Sunday, January 26, 2014

သတိဖြင့် ဘ၀ပင်လယ်ကူးသူ


■ ကုသိုလ်တရားတို့၌ မမေ့မလျော့မပေါ့မတန်
ထက်သန်သော သတိရှိရင် ဘ၀ပင်လယ် မြစ်ပြင်
ကျယ်ကြီးကို ကူးနိုင်တယ်။ ခန္ဓာဝန်ထမ်းဆောင်ရင်း
စားဝတ်နေရေး အလုပ်လုပ်ရင်းနဲ့တောင်မှ အပ္ပမာဒ
ဆိုတဲ့ သတိလေးကိုင်ထားတဲ့ ပုဂ္ဂိုလ်ဟာ တရား
အလုပ်လုပ်နေတာ၊ ဘ၀ပင်လယ်ကူးနေတဲ့ ပုဂ္ဂိုလ်ပဲ။

■ မအားလို့ ကုသိုလ်မရဘူးဆိုပြီး အားငယ်စရာမလိုပါဘူး၊
ပိုက်ဆံမရှိလို့ ကုသိုလ်မလုပ်ရဘူးဆိုပြီး အားငယ်စရာ
မလိုဘူး၊ နေ့တိုင်းကုသိုလ်ထုပ်ပေါ် တက်ထိုင်နေကြတာ။
အပ္ပမာဒ သတိရှိသူအတွက် စိတ်မနိုင်လို့ ကိလေသာ
ဖြစ်တာတောင်မှ အမြတ်ထွက်တယ်။သတိပဋ္ဌာန်လုပ်ငန်းစဉ်
အသိလေးတွေပါလာတဲ့အခါ ကိလေသာဖြစ်တာတောင်မှ
ဘာဝနာအာရုံဖြစ်သွားတယ်၊

■ အပ္ပမာဒသတိရှိသူတွေအတွက် တကယ်လို့ လူမမာကြီး
ဖြစ်သွားရင်တောင်မှ ဝေဒနာနုပဿနာသတိပဋ္ဌာန်လေး
ကိုင်ပြီး ရှုမှတ် ပွားများ အားထုတ်တတ်ရင် လူမမာဘ၀နဲ့
အမြတ်ထွက်တယ်။သာသာနာအတွင်း လူဖြစ်တဲ့ သတိရှိ
သူအတွက် ဘာမှအရှုံးမထွက်တာမရှိဘူး။အမှိုက်ပုံထဲက
ရွှေထုပ်ကောက်တယ်ဆိုတာ ဒါပေါ့။


Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment