Thursday, January 23, 2014

“ စိတ်ထိခိုက်ရတဲ့အခါ ... ”



ဖြစ်ပေါ်လာတဲ့ပြဿနာ အပေါ်
အမျှင်မပြတ်အောင် လက်ခံပြီးတွေးနေတတ်တယ်။

အဲဒီလိုတွေးပြီးဝမ်းနည်းကြေကွဲနေရတာကို
• ကိုယ်ကိုကိုယ်တိုင်က ကျေနပ်သလိုလိုလည်း
ခံစားလာတတ်တယ် ။
• ဒီခံစားမှုသောက ကိုလည်း စည်းစိမ်ခံသလို
စွဲလာတတ်တယ် ။

ကြာလာတော့လွမ်းနေရ ၊ ဆွေးနေရမှ
စိတ်ကနေသာ ၊ ထိုင်သာရှိသလိုဖြစ်လာတယ် ။

♦ အံသြစရာကောင်းတာက
စိတ်ဆင်းရဲစရာ ၊ စိတ်ပူစရာ
တစ်ခုခုကိုမရှိပဲနေရတဲ့အခါ
ဟာတာတာဖြစ်နေတတ်တယ် ။

♦ ဒါကြောင့်အဲဒီလိုလူမျိုးဟာ ဝမ်းနည်းစရာတစ်ခုခု
ခံစားဖို့ အမြဲတမ်းပြဿနာရှာနေတတ်တယ် ။

♦ ဒီအခြေအနေရောက်လာပြီဆိုရင်
စိတ်ထိခိုက် ၊ စိတ်ဓါတ်ကျလွယ်တဲ့သူဖြစ်လာပြီး
ကြာရင်ကုစား ရခက်ခဲပါတယ် ။

စာထဲမှာကတော့ဒါကို
“ပဋိဃသံယောဇဉ်” လို့ခေါ်ပါတယ် ။

သံယောဇဉ်ဆိုတာ ကြာလေ ၊ ခိုင်မြဲလေ
ဖြစ်တတ်တာမို့ သတိထားပြီးမြန်မြန်ကုစားဖို့လိုပါတယ် ။

တရားရှုမှတ်မှု ကသာ ဒီအခြေအနေကနေ
အမြန်ဆုံး ကျော်လွှား နိုင်မှာဖြစ်တဲ့အတွက်
နိုင်သလောက်ကစပြီးလုပ်ပါလို့ အကြံပြုလိုက်ပါရစေ။


- (ဗောဓိမြိုင်သစ္စာရွှေပြည် ဓမ္မရိပ်သာဆရာတော်)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment