Friday, January 10, 2014

သူတို့ မှာ မသိဘူး


ဗာလလို့ ဆိုတဲ့ လူမိုက်ဓာတ်ခံရှိတဲ့ သူဟာ ဓာတ်ခံညံ့တဲ့ သူတွေဟာ
ပညာရှိသူတော်ကောင်းတွေနဲ့ ဘယ်လောက်ပဲ လက်ပွန်းတတီး နေစေကာမူ ပြောမယ်ဆိုရင် တသက်လုံးပဲ ပေါင်းရပေါင်းရ ပညာရှိသူတော်ကောင်းတွေရဲ့ အဆုံးအမ နာရကြားရပေမယ်လို့ သူတို့မှာ မသိနိုင်ဘူး၊ မသိရှာဘူး။ ဘာပြုလို့တုန်း သူတို့မှာ သူတော်ကောင်းဓာတ်ခံ မရှိလို့၊ 

အဲဒီမှာ ဥပမာပေးတယ်၊
ဒဗ္ဗိ သူပ ရသံ ယထာ = ဟင်းကိုမွှေတဲ့ ယောက်မ။ ဟင်းကိုမွှေတဲ့ ယောက်မလို့ ဆိုတော့ ဇွန်းတို့ ခရင်းတို့လို ဟင်းနဲ့ ခဏတဖြုတ် ထိတွေ့တဲ့ အရာမျိုး မဟုတ်ဘူး၊ ဆွမ်းလောင်းဆွမ်းချက်ကြတဲ့ အခါ ဦးဇင်း ကိုရင်တို့ တွေ့လိမ့်မယ်၊ ဟင်းအိုးကြီး ဒယ်အိုးကြီးတွေထဲမှာ ဟင်းတွေနဲ့ စုန်ဆန်ပြန်လှန် အမြဲတမ်းထိတွေ့ အကြာကြီး မွှေနေရတဲ့ ယောက်မကြီးတွေ၊ အဲဒီယောက်မကြီးတွေဟာ ဘယ်လောက်ပဲ ဟင်းတွေနဲ့ အပြန်ပြန် အလှန်လှန် မွှေနေ ရပေမယ်လို့ ဟင်းရဲ့အရသာကို သူတို့ မသိနိုင်ဘူး၊ သိခွင့်ရှိတဲ့ အရာမှမဟုတ်ဘဲ။ အဲသလိုပဲတဲ့ ဗာလဓာတ်ခံရှိတဲ့ ပုဂ္ဂိုလ်များဟာ ပညာရှိ သူတော်ကောင်းတွေနဲ့ ဘယ်လောက်ပဲ ပေါင်းရ ပေါင်းရ ၊ သူတော်ကောင်း စကားတွေ ဘယ်လောက်ပဲ ကြားရကြားရ သူတို့ မှာ မသိဘူး၊

======================
ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ
သကျသီဟ၊ စေတိယင်္ဂဏ၊ သာသနဓဇဓမ္မာစရိယ
မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်
မစိုးရိမ်တိုက်သစ် ၊ မန္တလေး

No comments:

Post a Comment