ပုထုဇဉ်မှန်သမျှ နိမိတ်ကောက်တဲ့သူတွေများတယ်။ ယုတ်စွအဆုံး မျက်ခုံးလုပ်တာတောင် လာဘ်ရမယ်လို့ နိမိတ်ကောက်ကြတယ်။
လက်ဖဝါးယားလျှင် ငွေရမယ်လို့ နိမိတ်ကောက်တတ်ကြတယ်။
အိမ်မြှောင်စုတ်ထိုးတာ၊ ငှက်မြည်တာ၊ ခွေးဟောင်တာမကျန်
ပုထုဇဉ်တွေဟာ နိမိတ် ကောက်တတ်ကြတယ်။ နိမိတ်တဲ့အတိုင်း မှန်သွားလျှင် ဒီဟာကိုမြင်လို့၊ ဒီအသံကို ကြားလို့ရယ်လို့ ယူဆသွားတတ်ကြတယ်။
အတိတ် နိမိတ်ဆိုတာ ရှေ့ပြေး၊ နေမထွက်ခင် ထင်လာတဲ့ အရုဏ်အရောင်ပဲ။
မကြာခင် နေမင်းထွက်ပေါ်လာမှာပဲလို့ သိသလို နိမိတ်ထင်ပြီး အကျိုးအမြတ် ပေါ်လာလျှင်လည်း ဒီအကျိုးအမြတ်ဟာ ငါပြုလုပ်ခဲ့ဖူးတဲ့ ကံကြောင့်ဆိုတာ ပြတ်ပြတ်သားသား သိထားဖို့လိုတယ်။
ဒီလိုကံကြောင့်ဆိုတာ မမြင်ဘဲ ကံကိုမျက်ကွယ်ပြုပြီး ဒီအတိတ်နိမိတ်ကြောင့် ဒီလို ဖြစ်တာပဲလို့ ယုံကြည်ခဲ့လျှင် မင်္ဂလိကဒိဋ္ဌိလို့ ခေါ်တယ်။
မင်္ဂလိကဒိဋ္ဌိ ဆိုတာ အယူမှားမို့ မိစ္ဆာာဒိဋ္ဌိလို့ ခေါ်တယ်။
(ထီးချိုင့်မြို့ တည်တောဆရာတော်ကြီး)
~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၃၉၁) မှ
ကောက်နုတ်ပူဇော်ပါသည်။
No comments:
Post a Comment