့တိုင်းအလွယ်တကူ စိတ်ဓါတ်ကျ
လွယ်တာ၊ အလွယ်တကူစိတ်ညစ်တတ်တာ
မကောင်းဘူး။ကြာရင် အကျင့်ပါပြီး စိတ်ကျရောဂါ
ရနိုင်တယ် ။

အခက်အခဲဆိုတာ ကိုယ့်တစ်ယောက်ထဲအတွက်
မဟုတ်ဘူး။ လူတိုင်းနဲ့ဆက်ဆံနေတာလူတိုင်း
ကြုံတွေ့နေရတာမို့ ကိုယ့်တယောက်ထဲ မဟုတ်ပါဘူး။
ကိုယ့်ထက်ဆိုးတဲ့လူတွေ တပုံကြီးရှိပါတယ်။
လောကကြီးဟာကိုယ့်တစ် ယောက်ထဲအတွက်
ဖန်တီးထားတာမဟုတ်လို့ ကိုယ်ဖြစ်ခြင်တိုင်း
မဖြစ်တာကိုလည်းစိတ်ပျက်ဖို့ မလိုပါဘူး။

အခက်အခဲဆိုတာ ရင့်ကျက်တဲ့ဘဝတစ်ခုပိုင်ဆိုင်
ဖို့ အတွက် အကောင်းဆုံးအရင်းအနှီးဖြစ်ပါတယ်။
အခက်အခဲမရှိတဲ့လူရဲ့ဘဝဆိုတာကတော့ သေနေတဲ့
လူပဲ ဖြစ်မှာပါပဲ။

မြတ်စွာဘုရားတောင် နောက်ဆုံးပရိနိဗ္ဗာန်စံတော်မူတဲ့
အထိ အခက်အခဲကိုဉာဏ်ပညာနဲ့ပဲကျော်လွားဖြေရှင်း
ခဲ့တယ်။နေ့စဉ်ကြုံတွေ့ နေရတဲ့အခက်အခဲတွေကြောင့်
အားမငယ်ပါနဲ့ ၊ အခက်အခဲဆိုတာသင့်ဘဝကို
တောက်ပြောင်အောင်လုပ်ပေးမယ့် အရာတွေပါ။
ဒါကြောင့်အခက်အခဲတွေ့တိုင်း အားမလျော့ပါနဲ့ ၊
အားမပျော့လိုက်ပါနဲ့  အခက်အခဲကို ခုံဖိနပ်လုပ်ပြီး
စီးလိုက်စမ်းပါ။

- အရှင်ဝိလာသဂ္ဂ ( ဗောဓိမြိုင်သစ္စာရွှေပြည်ဆရာတော် )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment