ဘုရားရှေ့မှာ သွားပြီး လျှာရှည်မနေကြနဲ့။
လျှာရှည်လို့ သံသရာရှည်ရတာ။
ဤကောင်းမှုကြောင့် နောင်အရိမေတ္တယျဘုရားပွင့်တဲ့အခါ
ဆီမီးငါးတိုင်၊ ကြားပန်းခိုင်နဲ့ လက်ဦးဖူးတွေ့ရပါလို၏ ......
ဘာညာ ဆိုတာတွေဟာ လျှာရှည်တာပါ။
နောက်ဘုရား ကျမှဆိုတော့ ဒီအတွင်းတစ်ခုလုံး
သံသရာရှည်သွားတာပေါ့။
အခု ဂေါတမဘုရားပေးတာမလိုချင်ဘူး။
နောက် အရိမေတ္တယျဘုရားကျမှ ယူမယ် ဆိုတဲ့ အဓိပ္ပာယ် ရောက်နေတယ်။
နောက်ဘုရား စောင့်ဦးမယ်ဆိုတဲ့ သဘော။
အခုဘုရားက နိဗ္ဗာန်ကို ပေးနိုင်ပါလျက်နဲ့ နောက်ဘုရားကျမျှဆိုတဲ့ ဥစ္စာဟာ သက်သက်အကြောင်တိုက်၊ ဗြောင်တိုက်ရွဲ့တာပဲ။တော်ပါ့မလား။
(ပထမရွှေကျင်ဆရာတော်ကြီး)
~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၆၆)မှ
ကောက်နုတ်ပူဇော်ပါသည်။
No comments:
Post a Comment