Wednesday, April 3, 2013

စိတ်ကူးထဲက "လူ"; "The MAN in my thoughts"



သူ့မျက်နှာ ကြည်လင်နေတယ်
သူ ပြုံးတဲ့အခါ တကယ်လန်းတယ်
သူ့အသံ သူ့ဟန်ပန် တို့က ကြားရ မြင်ရသူတို့ကို ငြိမ်းအေးသွားစေတယ်
သူ့နှလုံးသား နူးညံ့လွန်းလှတယ်။


His face is clean and clear
His smiles are always bright and shinning
Hearing his voices & seeing his moves are peaceful to all
He is so soft hearted and compassionate.



သူ့ မျက်လွှာ ချထားတတ်တယ်
သူ တဦးတည်း နေတတ်တယ်
သူ့ရဲ့ နေထိုင် အသက်ရှင်မှူ့ ကိစ္စ ရှင်းလင်း ပေါ့ပါးလွန်းတယ်
သူသည် ဘာဆိုဘာမျှကို မလိုခြင် တော့ပြီ။

He stays in humble way and lonely
He lives in a simple life with less possessions.
He'd lost all the desires.


သူရှိနေလို့ သူ့အတွတ် တစ်ဦးတစ်ယောက်က ငြိုငြင်စရာမရှိ
သူကား ပေးတတ်သောသူသာ ဖြစ်၍ ယူတတ်သူမဟုတ်
သူရှိနေတာကို အများ အလိုရှိတတ်ကြ ၍ သူသေမှာကို အများ နှမျောကြတယ်။ 

His present doesn't make anyone's annoyances.
He's the one who is giving but not taking.
Some like his present and do not want to loose him.


သူ့မှာ ချစ်သူ မုန်းသူ မရှိ
သူ့ကို ချစ်လွန်းသူ မုန်းလွန်းသူ မရှိ
တစ်စုံ တစ်ဦး အတွက် သူ့မှာ ကြောင့်ကြရမှူ့ မရှိ
တစ်စုံ တစ်ဦးမျှသည်လည်း သူ့အတွက် ကြောင့်ကြမှူ့ မရှိ။

He doesn't have love ones or hate ones.
He doesn't have lovers or haters.
He doesn't have hinderer nor hindering for anyone.


သူသည် အမှောင်ဖုံးထား အတိတ် ပိတ်ကားချပ်ပေါ်က ပုံရိပ်များကို တွေ့ ခဲ့ပြီ
အမှောင်ကိုထွင်း အလင်းမြင်၍ အနာဂါတ် ကိုလည်း မှန်းဆနိုင် ခဲ့ပြီ
သူသည် သူ၏ အတိတ် အနာဂါတ် တို့ကို သိသင့်သလောက် သိသွားခဲ့လေပြီ
သူသည် သေခြင်းတရားကို ကြောက်ရွံ့ခြင်း အလျှင်းမရှိတော့ပေပြီ။

He's uncovered the darkness and seen the images of the past on the white screen.
There are lights shinning on the paths win imagination and destination to the future.
He has seen the past, and the future that he should know.
He's then not afraid of the death anymore.


(ဆီလျှော်အောင်သာ ဘာသာပြန် ထားပါသည်)
(Translated from Burmese appropriately, sorry for not well versed.)

Shared from Soe Min (FB)

No comments:

Post a Comment