Thursday, January 9, 2014

လွဲမှားသော ကိုးကွယ်ရာများ


နောက်တစ်ချက် သတိပေးချင်တာက

ဒကာကြီးတို့အိမ်ဘုရားနားမှာ တရိုတသေပြင်ဆင်လျက်
ဝေဒကျမ်းအရ ဗြဟ္မဏဘာသာဝင်ပုဏ္ဏားတို့ ပူဇော်ပသကိုးကွယ်ကြတဲ့
ဗေဒင်လေးပုံဆောင် သူရဿတီမယ်တော်ကြီးပုံကို အိမ်ထဲမှာ ချိတ်ဆွဲပြီး ပိတ်ဖြူပိတ်နီပတ်စည်းထားတဲ့ အုန်းသီးတို့၊ ယပ်ဝန်းတို့၊
ဝက်သားမစားတဲ့ မင်းကြီးမင်းလေးပုံတို့၊ မြင်းဖြူရှင်တို့၊ ထန်းရည်ခါး အရက်နဲ့ပျော်တဲ့ ဦးမင်းကျော်တို့ ရုပ်ပုံကားတွေကို ဖယ်ရှားပြီး၊

ဘိုးတော် သိကြားမင်းနဲ့ နတ်ကြီးလေးပါး၊ ဝိဇ္ဇာရှစ်သောင်း၊ ပထမံသိဒ္ဓိရှင် ဆရာအပေါင်းတို့ဖို့ ဇလုံကြီးတွေနဲ့ပြင်ထားတဲ့ အုန်း၊ ငှက်ပျောပွဲတို့ကို
ရတနာသုံးပါးအတွက် ပြောင်းလဲချက် ပြုပေးလိုက်ရင် တစ်ခုတည်းသော ဗုဒ္ဓဘာသာဝင်စစ်စစ်၊ သန့်ရှင်းဖြူစင်တဲ့ သမ္မာဒိဋ္ဌိဥပါသကာကြီးတွေ ဖြစ်သွားမှာပေါ့ ဒကာကြီးတို့ရဲ့

ကဲ - ဘယ့်နှယ်လဲ။
လုပ်ဝံ့ပါ့မလား။

(သုတေသန သရုပ်ပြအဘိဓာန်ကျမ်းပြုဆရာတော် အရှင်သြဘာဘိဝံသ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၁၈၅)မှ
ကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment