Tuesday, January 7, 2014

စိတ် သန့်ရှင်းရေး


အ၀တ်အစားရဲ့အညစ်အကြေးကို
ဆပ်ပြာနဲ့ သန့်စင်ကြတယ် ...။

မျက်နှာရဲ့အညစ်ကြေးကို
မျက်နှာသစ်ဆေးရည်နဲ့ သန့်စင်ကြတယ်။

သွားရဲ့အညစ်အကြေးကို
သွားတိုက်ဆေးနဲ့သန့်စင်ကြတယ်။

ခန္ဓာကိုယ်ရဲ့အညစ်အကြေးကို
သန့်စင်ခန်းမှာ သန့်စင်ကြတယ်။

စိတ်ရဲ့အညစ်အကြေးတွေကို
ဘာနဲ့သန့်စင်ကြမလဲ ... ?

စိတ်ရဲ့အညစ်အကြေးတွေကိုတော့
တရားဓမ္မနဲ့ သန့်စင်ရတယ် ...။

တရားဓမ္မကိန်းအောင်းနေမှ ...
စိတ်က စင်ကြယ်သန့်ရှင်းတယ် ...။

ဘုရားရိပ်တရားရိပ်က ...
ကိုယ်စိတ်နှလုံးကို ငြိမ်းအေးစေတယ်။

နံနက်ခင်းတိုင်း ...
ခန္ဓာကိုယ့်ကို သန့်စင်ကြသလိုမျိုး

ဘုရားဝတ်ပြုရင်း ...
ငါးပါးသီလ ယူရင်း ...
စိတ်ကိုလည်း သန့်စင်ပါ ...။

ညအိပ်ရာဝင်တိုင်း ...
ခန္ဓာကိုယ်ကို သန့်စင်သလိုမျိုး

ဘုရားဝတ်ပြုရင်း ...
ငါးပါးသီလ ယူရင်း ...
စိတ်ကိုလည်း သန့်စင်ပါ ...။

စိတ် သန့်ရှင်းခြင်းသည် ...

အကုသိုလ် ကင်းဝေးစေ၏ ...
ကုသိုလ်တရားများ ကိန်းစေ၏ ...

စိတ်ကိုကြည်လင်စေ၏ ...
အတွေးအကြံကောင်းများရစေ၏ ...

မြ၀ဏိုးစံ

No comments:

Post a Comment