Sunday, January 12, 2014

စာပေပိဋကတ် ရေးသားသော အကျိုး


စာပေပိဋကတ်ရေးသားပူဇော်သောအကျိုးကို မြတ်စွာဘုရားက
ရှင်သာရိပုတ္တရာအားဟောကြားတော်မှုရာ -
- ဥစ္စာကြွယ်ဝသော အမျိုး၌ဖြစ်ရ၏။
- ဆင်းရဲသောအမျိုး ယုတ်ညံ့သောအမျိုးတို့၌ မဖြစ်ကြရာ။
- ထိုယုတ်သောအမျိုးတို့နှင့်လည်း တရံတခါမျှ မပေါင်းဖော်မိကြရာ။
- ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံ ကြရသည်။
- ယုတ်သောကိုယ်အဖြစ်မဖြစ်ရာ။
- ကြမ်းတမ်းသောစကားမရှိရာ။
- ခပ်သိမ်းသော ကာမဂုဏ်ချမ်းသာနှင့်ပြည့်စုံရသည်။
- အပါယ်လေးပါးသို့ မလားမရောက်ရာ။
- မင်းမျိုး၊ ပုဏ္ဏားမျိုး၌ အဖြစ်များရာသည်။
- စကြာဝတေးမင်းအဖြစ် အကြိမ်များစွာဖြစ်ရသည်။
- ဧကရာဇ် ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင်ဖြစ်ရသည်။
- နတ်ပြည်ခြောက်ထပ်ကို အစိုးရသောနတ်မင်းအဖြစ် အကြိမ်များစွာ ဖြစ်ရသည်။
- အက္ခရာတစ်လုံးရေးသောအကျိုးသည် ဘုရားဆင်းတုတစ်ဆူကို ကိုးကွယ်သည်နှင့် တူ၍ အတိုင်းမသိ အကျိုးပေးရသည်။
- ကမ္ဘာရှစ်သောင်းလေးထောင်အထိ စကြာဝတေးမင်းဖြစ်ရသည်။
- ကိုးသင်္ချေတိုင် ပဒေသရာဇ်မင်းဖြစ်ရသည်။
-ကိုးသင်္ချေတိုင် ပုဏ္ဏားပညာရှိဖြစ်ရသည်။
-ကိုးသင်္ချေတိုင် သူဋ္ဌေးကြီးဖြစ်ရသည်
- အာကာသစိုးနတ်အဖြစ် ကိုးသင်္ချေဖြစ်ရသည်။
-နတ်ပြည်ခြောက်ထပ်အဆင့်ဆင့်၌လည်း ကိုးသင်္ချေ အသီးသီး ဖြစ်ရသည်။
-နောက်ဆုံးဘုရားဆု ပစ္စေကဗုဒ္ဓါဆု သာဝကဆုတို့ကို ပန်ဆင်နိုင်သည်။

တက္ကသိုလ်သျှင်သီရိ ( ဓမ္မာစရိယ-ဘီအေ )

No comments:

Post a Comment