Sunday, September 8, 2013

စည်းရိုးကလေး

ဒါနနဲ့သီလဆိုတာ လူနဲ့တိရစ္ဆာန်ကြား ခြားထားတဲ့စည်းရိုး၊ တိရစ္ဆာန်ဘဝတွေရဲ့ ဖြစ်ရိုးဖြစ်စဉ် ဉာဉ်စရိုက်တွေ ကြည့်လိုက်စမ်းပါ။

ကြိုက်ရင် ကြိုက်သလို လိုက်သိမ်းပိုက်တဲ့ အဓမ္မရာဂ၊ မကြိုက်ရင် မကြိုက်သလို လိုက်ပြီးတိုက်ခိုက်နေတဲ့ အဓမ္မဒေါသ၊ မသိရင် မသိသလို လိုက်ပြီး မိုက်ကြွေးချနေတဲ့ အဓမ္မမောဟ။

အဲဒီတိရစ္ဆာန်ဉာဉ် တိရစ္ဆာန်စရိုက်ဆိုးတွေ လူတို့ရဲ့စိတ်ထဲ ထိုးဆင်းကျရောက်လာခြင်းမရှိအောင် ကိုယ်ကျင့်သီလဆိုတဲ့ စည်းရိုးကလေးခြားထားရပါတယ်။
ဒီတော့ စည်းရိုးကလေး လုံပါစေ၊ ခိုင်ပါစေ။

စည်းမလုံ ခွေးတိုးတဲ့နော်၊ ခွေးကျင့်ခွေးကြံတွေ ဝင်ရောက်လာရင် လူ့စည်းပေါက်သွားပြီလို့ မှတ်ပါ။ ငါစားရပြီးရော၊ ငါဝပြီးရော ကျန်တဲ့ဘဝတူတွေ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဟောင်လိုဟောင်၊ ကိုက်လိုကိုက်ဆိုတာ ခွေးလောကရဲ့ အကျင့်အကြံတွေပါ။

ဒီတော့ ငါ့ရှိတာလေး မျှဝေပေးကျွေး၊ ငါစားရသလို သူလည်း စားရပါစေဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေး မွေးလိုက်တာဟာ မေတ္တာစမ်းပေါက်ကလေး ဖွင့်ပေးလိုက်တာပါပဲ။ သူတစ်ပါးသို့ မျှဝေပေးကျွေးခြင်းဆိုတဲ့ ဒါနမှာ မေတ္တာဓာတ် သက်ဝင်နေပြီ။

ကိုယ်ကျင့်သီလ၊ ကိုယချင်းစာမေတ္တာ၊ သူ့အကျိုးလိုလားခြင်းဒါနဆိုတဲ့ စည်းရိုးသုံးထပ် ကာထားနိုင်ရင် တိရစ္ဆာန်ဉာဉ် တိရစ္ဆာန်စရိုက်တွေ မဝင်သာတော့ပါဘူး။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
[နတ်တလူတောရသြဝါဒများ မှ]

Shared from Buddhavasa Tiloka (FB)

No comments:

Post a Comment