Tuesday, June 28, 2016

နေနိုင်လို့လား?


ဆံပင်တွေနဲ့လှတဲ့မင်း
ဆံပင်တွေရှင်းပီးတော့
နေနိုင်လို့လား.…?

ရောင်စုံအဝတ်တွေနဲ့လှတဲ့မင်း
တရောင်ထဲ ၃ စုံလဲလှည်ပီးတော့
နေနိုင်လို့လား…?

၃ ကြိမ်မက ဆာတိုင်းစားနေတဲ့မင်း
၂ ကြိမ်နဲ့ သင့်လောက်ရုံသုံးစွဲပီး
နေနိုင်လို့လား…?

ကျင့်ဝတ် ၅ ခုလောက်နဲ့ နေတဲ့မင်း
ကျင့်ဝတ် ရာကျော်တွေ ကျင့်ပီး
နေနိုင်လို့လား…?

သီချင်းလေး တညီးညီးနဲ့နေတဲ့မင်း
ဓမ္မစာတွေ ၅နာရီထိုင် ကျက်ပီး
နေနိုင်လို့လား…?

ချစ်ခင်သူတွေနဲ့ ရောပျော်နေတဲ့မင်း
သံဃာ အသင်းထဲမှာ ပျော်နေပီး
နေနိုင်လို့လား…?

တရား/မတရားနဲ့စီးပွားရှာနေတဲ့မင်း
တရားသဖြင့် ဆွမ်းခံရှာမှီးပီးတော့
နေနိုင်လို့လား…?

အစားမှာ ကြိုက်ရာဝယ်စားတဲ့မင်း
ကြိုက်/မကြိုက်ရောတဲ့ဆွမ်းစားပီး
နေနိုင်လို့လား…?

ဘေးသင့်အစာတွေ ရှောင်တဲ့မင်း
ကြက်သား/ကြက်ဟင်းခါးတွဲစားပီး
နေနိုင်လို့လား…?

မလိုတာတွေ့ရင် ပေါက်ကွဲတဲ့မင်း
မလိုတာတွေ့ရင် သည်းခံပီးတော့
နေနိုင်လို့လား…?

လိုတာတွေ့ရင် ရယူတက်တဲ့မင်း
လိုတာတွေ့ရင် တင်းတိမ်ပီးတော့
နေနိုင်လို့လား…?

နေနိုင်လို့လား…?

နေနိုင်လို့လား…?

နေနိုင်လို့လား…?

သံဃာတော်တို့၏ဂုဏ်ကိုရည်လျက်'

စာသင်သားလေးများ၏ ဘဝပုံရိပ် မှ
Shared from ဗုဒ္ဓမူကြို

No comments:

Post a Comment