Thursday, September 26, 2013

အချိန်ဖြုန်းတဲ့အကျင့်

အချိန်ဖြုန်းနည်းတွေ အင်မတန် ပေါများနေတဲ့ခေတ်မှာ ဘဝအဓိပ္ပါယ်
မဲ့သွားဖို့ အင်မတန် လွယ်နေတယ်နော်။ အသက်ရှင်ရက်နဲ့ ဘဝသေ
သွားတဲ့သူတွေဟာ များလာဖို့ရာပဲ အလားအလာရှိနေပါတယ် ။အဲဒီလို
အဖြစ်ဖို့ဟာ အားလုံးဝိုင်းစဉ်းစားမှနော်။ ကိုယ့်ညီအစ်ကို မောင်နှမ ၊
ဆွေမျိုးသားချင်းတွေ ထဲမှာ အဲသလိုလူတွေ မဖြစ်လာဖို့ ၊ကိုယ့်သားသမီးတွေ မြေးမြစ်တွေထိအောင် အဲသလိုလူတွေ မဖြစ်လာဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ဘယ်လို ကြိုတင်ပြီးတော့ ကာကွယ်မလဲ ဆိုတာကို စဉ်းစားမှ။

နေ့စဉ် အသိဥာဏ်တိုးနေတဲ့ အရာတစ်ခုခုကို လုပ်ရမယ် ။စာအတူတူဖတ်မယ်။
စာအကြောင်း ဆွေးနွေးမယ်။နေ့စဉ် တန်ဖိုးရှိတဲ့ အလုပ်တစ်ခုခုကို လုပ်ရမယ်။
ဆက်ဆံရေးမှာ ရိုးရိုးသားသား ချစ်ချစ်ခင်ခင် လှိုက်လှိုက်လှဲလှဲ ဆက်ဆံရေးမျိုး ရှိရမယ်။

အချိန်ကုန်ရင်ပြီးရော ဆိုပြီးတော့ အပျင်းပြေရုံသက်သက်သာ လုပ်တဲ့သူဟာ တစ်နေ့တော့ အသက်ရှင်လျက် ဘဝသေတဲ့သူ ဖြစ်သွားမှာပဲ။ ဒါ့ကြောင့် ကလေးတွေကို အဲဒီလို အချိန်ဖြူန်းတဲ့အကျင့်ကို ပေါ့ပေါ့တန်တန် လွှတ်ပေးမထားဖို့ အင်မတန် အရေးကြီးပါတယ်။

(ဆရာတော်ဦးဇောတိက)
(တွေးမိတိုင်း ပျော်တယ်) စာအုပ်မှ ကူးယူတင်ပြ ဓမ္မဒါနပြုပါသည်။
Shared from မြတ်ဗုဒ္ဓအလင်း (FB)

No comments:

Post a Comment