" အရှင့်သားသည် •••••
သားမယား မိဘကိုမျှ အားမနာ။
ဝမ်းစာရှာအံ့သောငှာ အိမ်တကာရှေ့၌
ရပ်၍ ရပ်၍သာ စားစရာကို တောင်းသည်။
ကောင်းပါ သ လော။ "…
(ယ သော်ဓရာဒေဝီ)
"အရှင် ဘုရား … အဘယ့်ကြောင့်
အကျွန်ုပ်အား အရှက်ခွဲပါသနည်း။
အဘယ်အကျိုးကိုမျှော်၍
တစ်အိမ် တစ်လုတ် ဝမ်းစာရှာဘိသနည်း။
ဤ ၂ သောင်းမျှသော သံဃာကို
ဒကာတော် မ ကျွေးနိုင် ဟု ထင် ဘိ သ လော"
(သုဒ္ဓေါဓနမင်းကြီး)
" ဖခင် မင်းကြီး … ဤဆွမ်းခံသောအရာသည်
ငါတို့ အနွယ်အဆက်မှ လာသဖြင့်
သင့်တင့်လျောက်ပတ်
ချီးမွမ်းအပ်သော အကျင့်ပေတည်း။"
(ဗုဒ္ဓ)
"အရှင် ဘုရား … မဟာသမ္မတမင်းမှစ၍
ဘုရားဘိုးတော် သီဟဟနုမင်းတိုင်
၃၃၄၅၆၉ (သုံးသိန်းသုံးသောင်း
လေးထောင် ငါးရာခြောက်ဆယ့်ကိုးယောက်) သော
အနွယ်သည် အကျွန်ုပ်တို့ ၏ အနွယ်မဟုတ်လော။
ထိုမင်းအနွယ် အ ပေါင်းတို့ တွင်
တစ်ယောက်ကောင်းမျှ ဆွမ်းတောင်းစား
သည်ကို အကျွန်ုပ်တို့ မကြားဘူးပါ။"
(သုဒ္ဓေါဓနမင်းကြီး)
" ခမည်းတော်မင်းကြီး …
ဤ မဟာသမ္မတမင်းမှလာသော
ရာဇပဝေဏီသည်ကား
မင်းတရားတို့ ၏ အနွယ်သာတည်း။
ဒကာတော်သား … ငါဘုရားမူ
ရှေးဖျားလွန်လေ အသင်္ချေများစွာ
ကမ္ဘာဘာက ဂင်္ဂါဝါဠု သဲစုထပ်မျှ
ပွင့်ကြကုန်သော သမ္ဗုဒ္ဓရာဇာ
စောမြတ်စွာတို့ ၏ မဟာဝံသ ဖြစ်ပေသည်။
"ထိုဘုရားတို့ လည်း ဖိတ်ကြားအပ်သော
ဒါယကာမရှိမူ ဆွမ်းခံ၍သာ
စားမြဲဓမ္မတာ ဖြစ်သတည်း"
(ဗုဒ္ဓ)
Shared from Lwinoo Ko
No comments:
Post a Comment