Tuesday, June 28, 2016

သန့်ရှင်းရေးလုပ်သားဘ၀ကနေ အင်ဂျင်နီယာဖြစ်လာသူ


ညဘက်မှာ ကောလိပ်ကျောင်းကို သန့်ရှင်းရေးလုပ်ရပြီး နေ့ပိုင်းမှာ အင်ဂျင်နီယာ ဘာသာရပ်သင်ကြားခဲ့သူဟာ မကြာခင်မှာ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်းမှု လုပ်နိုင်တော့မှာပါ။ ဗော်ဒရယ်ဟာ ပြီးခဲ့တဲ့ (၈)နှစ်လုံးလုံး မက်ဆာချူးဆက်ပြည်နယ်က Worcester Polytechnic Institute မှာ သန့်ရှင်းရေးအလုပ်သမား လုပ်ခဲ့ပြီး သူ့ရဲ့ စိတ်ဒဏ်ရာကို ကုစားဖို့အတွက် အင်ဂျင်နီယာ သင်တန်းတက်ခဲ့တာ ဖြစ်ပါတယ်။

ဗော်ဒရယ်ဟာ ဆေးသုတ်တဲ့ လုပ်ငန်းပိုင်ရှင်ဖြစ်ခဲ့ပေမယ့်၂၀၀၈ ခုနှစ်မှာ ဒေ၀ါလီ ခံခဲ့ရလို့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ပြီး သန့်ရှင်းရေး အလုပ်သမားဖြစ်ခဲ့တာပါ။ ဘ၀ကို အသစ်က ပြန်စရမယ့်အချိန်မှာ ဗော်ဒရယ်က Worcester Polytechnic Institute မှာ သန့်ရှင်းရေး အလုပ်သမားအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ Worcester Polytechnic Institute က အင်ဂျင်နီယာ ဘာသာရပ်အတွက် သင်တန်းသားအသစ်တွေ ခေါ်ယူခဲ့ပြီး သူတို့ ကျောင်းဝန်းထဲက အလုပ်သမားဆိုရင် အခမဲ့ သင်ကြားပေးမယ်လို့ ကြေညာခဲ့ရာမှာ သင်တန်းတက်ဖို့ ဗော်ဒရယ် ဆုံးဖြတ်ခဲ့ပါတယ်။

ဗော်ဒရယ်ဟာ အင်ဂျင်နီယာသင်တန်းမှာ သူ့ထက် အသက်(၃၀)ငယ်တဲ့သူတွေနဲ့အတူတူ သင်ကြားခဲ့ရပြီး ပြီးခဲ့တဲ့မေလမှာ အင်ဂျင်နီယာ ဘာသာရပ် အောင်လက်မှတ် ရရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဗော်ဒရယ်ဟာ GPA ၃.၆၅ မှတ်(အမြင့်ဆုံး ၄မှတ်)နဲ့ အင်ဂျင်နီယာ ဘာသာရပ်မှာ အောင်လက်မှတ် ရခဲ့ပေမယ့် အလုပ်မရခဲ့ပါဘူး။ ဒါကြောင့် ရှိရင်းစွဲ သန့်ရှင်းရေးအလုပ်သာ ပြန်လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့အကြောင်းကို NBC သတင်းဌာနက ဖော်ပြခဲ့ပြီးနောက်မှာတော့ သူ့ကို အလုပ်ခေါ်ယူသူတွေ များပြားခဲ့ပြီး ကွန်နက်တီကပ်ပြည်နယ်က Pratt & Whitney လေကြောင်းနဲ့ အာကာသလုပ်ငန်းစုက သူ့ကို အလုပ်ခန့်အပ်ဖို့ အတည်ပြုခဲ့ပါတယ်။

Ref: http://www.nbcnews.com/…/custodian-michael-vaudreuil-lands-…

Nz(ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment