Tuesday, June 28, 2016

မိမိသုံးနေသော Facebook Acc ကို ကလိချင်သူများအတွက်


ဆရာများကျော်သွားကြပါလို့ ✌✌✌

Followers ဖွင့်နည်း

Account Setting ကို သွားပါ
Followers ထဲကို ၀င်ပါ (Facebook Birthday မှာ 18 နှစ်ပြည့်ဖို့ တော့ လိုတယ်နော် )
Friends ဆိုတဲ့နေရာမှာ Public ကို ပြောင်းလိုက်ပါ
အဲ့ဒါဆို Followers ဖွင့်ပြီးသား ဖြစ်သွားပါပြီ
........................................................................................

Followers Comment ပိတ်နည်း

F C ပိတ်ချင်ရင်
Who can like and comment on your public post? မှာ Friends ထားလိုက်ပါ
Followers ရော Friends တွေရော Comment ပေးခွင့် ပြုမယ်ဆိုရင် Public မှာထားပါ
Followers တွေထဲက Comment ရွေးပေးစေချင်တယ်ဆိုရင် Friends of Friends ထားလိုက်ပါ

Wallposts ပိတ်နည်း

Account Setting ထဲဝင်ပါ
Timetime and Tagging ဆိုတဲ့ထဲ ၀င်ပါ
Who can post on your timelime? ဆိုတဲ့ထဲဝင်ပါ
Friends ဆိုတဲ့ နေရာမှာ Only me ပြောင်းလိုက်ပါ (ဘယ်သူမှ ကိုယ့် Timelime ထဲ Wallpost ရေးမရတော့ပါဘူး Birthday နီးရင်တော့ မှတ်မှတ်ရရပြန်ဖွင့်လိုက်ပေါ့နော် )

........................................................................................
Tag ပိတ်နည်း (Timelime အမှိုက်ရှင်းသက်သာစေနည်း)

Account Setting ထဲကို ၀င်ပါ
Timelime and Tagging ဆိုတဲ့ထဲ ၀င်ပါ
Review posts friends tag you in before they appear on your timelime? ဆိုတဲ့ စာတန်းလေး ကို နှိပ်လိုက်ပါ
off နေရာ On ပြောင်းလိုက်ပါ (ဘယ်သူမှ ကိုယ့် Timelime ထဲကို အမှိုက်ရှုပ်လို့ မရတော့ပါဘူး)

ပြီးရင်
နောက်တစ်ဆင့်ပါ ထပ်လုပ်လိုက်ပါ

Review tags people add to your own posts before the tags appear on Facebook?
ဆိုတဲ့ စာတန်းလေးထဲဝင်ပြီး off နေရာမှာ on ပြောင်းလိုက်ပါ

........................................................................................
Friends ပိတ်နည်း

Account Setting ထဲက Privacy ထဲက
Who can sent friend request? မှာ Everyone ကနေ Friends of Friends ပြောင်းလိုက်ပါ ( ကိုယ်သူငယ်ချင်းတွေထဲက Friends ဖြစ်နေပြီးသားသူမှ ကိုယ့်ကို လာ Add လို့ရမှာပါ မဟုတ်ရင် Followers ဖွင့်ထားရင် Follow ပဲရပါမယ် )

........................................................................................

Friends List ပိတ်နည်း

Phone Browsers or Computer နဲ့ မိမိ Facebook Acc ကို ၀င်လိုက်ပါ
ပြီးရင် ကိုယ့် Timelime ကို သွားပါ Friends ဆိုတဲ့ထဲဝင်ပါ
Edit Privacy ဆိုပြီးတွေ့ ပါမယ် အဲ့ဒါလေးကို နှိပ်လိုက်ပါ Who can see your friends list? ဆိုတဲ့နေရာက Public ကနေ Only Me ပြောင်းလိုက်ပါ
(ကိုယ့်ဘယ်သူတွေနဲ့ Friends ဖြစ်နေတယ်ဆိုတာကို ဘယ်သူမှ ၀င်ကြည့်လို့ မရတော့ပါဘူး ၀င်ကြည့်တဲ့ သူနဲ့ Manual Friends List ကိုသာ ၀င်ကြည့်တဲ့သူမြင်ရမှာပါ)

Friends Lists ပိတ်နည်း ကို ပုံနဲ့ သိချင်ရင် ဒီ Post မှာ ဝင်ကြည့်ပါ >> https://m.facebook.com/story.php?story_fbid=835579953241024&id=100003670820384
.........................................................................................
Followers အရေအတွက် မြင်နေရတာကို ပိတ်နည်း

ခုန Friends List ထဲက Edit Privacy ထဲကပဲ
who can see your followers on your timelime? ကို Public ကနေ only me ပြောင်းလိုက်ပါ

.........................................................................................
Friend Request Sent Limit ပြည့်လို့ ထပ်အပ်လို့မရတော့ရင် ကိုယ်အရင်က Add ခဲ့သူတွေပြန်ဖျက်ဖို့ ဒီမှာ ၀င်ကြည့် / ကိုယ် Add ထားပြီး ဘယ်သူတွေ လက်မခံသေးလဲ ကြည့်ချင်ရင် ဒီမှာ ၀င်စစ်ကြည့်

https://mobile.facebook.com/friends/center/requests/outgoing/?_rdr#friends_center_main

....................................................................................
Hacking ရန်မှ သာမန် HackCat တွေရန်အား ကာကွယ်နည်း

