Saturday, January 18, 2014

လူတစ်ယောက်ရဲ့ အမှန်တရား


မှန်မှန်နဲ့ မြန်မြန်ခုတ်မောင်းနေတဲ့ ရထားတစ်စင်းရဲ့ ပြူတင်းပေါက် တစ်ပေါက်မှာ လောကကြီးကိုအထူးအဆန်းနဲ့ ကြည့်ပြီး တတွတ်တွတ် ပါးစပ်ကပြောနေတဲ့ အသက်၂၄နှစ်အရွယ် လူငယ်တစ်ယောက်က
ဘေးမှာထိုင်နေတဲ့ သူ့ အဖေ ကို
" ဖေဖေ ဟိုမှာကြည့်ပါအုံး သစ်ပင်တွေသားတို့ ရထားနောက်မှာကျန်ခဲ့တယ် "
"ဘာဖြစ်လို့ လဲဟင် ဖေဖေ"
"တိမ်တွေလည်း သားတို့ ရထားနဲ့ ယှဉ်ပြီး လိုက်လာတယ်"
"အရမ်း ကြည့်လို့ ကောင်းတယ်နော် ဖေဖေ"
ဆိုပြီး အသက်နဲ့ မမျှအောင် သာမန်လူတွေအတွက်နေ့ စဉ်ကြုံတွေ့ နေရတဲ့ အရာမှန်သမျှကို သူ့အတွက် အထူးအဆန်း လုပ်ပြောနေ ရှာပေမယ့် ဘေးမှဖခင်ဖြစ်သူကတော့ သူ့သားအဖြစ်ကို ကြည့်ပြီးပြုံးနေရှာတယ်။

ဒါကိုမြင်တဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ လူငယ်စုံတွဲက ကောင်လေးရဲ့ အဖြစ်ကို ကြည့်ပြီးရယ်ကာ ကောင်လေး၏ဖခင်ဖြစ်သူကိုမေးတယ်။
"ဦးလေးရဲ့ သားဒီလိုဖြစ်နေတာကို ဆေးရုံကိုခေါ်ပြီး ဆရာဝန်နဲ့ ညှိနှိုင်းသင့်တယ်"
ဒါနဲ့ ကောင်လေးရဲ့ဖခင်ဖြစ်သူကလည်း
"အခုပဲဆေးရုံကဆင်းလာတာပါ။
ဦးလေးသားက စိတ်မကျန်းမာသူ မဟုတ်ပါဘူး။
မွေးကထဲက မျက်စိမကောင်းလို့  မကြာသေးခင်ကမှ မျက်ကြည်လွှာ
အလှူရှင်တွေ့ ပြီး ယခုအသက်၂၄နှစ်အရွယ်ရောက်မှ လောကကြီးကို
အမြင်နဲ့ ထိတွေ့ ခွင့်ရလို့ အားလုံးကို အထူးအဆန်း ဖြစ်နေတာပါ"
လို့  ပြုံပြုံးလေးနဲ့  စောနက စုံတွဲကို ပြန်ဖြေလိုက်ပါတယ်။

ဒါ့ကြောင့် လူတစ်ယောက်ရဲ့ အမှန်တရားကို သေချာမသိခင်
မိမိ၏ ထင်ကြေးနဲ့ ထိုလူကို လှောင်ရယ် မပြုသင့်ပါ။
သူ့ အမှန်တရားကို သင်သိတဲ့အချိန်မှာ သင့်အမှန်တရားဟာ
သူ့ အတွက် လှောင်ရယ်ပြုစရာဖြစ်နေပါလိမ့်မယ်............


ZK
http://www.kanaung.net/

No comments:

Post a Comment