★ အနာဂါမ်၊ ရဟန္တာ မဖြစ်သေးသ၍တော့
လူတိုင်းရဲ့ရင်ထဲမှာအချစ်ဆိုတာ ရှိနေဦးမှာပါပဲ။
မချစ်မိအောင် ရှောင်မရရင် ချစ်ပါ။
ချစ်လိုက်ပါ အရမ်းချစ်လိုက်ပါ။ အားရပါးရ ချစ်လိုက်ပါ။တုန်နေအောင်ချစ်လိုက်ပါ။
မယုံနိုင်အောင်ချစ်လိုက်ပါ။
★ ဒါပေမယ့်စွဲတော့ မစွဲလိုက်နဲ့။
ခွာချန်တန်ရင် အလွယ်တကူ
ခွာနိုင်ပါစေ။ ခွာခွင့်ကြုံရင် အချိန်မရွေး ခွာနိုင်ပါစေ။
မခွာနိုင်အောင် စွဲနေတဲ့အချစ်မျိုး
တော့ မဖြစ်ပါစေနဲ့။ ကိုယ့်ရဲ့ အချစ်ကော်မှာ
အချိန်မရွေး ခွာလို့ရတဲ့ ဆေးရည် တစ်မျိုး
အမြဲပါနေပါစေ။
★ အချစ်မကင်းတဲ့ ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့
ရှောင်မရတဲ့ အခြေအနေမျိုးမှာ တစ်ယောက်
မဟုတ်တစ်ယောက်ကို
သံယောဇဉ်တွဲပြီး ချစ်မိသွားနိုင်ပါတယ်။
ချစ်မိနေမှာပါပဲ။ 'ချစ်မိရကောင်းလား' လို့စိတ်မညစ်ပါနဲ့။
သဘာဝ တရားကိုလွန်ဆန်လို့မှ မရဘဲ လက်ခံလိုက်ပါ။
ငါ့အချစ်ဟာ ကပ်ခွာ စတစ်ကာလို အချစ်မျိုး ဖြစ်ရမယ်
လို့ ဆုံးဖြတ်ပြီး ဆုံးဖြတ်တဲ့အတိုင်း
ချစ်နိုင်မယ်ဆိုရင် ဘယ်သူ့ကို
ဘယ်လိုပဲ ချစ်ချစ် စိမညစ်ရတော့ပါဘူး။
★ ကပ်ခွာစတစ်ကာ အချစ်မျိုးဖြစ်ဖို့ဆိုရင်
ကိုယ့်ရဲ့အချစ်ကော်ထဲမှာ အချိန်မရွေးအလွယ်တကူ
ခွာလို့ရတဲ့ဆေးရည် တစ်မျိုးထည့်ထားရပါမယ်။
အဲ့ဒီဆေးရည်ကတော့ ရောနိသော မနသီကာရ ဆေးရည်ပါ။ ဘာဝနာဆေးရည် တရားဆေးရည်ပါ။
★ တရားဆေးရည်နဲ့စိမ်ထားတဲ့ အချစ်ဟာ
ဘယ်တော့မှ မစွဲဘူး။အချိန်မရွေး ခွာလို့ရတယ်။
ချစ်နေချိန်မှာ အစွဲပါတယ်ထားပါဦးတော့ အဲ့ဒီအစွဲကို သူ့အချိန်နဲ့သူခွာထားနိုင်ရင် ချစ်ခြင်းကြောင့်
ဆင်းရဲဒုက္ခရောက်စရာ အကြောင်းမရှိပါဘူး။
(အရှင်ဆန္ဒာဓိက)
(အကြင်နာပေါင်း ရှစ်သောင်းလေးထောင်စာအုပ်မှ )
No comments:
Post a Comment