တရားဆိုတာ နာရတယ်၊ တရားနာလို့ရှိရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ? တရားပွဲလာပြီး တရားနာတယ်ဆိုရင် ချက်ချင်းလက်ငင်း အကျိုးတွေရတယ်၊ ဘာတွေရသလဲ?
“အသုတံ သုဏာတိ” မကြားဖူးတာတွေ ကြားရတယ်။
“သုတံ ပရိယောဒပေတိ” အရင်တုန်းကကြားဖူးတယ်၊ စိတ်ထဲမှာ မရှင်းဘူး၊ အခု တစ်ခါနာလိုက်ရတော့ စိတ်ထဲမှာ ရှင်းသွားတယ်၊ နားလည်သွားတယ်။
မကြားဖူးတာတွေ ကြားရတယ်၊ ကြားဖူးတာတွေလည်း ရှင်းသွားတယ်၊ ကြားဖူးတာတွေ ရှင်းသွားတဲ့အခါ ဘာဖြစ်တုန်းဆို သံသယတွေလည်း ကင်းသွားတယ်၊
သံသယတွေ ကင်းရုံတင် မကဘူး, မှန်မှန်ကန်ကန် မြင်တတ်လာတယ်၊ ဘဝအပေါ်မှာ အမြင်မှန်လာတယ်၊ ဒီလိုဆိုလိုတယ်။
နောက်ပြီး တရားနာရလို့ စိတ်တွေဟာ ကြည်နူးလာတယ်တဲ့။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Buddhavasa Tiloka
No comments:
Post a Comment