Tuesday, September 17, 2013

“တရားအသံကို ကြားရတယ်၊ တရားနာရတယ်ဆိုတာ”




ဘုန်းကံ အင်မတန်ကြီးလို့ပါ။ ဘုရားရဲ့တရားတော်သည်
ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင်
ကိုးကွယ်ရတဲ့ ကိုးကွယ်ရာ အစစ်ပါဘဲ။
တရား မနာရင် အသိအမြင်တွေ မတိုးဘူး၊ မမှန်ဘူး။
ဘုရားသာသနာ ကွယ်ခြင်းဟာလည်း တရားမနာတာက စတာပါဘဲ။
တရားမနာ၊ စာပေမသင်၊
နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊
ပဋိပတ်ကွာ ဤငါးဖြာ သာသနာကွယ်ကြောင်းတည်း။
(အင်္ဂုတ္တိုရ်၊ပဉ္စကနိပါတ်) မှာဟောထားတယ်။
တခြားမှာ ကွယ်တာ မဟုတ်ဘူး။
ကိုယ်သန္တာန်မှာ ကွယ်တာ။
တရားနာပြီးရင်လည်း သိအောင်ကျင့်ရမယ်။

(ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ)
(နှလုံးသား၏ ဓမ္မသံစဉ် မှ ယူပါသည်)

Shared from နှလုံးသားအာဟာရ (FB)

No comments:

Post a Comment