Sunday, September 22, 2013

လ၌ တစ်ကမ္ဘာပတ်လုံး ယုန်ရုပ်ထင်ခြင်း



လမှာ တစ်ကမ္ဘာပတ်လုံး ယုန်ရုပ်ထင်ခြင်းရဲ့ အကြောင်းက ၅၅၀၊ စတုက္ကနိပါတ်၊ သသဇာတ်တော်မှာ လာတယ်ကွယ့် -
-
-
-
-

ယုန်မင်းကတော့ နေစာမြန်စားတဲ့ အမျိုးမို့ ဘာကိုမျှ မရှာဖွေဘဲ နေစာမြတ်အနီးမှာ ဝပ်ပြီး ဥပုသ်စောင့်သတဲ့၊ ဥပုသ်စောင့်ရင်း အကယ်၍ အလှူခံ ရောက်လာခဲ့သော် ငါ့ရဲ့ အသားကို လှူမယ်လို့ ကြံသတဲ့။

အလောင်းတော်ယုန်မင်းရဲ့ သီလတန်ခိုးကြောင့် သိကြားမင်းရဲ့ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာနေရာဟာ ပူလာသတဲ့၊ ဘာကြောင့် ပူပါလိမ့်လို့ သိကြားမင်းက ဆင်ခြင်တော့ ယုန်မင်းရဲ့ သီလနှင့် စိတ်အကြံကို သိသတဲ့၊ ဒါကြောင့် ယုန်မင်းရဲ့အလိုကို စုံစမ်းဖို့ ပုဏ္ဏားယောင်ဖန်ဆင်းပြီး ရပ်ပါသတဲ့။

အို . . . ပုဏ္ဏားကြီး ဘာကြောင့်ရပ်ပါသလဲလို့ မေးတဲ့အခါ သိကြားမင်းက သင်တို့ထံမှ တစ်စုံတစ်ရာသော အာဟာရကိုရခဲ့လျှင် ဥပုသ်ဆောက်တည်နေလိုတဲ့အတွက်ရပ်လာပါတယ်လို့ ပြောသတဲ့။

ဖျံက ကောင်းပြီဆိုပြီး သူရခဲ့တဲ့ ငါးကြာင်းခုနစ်ကောင်းကို ပေးလှူသတဲ့၊ မြေခွေးကလည်း သူရခဲ့တဲ့ အမဲတံစို့, ဖွတ်ကင်, နို့ဓမ်းတို့ကို လှူသတဲ့၊ မျောက်ကလည်း သူဆောင်ယူခဲ့တဲ့ သရက်သီးခိုင်ကို လှူသတဲ့၊ ယုန်မင်းကတော့ ငါဟာ မလှူဖူးသေးတဲ့အလှူကို လှူမယ်၊ မီးကျီးကိုပြုပါ၊ မီးပုံတွင်းခုန်းဆင်းပြီး ငါ့ရဲ့ ခန္ဓာကိုယ်ကို လှူမယ်လို့ ပြောသတဲ့။

သိကြားမင်းလည်း မီးကျီစုကို ဖန်ဆင်းပေးတယ်၊ အလောင်းတော် ယုန်မင်းလည်း သူ့ကိုယ်က အလှေးအမွှားများ ကင်းစင်အောင် သုံးကြိမ်ကိုယ်ကို ခါပြီး မီးကျီးပုံတွင်း ခုန်ဆင်းလိုက်သတဲ့၊ သိကြားမင်း ဖန်ဆင်းတဲ့မီးဟာ ယုန်မင်းကို မလောင်ဘူးတဲ့၊ ဒီအခါ အလောင်းတော်ယုန်မင်းက သိကြားမင်းကို ဘာကြောင့် ဒီလိုဖြစ်တာလဲလို့ မေးတယ်၊ သိကြားမင်းက ငါဟာ ကတယ် ပုဏ္ဏားမဟုတ်ဘူး၊ သင့်အလိုကို စုံစမ်းတဲ့ သိကြားမင်းဖြစ်တယ်၊ သင့်ရဲ့စေတနာကို တစ်ကမ္ဘာလုံးသိအောင် တောင်ဆီနှင့် ယုန်ရုပ်ကို ရေးခဲ့မယ်လို့ ပြောပြီး အလောင်းတော်ယုန်မင်းရဲ့ ဂုဏ်ကျေးဇူးကို တစ်ကမ္ဘာလုံး သိအောင် လမှာ ယုန်ရုပ် ရေးထားခဲ့သတဲ့၊ အဲဒီ ယုန်ရုပ်လည်း တစ်ကမ္ဘာပတ်လုံးတည်မှာမို့ ကပ္ပဋ္ဌိတိ ၄-ပါးမှာ ပါဝင်တယ်။

တစ်ကမ္ဘာလုံး ကပ္ပဋ္ဌိတိ လေးပါးက -
၁။ မီးကွင်းတဲ့ အလောင်းတော်ငုံးမင်းအသိုက် ပတ်ဝန်းကျင်၊
၂။ ဃဋိကာရ အိုးထိန်းသည်ရဲ့ အလုပ်တဲနေရာ၊
၃။ အဓိဋ္ဌာန်အာနုဘော်ကြောင့် အားလုံး အခေါင်းပေါက်တဲ့ကျူဝါး၊
၎။ လမင်းရဲ့ အတွင်းမှာရှိတဲ့ ယုန်ရုပ်အရေး
အားလုံး ၄-ပါး ဖြစ်တယ်။

အမှတ် (၃) နှင့် (၄) ဇာတ်တော်အပြည့်အစုံအား
ဤနေရာတွင် ဆက်လက်လေ့လာနိုင်ပါသည်။

https://www.facebook.com/notes/ye-win-tun/အမှတ်စဉ်၂၃၅-တစ်ကမ္ဘာပတ်လုံး-တည်နေသော-အံ့ဖွယ်တရား-ကပ္ပိဋ္ဌိတိ-၄-ပါး-အပိုင်း-၂-အလုံးစံ/206533262748100

Shared from Ko Ye Win Tun (FB)

No comments:

Post a Comment