Monday, January 20, 2014

“ ထွက်ပေါက်မှန်ပါစေ... ”



ပိယတော ဇာယတီ သောကော
ပိယတော ဇာယတီ ဘယံ
ပိယတော ၀ိပ္ပမုတ္တဿ
နတ္တိသောကော ကုတောသယံ

(ဓမ္မပဒ)
ဒီဂါထာလေးက အားလုံးရဖူးကြားဖူးတဲ့ ဂါထာလေးပါ။
မြန်မာလို အဓိပ္ပါယ်ကတော့ -
www.facebook.com/youngbuddhistassociation.mm
♦ အချစ်ကြောင့် သောကဖြစ်ရပါတယ်။
♦ အချစ်ကြောင့် ဘေးဖြစ်ရပါတယ်။
♦ အချစ်မရှိရင် အချစ်မှကင်းလွတ်ရင်
သောကမဖြစ်ဘူး၊ ဘေးလည်းမဖြစ်တော့ပါဘူးတဲ့။

ဒါလေးကိုကြည့်ပီး ပထမဆုံးသတိရလိုက်တာက မြို့လေးတမြို့က အမျိုးသမီးကြီးတယောက်ရဲ့ အကြောင်းပါ။ တခါတုန်းကပဲဆိုပါတော့
မြို့လေးတမြို့မှာ အမျိုးသမီးကြီးတယောက်ရှိတယ်။ အမျိုးသမီးကြီး ဆိုပေမယ့် အသက်က (45)နှစ်လောက်ပဲ ၇ှိသေးတယ်။ နည်းနည်းဝနေလို့ အမျိုးသမီးကြီးလို့ သုံးလိုက်ရတာပါ။

သူ့မှာလင်ယောက်ျားရှိသလို သားသုံးယောက်လည်း၇ှိပါတယ်။
အလုပ်ကတော့ ဈေးထဲမှာဈေးရောင်းပါတယ်။ ဈေးနဲ့စာသင်ကျောင်း နီးတဲ့အတွက် သားတွေကို ကိုယ်တိုင်ကျောင်းပို့ပြီးမှ ဈေးထွက်လေ့ ရှိပါတယ်။
www.facebook.com/youngbuddhistassociation.mm
ပြောလိုတာက အိမ်ရဲ့စီးပွားရေးကို ဇနီးဖြစ်သူ အမျိုးသမီးကြီးက ဦးဆောင် လုပ်ကျွေးနေတယ် ဆိုတာပါပဲ။

တစ်နေ့တော့ ယောက်ျားလုပ်သူက အမျိုးသမီးငယ်တစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုသွားပါတယ်။ ဒီတော့ အမျိုးသမီးကြီးလည်း
အချစ်ကြောင့်သောကဖြစ်ရတယ်ဆိုတဲ့အတိုင်း မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်၊ အလုပ်မလုပ်နိုင်နဲ့ သောကတွေ ဖြစ်ရပါတော့တယ်။
www.facebook.com/youngbuddhistassociation.mm
ဈေးဆိုင်ကိုယ်တိုင်မထွက်နိုင်တော့သလို သားတွေကိုလည်း ကျောင်းကို ကိုယ်တိုင် လိုက်မပို့နိုင်တော့ပါဘူး ။ ဈေးဆိုင်ကို အမျိုးမကင်းတဲ့
အမျိုးသမီးတစ်ယောက်နဲ့လွဲပြီး ကိုယ်တိုင်ကတော့ တဆင့်တဆင့် ပွါးလာတဲ့ ပွါးပွါးလာတဲ့ သောကတွေနဲ့ ရင်ဆိုင်နေရပါတော့တယ်။

ဒီလိုနဲ့ လနည်းနည်းကြာလာတော့ ယောက်ျားရဲ့ နောက်အိမ်ထောင် အမျိုးသမီးငယ်လေးမှာ ကိုယ်ဝန်ရလာပါတယ်။ ဒီတင်းကြားရတော့ မယားကြီးဖြစ်သူ အမျိုးသမီးကြီးက ပိုလိုသောကရောက်ရပြန်ပါတယ်။
www.facebook.com/youngbuddhistassociation.mm
ကြာလာတော့ ဖြစ်ပေါ်လာတဲ့သောကကို မခံစားနိုင်တော့ပါဘူး။
ဒါကြောင့်ရေနွေးကျွတ်ကျွတ်ဆူနေတဲ့ ရေနွေးတွေကို ရေပုံးတစ်လုံးထဲ ထည့်ပြီး ကိုယ်ဝန်သည် အမျိုးသမီးငယ်လာတတ်တဲ့ တံတား အလယ်လောက်က သွားစောင့်နေပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီနေ့မှာပဲ ကိုယ်ဝန်သည် အမျိုးသမီးငယ်လေးက
တံတားပေါ်ကိုဖြတ်လာပါတယ်။ အမျိုးသမီးငယ်လေးကျော်အသွားမှာ နောက်ကနေ ရေနွေးပူတွေနဲ့လောင်းချလိုက်တော့တာပါပဲ။

