Monday, September 16, 2013

ကိုယ့်ကိုယ်ကို ဘာကြောင့် မလေးစားနိုင်တာလဲ




"ကိုယ့်ကိုယ်ကို ဘာကြောင့် မလေးစားနိုင်တာလဲ" .........

ကိုယ့်ကိုယ်ကို ဘာကြောင့် မလေးစားနိုင်တာလဲ ??? ..........

မလုပ်သင့်တာတွေ လုပ်မိလို့ ............

မလုပ်သင့်တာတွေကို လုပ်မိတဲ့အခါမှာ "ငါ မှားသွားလေခြင်း' ဆို တဲ့ နောင်တ ဖြစ်တယ် ...

လူတွေမှာ အမှားအမှန်ကို ခွဲခြားနိုင်တဲ့ အသိဥာဏ် ရှိပါတယ် ... ကလေးတွေတောင် တော်တော်သိတယ် ...

ဒါကြောင့် -

မလုပ်သင့်တာ လုပ်မိတဲ့အခါမှာ ရှက်တယ် ... guilt ဖြစ်တယ် ...

ကိုယ့်ကိုယ်ကို အထင်သေးသွားတယ် ... ကိုယ့်ကို သူများလည်း အထင်သေးတော့မှာပဲလို့ တွေးပြီး ရှက်တယ် ... ကြောက်တယ် ...

အဲဒါ တော်တော် ခံရခက်တယ် ... အဲဒါ စိတ်ဆင်းရဲမှုပဲ ... ဒုက္ခပဲ ...

ရှက်နေရတာ ... ကြောက်နေရတာ .. ကိုယ့်ကိုယ်ကို မလေးစားတော့တာ ဟာ တော်တော်ကြီးတဲ့ စိတ်ဒုက္ခ ဖြစ်တယ် ...

ဒါကြောင့် -

အမှားနည်းအောင် နေဖို့လိုတယ် ...


မတော်တဆ နည်းနည်းပါးပါး မှားတာတော့ လူတိုင်း မကင်းပါဘူးးး

တမင်တကာ စေတနာဆိုး နဲ့ လုပ်တာမျိုး မဖြစ်ဖို့ကိုပဲ အထူးသတိထားပြီး ထိန်းသိမ်းဖို့ အရေးကြီးတယ် ...

ရှက်နေရတာ ... ကြောက်နေရတာ နည်းအောင် ကိုယ် လုပ်တာ ... ကိုင်တာ ... ပြောတာ ... ဆိုတာတွေမှာ ကိုယ့်ကိုယ်ကို လေးစားမှုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးမယ့် ကိစ္စမျိုးဟာ ကြောက်စရာ အကောင်းဆုံးမို့ အမှားနည်းအောင် သတိနဲ့နေတဲ့ အလေ့အကျင့် ကို လေ့ကျင့်ပြီးအမြဲ သတိကပ်ထားသင့်တယ် .....။

(ဆရာတော် ဦးဇောတိက - မဟာမြိုင်တောရ)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~

Shared from နှလုံးသား၏ ဓမ္မသံစဉ် (FB)

No comments:

Post a Comment