Tuesday, June 28, 2016

ဝေဒနာ (၃)မျိုး


ဒုက္ခဝေဒနာ။ သုခဝေဒနာ။ ဥပက္ခာဝေဒနာ။

ဒုက္ခဝေဒနာ။
ဝေဒနာနဲ့  ငါမရောစေနဲ့ ။ ဝေဒနာကသူ့ သဘောနဲ့  သူဖြစ်ပျက်နေတာကို၊ သူစိမ်းသဘောနဲ့  ကြည့် ပါ။

ခန္ဓာထဲဝေဒနာဖြစ်တဲ့  နေရာလေးကို ဧည့် သည်နေ၊ နေ ပြီး၊ ဧည့် သည်သေ၊ သေတာလေးကိုပဲ ကြည့်  နေလိုက်ပါ။ ဝေဒနာ၊ ဘယ်လိုပင်ဆက်နေပါစေ၊

ဖြစ်ပျက်သဘောနဲ့  နေတာပဲ။ ကျုပ်တို့  က ဝေဒနာတခုနဲ့  တခုကြားညာဏ်ထိုးရမယ်။

ဝေဒနာကအပျက်၊ ထိုးလိုက်တဲ့ ညာဏ်ကမဂ်။ ဒီလိုဝေဒနာအပျက်နဲ့ ၊ နောက်ကညာဏ်နဲ့  ဆက်ဆက်ချည်းသွားလို့  ရှိရင်၊ အပျက်ချည်းပဲ မြင်နေပြီး၊

နာကြင်ကိုက်ခဲ တဲ့  ဝေဒနာကိုမမြင်တော့ ဘူး။ ဝေဒနာပေါ်စကသာ မိအောင်ရှုနိုင်ရင်၊လည်းဒီဝေဒနာကြီးကိုမလာတော့ ဘူး၊ နာတာအစဉ်သဖြင့် 

နာနေတယ်ဆိုရင်၊ညာဏ်ကမထိုးထွင်းနိုင်တဲ့  အတွက်၊ ဒေါသကိလေသာကြားခိုလိမ့် မယ်။ တကိုယ်လုံးနာနေရင် ပြင်းထန်တဲ့  နေရာကိုဖြစ်ပျက်ရှု၊

မခံသာလို့  ပြင်ချင်ရင်၊ ရှုမှတ်မှု ကိုမလွှတ်ပဲ၊ ဖြည်းဖြည်းလေးနေရာပြင်နိုင်ပါတယ်။ တွေ့ နေတဲ့  သဘာဝအမူအရာလေးတွေကိုတော့ ပြင်လိုက်တာနဲ့ 

ပျောက်မသွားစေနဲ့ ။နေရာမပြင်လျှင်သာပြီးကောင်းတယ်။ ပြင်လျှင်သမာဓိပျောက်မသွားသည့်  တိုင်၊ ဆုတ်ယုတ်သွားတတ်တယ်။

သုခဝေဒနာ။
ယားတာက ဒက္ခဝေဒနာ၊ ယားတာပျောက်သွားတာကသုခဝေဒနာ၊ ဒက္ခဝေဒနာရှုတတ်တာကကြမ်းလို့ ၊ သုခဝေဒနာရှုတတ်တာကနုလို့ ။

ဘာဝေဒနာပေါ်ပေါ်ဖြစ်ပျက်ရှုရမယ်။ ဒုက္ခဝေဒနာတခုထည်းရှာရှုရင်ငါးပါးမှောက်မယ်။ ကိုယ်ပေးမှာသုခဝေဒနာပေါ်တယ်။ ကာယ၀ိညာဏ်ျွန်းသိတဲ့ 

ဝီထိကဘာမှမဖြစ်ဘူး၊ မနောဒွာယနဲ့  လှမ်းသာယာလိုက်မှ၊ဟဒယ၀တ္ထုပေါ်မှာ ဇောခုနှစ်ကြိမ်နဲ့  တဏှာဖြစ်တာ။ ဝေဒနာပေါ်လည်းပေါ်သွားတယ်။

ဒီကနေရှိသေးလားမရှိသေးလားတွေးလုံးသာထုတ်ပါ။ တွေးလုံးထုတ်သည်နှင့် တပြိင်နက်တွေးတဲ့  စိတ်ပေါ်ရင်၊ အရင်ဖြစ်တဲ့  စိတ်ဟာ၊ ရှိကိုမရှိဘူး။

စိတ်ထဲ ချမ်းသာတာလေးပေါ်လာရင်၊ ဇိမ်ခံမနေနဲ့ ၊ ဖြစ်ပျက်ရှုလိုက်ပါ။ ချမ်းသာတာချမ်းသာသက်ရှည်နေတယ်ဆိုရင်၊ တဏှာကြားခိုပြီလို့  မှတ်ပါ။

ဝေဒနာဖြစ်တာကိုခံစားရတာကောင်းလိုက်တာဆိုတာ တဏှာနဲ့  သိတာ။

အိပ်ခန်းထဲ မှာတယေက်ထဲ ၊ ကိုယ့်  စိတ်ကူးလေးနဲ့  ကိုယ်ပျော်နေတာဟာ၊တဏှာနဲ့  ကိုးဗျ။

ငွေလေးမှန်မှန်ဝင်နေတဲ့  ပုဂ္ဂိုလ် မျက်နှာ ပြုံးနေတာဟာ ၊ တဏှာနဲ့  အဖေါ်လုပ်နေတာ။

ဥပက္ခာ ဝေဒနာဒ

ဝေဒနာမှာညာဏ်ရှိတဲ့  သူတွေ ကတော့၊ မရှိတာပဲတွေ့  နေတာပဲ။ မျက်စိ၊ နား။ နှစ်ခေါင်း။ လျာ။ မှာမြင်ကာမျှမတ္တ၊ နံကာမျှမတ္တ၊ စားကာမျှမတ္တ။
အကောင်းအဆိုး၊ မရွေးခင်၊ ဥပက္ခာဝေဒနာ၊ စိတ်ထဲ မှာအာရုံပြုကာမျှမတ္တ၊ ဥပက္ခာဝေဒနာ၊

ဝေဒနာချုပ်အောင်ရှုနိုင်ရင်ဝမ်းထဲ မှာအေးငြိမ်းရမယ်။ ရှုလို့  ဝေဒနာချုပ်သွားတာက နိဗ္ဗာန်။ အေးငြိမ်းသွားတာက ကိလေသာသိမ်းတာပဲ။ သေခါနီးရှုလို့ဝေဒနာဒုက္ခ ချုပ်ပျောက်သွာ ရင်လည်း၊ ခန္ဓာသိမ်းနိဗ္ဗာန်ကိုရောက်နိုင်ပါတယ်။

(မိုးကုတ်ဆရာတော်ဘုရားကြိးတရားများမှ ကောက်နှုတ်တင်ပြထားပါသည်။)

Shared from U Kyaw Kyaw Aung

No comments:

Post a Comment