အမျိုးသမီးငယ်လေးလည်း နေရာမှာတင် ပုံလျက်သား လဲကျသွားပါတယ်။ လူတွေ ၀ိုင်းအုံရောက်လာပြီး အမျိုးသမီးလေးကို
ဆေးရုံးဝိုင်းတင်ပေးကြပါတယ်။ အားလုံးက အသက်
“ နှစ်သက်ကိုသတ်လိုက်တာ၊ နှစ်သက်ကို သတ်လိုက်တာ ” ဆိုပြီးပြောကြပါတယ်။
www.facebook.com/youngbuddhistassociation.mm
ဒါပေမယ့် ကိုယ်ဝန်ထဲက ကလေးပဲပျက်စီးသွားပြီး မိခင်တော့ အသက် မသေလိုက်ပါဘူး။

■ အမျိုးသမီးကြီးဟာ အချစ်ကြောင့် သောကတွေလည်းဖြစ်ရသလို
ထောင်ကျခြင်းဆိုတဲ့ ဘေးလည်းဖြစ်သွားရပါတယ်။
မြတ်စွာဘုရား ဟောထားတဲ့ ဂါထာလေးနဲ့ ကွက်တိပါပဲ။

စာရေးသူက အမျိုးသမီးကြီးအချစ်ကြောင့် သောကဖြစ်နေရတဲ့အချိန်
ဘေးမဖြစ်သေးခင်မှာ ဦးဇင်း အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)ရဲ့
“ အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ” ဆိုတဲ့ စာအုပ်လေးကို ပေးဖတ်လိုက်ချင်တာပါ။
www.facebook.com/youngbuddhistassociation.mm
အဲဒီစာအုပ်ထဲမှာ အချစ်ကံခေပေမယ့် အနှစ်ကျန်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ ၀တ္တုလေးတစ်ပုဒ်နဲ့ အကျယ်ပြထားပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်က အမျိုးသမီးငယ်လေး တစ်ယောက် ရှိပါတယ်။ သူကိုသူ့ရဲ့ခင်ပွန်းက တစ်စက်မှ မချစ်ပါဘူး။
ဒါကြောင့် အမျိုးသမီးတယောက်နဲ့ဖောက်ပြန်နေပါတယ်။

ဒီတော့ အမျိုးသမီးငယ်လေးက သူမချစ်လည်း ကိစ္စမရှိပါဘူး ဆိုပြီး တရားဘက်ကိုပဲ အဓိကထားလုပ်ပါတော့တယ်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ဆွမ်းကပ်၊ တရားနာယူပါတယ်။
ဟောတဲ့ တရားတွေကို အခြေခံပြီး ၀ိပသ၁နာရှုမှတ်တာ အိမ်မှာတင် သောတာပန် တည်သွားပါတယ်။
www.facebook.com/youngbuddhistassociation.mm
နောက်ဘိက္ခုနီမပြုပြီး ဆက်တရားအားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားပါတယ်။
♦ အမျိုးသမီးငယ်လေးအနေနဲ့ အိမ်ထောင်ရေး အဆင်ပြေနေမယ် ဆိုရင် အခုလို တရားအားထုတ်ဖြစ်မှာ မဟုတ်ပါဘူး။ အဆင်မပြေတဲ့ အိမ်ထောင်ရေးက တရားအားထုတ်ဖြစ်ဖို့ ကျေးဇူးပြုလိုက်တာပါ။
တစ်ချို့ဆိုးကျိုးတွေကတစ်ဖက်မှာကောင်းဖို့ဆိုးလာတာပါ။

ပြဿနာတိုင်း ပြဿနာတိုင်း မှာ ထွက်ပေါက်ဆိုတာရှိပါတယ်။
ကိုယ်ကထွက်ပေါက်ရှာတတ်ဖို့ပဲ အရေးကြီးပါတယ် ။
www.facebook.com/youngbuddhistassociation.mm
ဘာပဲပြောပြော ပြဿနာတိုင်း ပြဿနာတိုင်း မှာ ထွက်ပေါက်ဆိုတာ ရှိစမြဲဆိုတော့နောက်ဆုံး သေချင်လောက်အောင် ဖြစ်ရတဲ့ ပြဿနာမျိုးမှာတောင် ထွက်ပေါက်ဆိုတာ ရှိပါတယ်။

အထက်က ၀တ္တုဖြစ်စဉ်နှစ်ခုမှာ ယှဉ်ပြောရရင် အမျိုးသမီးကြီးက ထွက်ပေါက်မှားသွားတာပါ။ အမျိုးသမီးငယ်လေးက ထွက်ပေါက် မှန်သွားတာပါ။

ဒီနေရာမှာဘာကွာသွားသလဲဆိုတော့
♦ ယောနိသော မနသိကာရ ရှိသူက ကုသိုလ်တွေ ဖိပြုပါတယ်။
♦ အယောနိသော မနသိကာရ ရှိသူက အကုသိုလ်တွေ ဖိပြုပါတယ်။
အခြေခံတရားအသိကကွာသွားတော့ အပြုအမူပိုင်းလည်း ကွာသွားတော့တာပါ။

