Tuesday, June 28, 2016

မပူနဲ့  လာဦးမှာ


အင်္ဂုလိမာလကိုမွေးတော့ ဘုရင့်သံလျှက်တော်နဲ့ 
တတိုင်းပြည်လုံးကလက်နတ်တွေအရောင်ထွက်ပေါ်တယ်။

ဘုရားရှင်ကိုလျှောက်တော့ လူတွေဒေါသအားကြီးလျှင်
လက်နတ်ဆန်းများပေါ်မည် လောဘနှင့်မောဟ အားကြီးလျှင်
ရေကြီးခြင်းမီးတောင်ပေါက်ကြီးစသော သဘာဝ
ဘေးအန္တရယ်များကပ်ရောဂါပိုးမွှားများ
တိရစ္ဆာန် အဆန်းများပေါ်၍ လူ့ လောကထဲကို
ဝင်ရောက်နှိပ်စက်လိမ့်မည် တဲ့။

ကဲ ဒါဆိုရင်
တကမ္ဘာလုံးစစ်ဘေးစစ်ဒဏ်ခံနေရတာတွေ
ငတ်ပြတ်နေတာတွေ ဆူနာမီ နာဂစ် စတဲ့
သဘာဝဘေးအန္တရယ်တွေ အေအိုင်ဒီအက်
ကင်ဆာ အီဘိုလာ စတဲ့ ကုရခတ်တဲ့ရောဂါတွေ
အနုမြူ ဗုံးတွေ နူကလီယားလက်နတ်တွေ
အာဖရိကတိုက် အမေဇုန်တောတွေမှာ ဆင်က
တစ်ပေပဲရှိပြီး ပုရွက်ဆိတ်က ၉ ပေရှိ
သတဲ့ အမျိုးအမည်သတ်မှတ်လို့ မရနိုင်တဲ့
တိရစ္ဆာန်းအဆန်းတွေအများကြီးရှိသတဲ့
ကမ္ဘာပေါ်မှာ အဲဒီလိုဖြစ့်။

ပေါ်နေတာတွေဟာလူတွေ လောဘ ဒေါသ မောဟ
အားကြီးလို့ ဆိုတာ အဖြေထွက်တယ်။

လူတွေရဲ့ အကုသိုလ်ကံနဲ့ ကိုက်ပြီး ပေါ်ပေါက်
လာတဲ့အရာတွေကြောင့်ဖြစ်တဲ့အတွက်
အဲဒီအရာတွေပြေလည်အောင်ဖြေရှင်းဖို့ အတွက်
ကိုယ်ကျင့်သီလမပါပဲ မဖြေရှင်းနိုင်ဘူး။

ရောဂါတခုအတွက် ဖြေဆေးရှာလို့ တွေ့ လည်း
နောက်တခုက ထပ်ပေါ်လာမှာပဲ
ကပ်ဆိုးကြီးအတွက် ရှေးတမ်းကဦးဆောင်ပြီး
တာဝန်ယူနေရသူတွေက ဘုရားသခင်ကြောင့်ပါ
လို့ ဆိုပြီး အယူရှိထားကြတဲ့သူတွေ အဲဒီအဖြေကို ဖြေရှင်းနိုင်တာက ဗုဒ္ဓဘာသာတွေ
ဖြေရှင်းရမဲ့သူတွေကိုယ်တိုင်က လွတ်တော်ထဲမှာ
ငြင်းခုန်နေကြတုန်း သူတို့ ကိုယ်တိုင်လည်း
ဖြေရှင်းနည်းကိုသိပုံမရဘူး ဥရောပတိုက်က
မျက်ကန်းတွေပဲအားကိုးနေကြတယ်
ရောဂါတွေ ကပ်တွေဖြစ်ပေါ်စေတဲ့ လောဘ
ဒေါသ မောဟ စတာတွေကို ပယ်သတ်ဖို့ က
သရဏဂုံ ငါးပါးသီလ ဒါန သီလ ဘာဝနာ
ဒါတွေနဲ့ ဖြေရှင်းမှရမှာ။

ခုတော့
လိမ်းဆေးနဲ့ သောက်ဆေးလွဲနေကြပြီ
မပူပါနဲ့  ရောဂါဆန်းတွေ သဘာဝဘေးအန္တရယ်တွေ
အများကြီးလာလိမ့်ဦးမယ်။

အဲဒီအထဲမှာ ပါမသွားချင်ရင်တော့
မိတ်ဆွေတို့ လည်း
ကိုယ်ကျင့်တရားကောင်းအောင်သာ
နေထားကြပေတော့
ကိုယ်ကျင့်တရားမကောင်းကြတဲ့
လူတွေသေကြေပျက်ဆီးဖို့ 
သူတို့ တွေ လာနေကြပြီ။

ဦးမြင့်ခိုင်

No comments:

Post a Comment