Account Setting ထဲက General ထဲဝင်ပါ
Email ထဲဝင်ပါ Friends ဆိုတဲ့ နေရာမှာ Onlyme ပြောင်းထားပါ
ပြီးရင် Back တစ်ချက်နှိပ်ပြီး Security ဆိုတဲ့ထဲ ၀င်ပါ
Login Alerts ဆိုတဲ့ထဲ ၀င်ပါ
Notifications ဆိုတဲ့ထဲ ၀င်ပါ Don't get notifications ကနေ Get Notifications ပြောင်းလိုက်ပါ (Browser or Other Device က လက်ရှိကိုယ်သုံးနေတဲ့ Acc ကို ၀င်လိုက်တိုင်း ယခု Acc ၀င်တာ သင် လား တခြားသူလား noti ပေးပြီး မေးမှာ ဖြစ်ပါတယ် )
Save လုပ်ပါ
Back တစ်ချက်ပြန်ထွက်ပြီး
Email ဆိုတဲ့ထဲ ထပ်ဝင်ပါ
Don't get email alerts ကနေ Get email alerts ပြောင်းလိုက်ပါ (အထက်မှာ ပြောခဲ့သလို တစ်နေရာရာက မိမိ Acc ကို ၀င်လိုက်ပြီဆိုတာနဲ့ Email ကို စာလှမ်းပို့ ပေးမှာပါ)
Save လုပ်ပါ

Back နှစ်ချက်ပြန်ထွက်ပြီး
Login Approvals On ထဲဝင်ပါ မိမိ အမြဲ သုံးတဲ့ Ph no တစ်ခု ထည့်လိုက်ပါ
ph no ကို code ပို့ ပေးပါလိမ့်မယ် အဲ့ code ရိုက်ထည့်ပြီး Login Approvals On တာအောင်မြင်သွားပါပြီ
Login Approvals Code တွေ တန်းချပြတတ်သလို တစ်ခါတစ်လေ တန်း ချမပြပါဘူး
တန်းချမပြရင် Account Setting ထဲ က Security ထဲ ပြန်ဝင်ပါ
Login Approvals Codes ဆိုတဲ့ ထဲ ၀င်လိုက်ပါ Codes ဆယ်ခု တွေ့ ရပါတယ် အဲ့ Code ဆယ်ခု ကို သေချာသိမ်းထားပါ
ကိုယ့်ထည့်ခဲ့တဲ့ Ph Network Server ကြောင်နေချိန် Acc ပြန်ဝင်ချိန်မှာ ဖုန်းကို Code မပို့ ခဲ့ရင် ခုန က Codes ဆယ်ခုထဲက တစ်ခုခုနဲ့ ပြန်ဝင်နိုင်ပါတယ်
အဲ့ Code ဆယ်ခု ကုန်သွားခဲ့ရင် လဲ အောက်ခြေနားမှာ get new codes ဆိုတာပါပါတယ် code ဆယ်ခု အသစ် ပြန်ယူနိုင်ပါတယ်

Third Parth Authenticator တော့ မပြောပြတော့ပါဘူး အဲ့လောက်ဆို လုံလောက်နေပါပြီ 60% လောက် ကောင်းကောင်း ကာကွယ်ထားနိုင်ပါတယ်

.........................................................................................
Acc ကို ခဏ မသုံးချင်သေးဘူးဆိုရင် Deactivate လုပ်ထားလို့ ရပါတယ်

Deactivate လုပ်နည်း
Account Setting ထဲက Security ထဲဝင်ပါ
အောက်ခြေနားမှာ Account(Deactivate) ဆိုတဲ့ ထဲ ၀င်ပါ
Password တောင်းရင်ရေးပေးလိုက်ပါ
ခြေနေမျိုးစုံ အကြောင်းပြပြီး D သွားလို့ ရပါတယ်
Acc ပြန်သုံးမယ် ဆိုရင်တော့ This is temporary. I'll be back ကို ရွေးပြီး Close ကိုနှိပ်ပါ
7Days ကိုရွေးပါ
အောက်ခြေနား နည်းနည်းသွားပြီး opt out of receiving future email from facebook ကို ခေါက်ခြစ် ပြီး
Deactivate ကို ရွေးပေးလိုက်ပါ သွ့ သူ Log out ဖြစ်သွားမှာပါ
သူငယ်ချင်းများ ထံမှာ Facebook User လို မပေါ်ပဲ နာမည် ကိုအဖြူကြီးနဲ့ ပေါ်နေမှာပါ

Deactivate မှာ I don't understand how to use Facebook. ကို ရွေးပြီး Deactivate လုပ်ပြီး
Acc ပိတ်လိုက်မယ်ဆိုရင် Acc ကို Server မှ ဖျက်ချသွားမှာပါ များသောအားဖြင့်တော့ ပြန်ဝင်ရင် ပြန်တက်လာပါတယ်

Deactivate မလုပ်ချင်ပဲ ကိုယ်တိုင်လဲ မသုံးချင်တော့ဘူးဆိုရင်
တစ်ယောက်ယောက်ကို အမွေ ပေးခဲ့လို့ ရပါတယ်
Security ထဲ က Legacy Contact ထဲမှာ သင် အမွေ ပေးချင်တဲ့ တစ်ယောက်ကို ပေးခဲ့နိုင်ပါတယ်

.........................................................................................
ဆရာလုပ်တာတော့ မဟုတ်ဘူးပေါ့ နော် မသိသေးတဲ့ သူတွေအတွက် သိတာလေး တွေ ပြန်ဝေမျှတာပါ
Peace✌✌
credit>>>> Yoyolay

No comments:

Post a Comment