ဘယ်လိုပြဿနာမျိုးပဲ ကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားရမယ်။
www.facebook.com/youngbuddhistassociation.mm
♦ တစ်ချို့ပြဿနာတွေကို “ဒါန” ပေးကမ်းစွန့်ကြဲပြီး ဖြေရှင်းရပါတယ်။
♦ တချို့ပြဿနာတွေကို “မေတ္တာ” နဲ့ ဖြေရှင်းရပါတယ်။
♦ တချို့ပြဿနာတွေကို “သနားကရုဏာ” နဲ့ ဖြေရှင်းရပါတယ်။
♦ တချို့ပြဿနာတွေကို “ဥပေက္ခာ” နဲ့ ဖြေရှင်းရပါတယ်။
♦ တချို့ပြဿနာတွေကို “သည်းခံ” ပြီး ဖြေရှင်းရပါတယ်။
♦ တချို့ပြဿနာတွေကို သည်းခံတာမဟုတ်ပဲ “တုံဏှိဘာဝေ = ဆိတ်ဆိတ်နေပြီး” ဘာစကားမှကို ပြန်မပြောဘဲ ဖြေရှင်းရပါတယ်။
♦ တချို့ပြဿနာတွေကို “သစ္စာ”ဆိုပြီး ဖြေရှင်းရပါတယ်။
♦ တချို့ပြဿနာတွေကျတော့ “၀ိပဿနာ”နဲ့ ဖြေရှင်းရပါတယ်။ ဘယ်လိုပြဿနာမျိုးပဲ ကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားရမယ်။ ။

ပြဿနာတခုဖြစ်လာပြီဆိုရင် ခုတင်ပေါ်မှာလှဲ နဖူးပေါ်လက်တင် စိတ်ရော ရုပ်ရောလျော့ထားပြီး “ ငါ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့
ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားမယ် ” ဆိုတဲ့ အသိကို ထပ်ကာထပ်ကာ ဆင်ခြင်နေလိုက်ပါ။ ရင်ထဲမှာ ကိုယ်ဆင်ခြင်တဲ့ အသိရောက်လာပြီဆိုရင် သင့်တော်ရာ တရားသဘောတစ်ခုခုနဲ့ ဖြေရှင်းရမှာပါ။

အားတဲ့အခါလေးတွေမှာလည်း တရားသဘောလေးတွေကို ဆင်ခြင်နေသင့်တယ်။ ဆင်ခြင်းရင်းနဲ့ တရားအသိ လေးတွေ ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ တရားအသိလေးတွေကို
အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာကို တရားသဘောနဲ့ ဖြေရှင်းသွားဖို့ပါပဲ။
www.facebook.com/youngbuddhistassociation.mm
ဖြစ်ပေါ်လာတဲ့ ပြဿနာကို မတရားတဲ့သဘောနဲ့ ဖြေရှင်းလိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေကလည်း ပေါ်လာရဦးမှာပါပဲ။

တကယ့်ကို ကိုယ်ကဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တရားသဘောနဲ့ ဖြေရှင်းချင်တယ် ။ မဖြေရှင်းတတ်တော့ဘူးဖြစ်နေရင်
♦ ဆရာတော်တွေ ၊
♦ မိတ်ကောင်းဆွေကောင်းတွေ၊
♦ လူပညာရှိတွေကို တိုင်ပင်ပြောပြ အကြံတောင်းယူသင့်တယ်။
♦ နောက်ဆုံး ဘယ်လိုမှ မဖြေရှင်းတတ်တော့ဘူး။
သိပ်ကို စိတ်ဆင်းရဲနေရပြီဆိုရင် ရိပ်သာဝင်ပြီး ၁၀ ရက်လောက် တရားအားထုတ်ပစ်လိုက်ပါ။

အချစ်ဆိုတာ အနာဂါမ်ရောက်မှ ပယ်လို့ရမှာပါ။ အနာဂါမ် မဖြစ်သေးသရွေ့တော့ အချစ်ဆိုတာ ရှိနေဦးမှာပါ။
www.facebook.com/youngbuddhistassociation.mm
အချစ်ရှိနေသရွေ့တော့ အချစ်နဲ့ယှဉ်တဲ့ နောက်ဆက်တွဲ
ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရဦးမှာပါ။

စာဖတ်သူ အောက်က စာပိုဒ်လေးကို နှစ်ခေါက်လောက် တိုးတိုးလေး ဆိုကြည့်ရအောင်နော်။

“ဘယ်လိုပြဿနာမျိုးပဲကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားလိုက်စမ်းပါ။ ဒါဆိုရင် စိတ်ချမ်းသာပါလိမ့်မယ်။”

- [ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)]

(အလင်းတန်းဂျာနယ် ၇.၈.၂၀၀၆)
[ ဆရာတော်အရှင်ရာဇိန္ဒ - ရဝေနွယ် (အင်းမ) ၏
အချစ်နှင့် ဝိပဿနာစာအုပ်၊
စာမျက်နှာ ၁၃ ~ ၂၀ မှ- ကူးယူပူဇော်ပါသည်။ ]

- Admin Team of YBAM
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment