Monday, January 13, 2014

*** Facebook မှာ ဒီလိုအချက်လေးတွေ လုပ်မယ်ဆို သေချာတယ် သင်ပေါ်ပြူလာဖြစ်ပြီ ***


အွန်လိုင်းလောကနဲ့ ပြင်လောကမှာ ကွာဟချက်တွေ အများကြီး ရှိပါတယ်။ အွန်လိုင်းကနေတစ်ဆင့် မိတ်ဆွေ အပေါင်းအသင်းတွေဖြစ်ပြီး အပြင်မှာ တွေ့ကြဆုံကြတာတွေလဲပိုပြီး ခေတ်စားလာပါတယ်။ ဒီလိုနဲ့ပဲ အရင်းနီးဆုံး သူငယ်ချင်းတွေလဲ ဖြစ်သွားနိုင်ပါတယ်။

ကျောင်း၊ အလုပ်အကိုင်တစ်ဖက်နဲ့ မအားလပ်တဲ့ကြားကမှ ကိုယ်နဲ့ တကယ်ရင်းနီးနေတဲ့ သူငယ်ချင်း ဒါမှမဟုတ်လဲ ဆိုရှယ်လ်နက်ဝေါ့ခ် ကမှတစ်ဆင့် ရင်းနီးကျွမ်းဝင်သွားတဲ့ သူငယ်ချင်းနဲ့ ရေရှည်အထိ အမြဲခင်မင်မှုမပျက်တဲ့ ဆက်ဆံရေးမျိုးဒီ (၁၂) ချက်နဲ့ တည်ဆောက်နိုင်မှာပါ။ ဆိုရှယ်လ် နက်ဝေါ့ခ်တွေထဲမှာ လူကြီး၊ လူငယ်တွေကြားမှာ ရေပန်းအစားဆုံးကတော့ ဖေ့စ်ဘွတ်ခ်ပဲ ဖြစ်ပါတယ်။


၁) ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းတွေရဲ့ Profile Pictureတွေကို like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment (ထင်မြင်ချက်ပေးခြင်း) ပြုလုပ်ပေးပါ။ ဒါမှ သူ့တို့ကိုယ်သူတို့  ယုံကြည်မှုတွေရှိလာနိုင်ပြီး သူတို့ဘက်မှာ ကိုယ်ကအမြဲ ရပ်တည်ပေးနေတာ သူတို့ ပိုသိလာနိုင်ပါတယ်။

၂) ဘယ်လောက်ပဲ ဒေါသအမျက်ထွက်ထွက် ဖေ့စ်ဘွတ်ခ်ဝေါလ်ပေါ်မှာ စကားများရန်ဖြစ်ခြင်းတွေ မလုပ်ပါနဲ့ ။ အားလုံးအတွက် အရှက်ရစေပါတယ်။

၃) မွေးနေ့ပါတီတွေ ဒါမှမဟုတ် တခြားအရေးပါတဲ့ အစီအစဉ်တွေကို သူငယ်ချင်းတွေက ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့် ဖိတ်ကြားလာရင် အကြောင်းပြန်ဖို့ မမေ့ပါနဲ့ ။ ဒါမှ ကိုယ်တကယ်လာနိုင်မလာနိုင် သူတို့ကသိနိုင်ပြီး၊ ကိုယ့်ဘက်က ဖိတ်ကြားတာတွေရှိရင်လည်း သူတို့ဘက်က တိကျတဲ့ အကြောင်းပြန်မှုတွေကိုရနိုင်မှာပါ။

၎) သူငယ်ချင်းတွေကို အပြင်လက်တွေ့ဘ၀မှာ ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်သွားပြီးပဲ ဖြစ်ဖြစ် မွေးနေ့ဆုတောင်းစကား ပြောပြီးရင်တောင် ဖေ့ဘွတ်ခ်ကနေလည်း မွေးနေ့ရောက်ရင် မွေးနေ့ဆုတောင်းစကား ပြောလိုက်ပါ။ သူတို့  ကျေနပ်ဝမ်းသာနေမှာပါ။

၅) လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပုံတွေက like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment (ထင်မြင်ချက်ပေးခြင်း) ပေးတာတွေ မလုပ်ပါနဲ့ ။ အထူးသဖြင့် ခေတ်နောက်ကျပြီး ကသိကအောက်ဖြစ်စေတဲ့ ပုံမျိုးတွေကိုပေါ့။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။

၆) သူငယ်ချင်းတွေရဲ့ ဖေ့ဘွတ်ခ်အကောင့် ဟက်ခ်လုပ်ခံရရင် သူတို့ကို တိုက်ရိုက် အကြောင်းကြားပေးပါ။ ဒါမှ နောက်တစ်ခါ ဟက်ခ်လုပ်မခံရအောင် သတိထားသွားနိုင်မှာပါ။

(၇) In Relationship ကနေ Single လို့ပြောင်းသွားတဲ့ သူငယ်ချင်းတွေရဲ့ အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တိုက်ရိုက် စပ်စုတာတွေ မလုပ်ပါနဲ့ ။ အကြောင်းစုံကို ပြောပြချင်တဲ့သူတွေကတော့ ကိုယ့်ကို တိုက်ရိုက် ဆက်သွယ်ပြီး ပြောပြမှာပါပဲ။

၈) ကိုယ်နဲ့ မသိမရင်းနီးတဲ့ သူတွေကို Poke မလုပ်ပါနဲ့ ။ ကိုယ်နဲ့သိတဲ့ သူတွေကိုလဲ မလိုအပ်ရင် Poke မလုပ်ပါနဲ့။ စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။

၉) မကြားဖူး၊ မမြင်ဖူးတဲ့သူတွေကို သူငယ်ချင်းအဖြစ် request သွားမလုပ်ပါနဲ့ ။ သူစိမ်းတွေက အန္တရာယ်များပါတယ်။

၁၀) ကိုယ့် Profile Picture တို့  cover pictureတို့မှာ သူငယ်ချင်းတွေပါ ပါနေရင် ကိုယ်တစ်ယောက်တည်း ခန့်ညားလှပနေတဲ့ ပုံကို မတင်ပါနဲ့ ။အားလုံး ကြည့်ကောင်းတဲ့ ပုံမျိုးကို တင်ပါ ။

၁၁) သူငယ်ချင်းတွေ အရှက်ရစေမယ့် အကြောင်းအရာတွေကို သူငယ်ချင်းတွေရဲ့  ဖေ့စ်ဘွတ်ခ် ဝေါလ်မှာ မရေးမိပါစေနဲ့ ။

၁၂) သူငယ်ချင်းတွေက အခက်တွေ့နေချိန်မှာ ဒါမှမဟုတ် အကူအညီ လိုနေချိန်မှာ ကိုယ့်ကို အရေးတကြီး ဖေ့စ်ဘွတ်ခ်ကနေ မက်ဆေ့ခ်ျလှန်းပို့နေရင်လဲ စာချက်ချင်းပြန်ပါ။ အားငယ်သူကို ကူညီဖေးမတာက သူငယ်ချင်းသံယောဇဉ်တွေကို ပိုခိုင်မာစေနိုင်ပါတယ်။

Credit : Trend Myanmar Mobile Users Adventure Club

No comments:

Post a Comment