မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှားရှိစဉ်တုံးက ဟိမ၀န္တာတောင်ခြေမှာ မာတိက ဆိုတဲ့ရွာလေးတစ်ရွာ ရှိတယ်..
အဲ့ဒီရွာမှာ မာတိကမာတာ လို့ ရွာသူရွာသားတွေက လေးစားရိုသေခြင်း ခံရတဲ့ ရွာသူကြီးရဲ့ မိခင် အမျိုးသမီးကြီးတစ်ယောက်ရှိတယ်..
ဝါဆိုခါနီးတနေ့ မှာ ရဟန်းအပါး(၆၀)ဟာ ရွာကိုရောက်လာတယ်..မာတိကမာတာ က ရဟန်းတော်များကို ဒီရွာမှာပဲသီတင်းသုံးနေထိုင်ဖို့လျှောက်ထားတာကြောင့် ရဟန်းများကလဲ လက်ခံတော်မူတယ်…ရဟန်းများက လက်ခံတော်မူတာနဲ့ ..ရဟန်းတော်များနေဖို့ ကျောင်းတစ်ဆောင်ဆောက်လုပ်လိုက်သတဲ့ …
သဒ္ဒါတရားပြည့်ဝ တဲ့ မာတိကမာတာ ဟာ တစ်ညနေ မှာတော့ ကျောင်းကိုသွားပြီး ညဘက်မှာသုံးဆောင်ကောင်းတဲ့  ပျားရည်သကာကိုယူဆောင်ပြီးသွားလှူသတဲ့..ကျောင်းကိုရောက်တော့
ရဟန်းတွေ တစ်ပါးမှမတွေ့ တာနဲ့  ကျောင်းပေါ်မှာတွေ့ တဲ့  တုံးကြီးကို ခေါက်လိုက်သတဲ့ …တအောင့်လောက်ကြာတော့ ..ရဟန်းတွေ က ဟို က တစ်ပါး ဒီ ကတစ်ပါးနဲ့ တောထဲကနေထွက်လာကြတာတွေ့ ပါလေရော…ကျောင်းပေါ်ကိုရောက်တော့ လဲ တစ်ပါးစီ တစ်ပါး စီ ကိုယ့်နေရာကိုယ် ထိုင်ပြီး စကားမပြောကြတာတွေ့ သတဲ့…...
မာတိကမာတာက………..ရဟန်းတော်များကို အခြေအတင်ငြင်းခုန် ပြီးမသင့်မတင့် ဖြစ်တယ်လို့  ထင်တာနဲ့ မေးလျှောက်တော့.. နာယက ရဟန်းတော်ကနေ မညီမညွတ် စိတ်ဝမ်းကွဲတာမဟုတ်ကြောင်း ကမ္မဌါန်း တရားစီးဖြန်းနေကြခြင်းသာဖြစ်ကြောင်းကိုပြောပြသတဲ့ ..
အဲ့ဒီတော့ မာတိကမာတာ က အလွန်ပဲ စိတ်ဝင်စားတာနဲ့ ….တပည့်တော်တို့ဒါယကာမတွေ ရောလုပ်ခွင့်ရှိ
သလားလို့ မေးပါတယ်..``ဘုရားရှင်ကိုယ်တော်မြတ်က မိန်းမ ယောင်္ကျားမရွေး။ဗြဟ္မဏ သုဒ္ဓမရွေး။ပညာရှိ ပညာမဲ့ မရွေး။ နိဗ္ဗာန်ရောက်ဖို့နည်းပေးလမ်းပြကယ်မ တော်မူတယ်``လို့ပြောပြတော့ တပည့်တော်ကိုလဲသင်ပေးပါဆိုပြီး လျှောက်သတဲ့ ….မာတိကမာတာ ဟာ ရဟန်းတော်ဆီမှာသင်ယူပြီးကမ္မဌါန်း တရားစီးဖြန်းလိုက်တာ ရဟန်းများထက်စောပြီး သောတာပတ္တိမဂ်ကိုရသတဲ့ …
သောတာပတ္တိမဂ် ကိုရပြီးတော့ ချမ်းသာကိုသိလာတယ်။ အဲ့ဒီကနေ သကဒ်ဂါမိမဂ် သကဒါဂါမိ ဖိုလ် ကိုမှာတည်လာတယ်။ အဲ့ကတဆင့် ထပ်တက်လို့  အနာဂါမိမဂ် ကိုဆိုဒ်ရောက်ပြန်တယ်တဲ့ . ဘယ်လောက်ထိအောင်ဥာဏ်ကောင်းသလဲဆိုရင် အနာဂါမိမဂ်ကိုရပြီးတော့ လောကီအဘိညာဏ် ငါးပါးကိုပါရသတဲ့ … လောကီအဘိညာဉ်ငါးပါ ကတော့
၁။ဒိဗ္ဗစက္ခု=နတ်တို့ ၏မျက်စိနှင့်ကြည့်သလိုအဝေးအနီးကို မြင်နိုင်ခြင်း။
၂။ဒိဗ္ဗသောတ=နတ်တို့၏နားကဲ့ သို့ အဝေးက အသံတို့ ကို ကြားနိုင်ခြင်း။
၃။ဣဒ္ဓိ၀ိဓ=မိမိ၏ တန်းခိုးနှင့် အမျိုးမျိုးဖန်းဆင်းနိုင်ခြင်း။
၎။စေတောပရိယ=သူတစ်ပါးတို့၏ စိတ်အကြံကို ကိုယ်က သိနေခြင်း။
၅။ပုဗ္ဗေနိဝါသာနုဿတိ=ရှေးဘ၀ ကဖြစ်ခဲ့သမျှတွေကို သိမြင်နိုင်ခြင်း။
စတဲ့ အဘိညာဉ်များကို ရရှိထားပါတယ် တဲ့ …
မာတိကမာတာ ဟာ အနာဂါမိဖလသမာပတ်က ထတော်မူတဲ့အခါသူကိုယ်တိုင်ဆွမ်းဝတ်ပြုနေတဲ့ ရဟန်းတော်တွေကို အဘိညာဉ်နဲ့ကြည့်လိုက်တော့ တစ်မဂ်တစ်ဖိုလ်မှမရကြသေးတာကိုတွေ့ ရသတဲ့ ..ဘာလို့များမရတာလဲဆိုတာကိုထပ်ကြည့်ပြန်တော့…
ဆွမ်းဘောဇဉ်တို့ နဲ့ သပ္ပာယ မျှတမှုမရှိတာကို တွေ့ ပြန်သတဲ့ ..
ဒါနဲ့ ပဲမာတိကမာတာ ဟာဆွမ်းအမျိုးမျိုး ယာဂု အမျိုးမျိုးကို ထောပတ်ဆီဦးနဲ့ တကွ စီမံပြီး ကပ်သတဲ့ ….
အဲ့ဒီတော့မှ ရဟန်းတော်များဟာ တရားအားထုတ်တဲ့အခါ မကြာမီပဲ.. အာသဝေါကုန်ခမ်းရဟန္တာများ ဖြစ်ကုန်ကြသတဲ့ …မာတိကမာတာ ရဲ့  အာဟာရ ဆက်ကပ်လှူဒါန်းမှုကြောင့်ရရှိတယ် ဆိုတာကိုလဲသိတော့ ရဟန်းများရဲ့  မိခင်ကြီးသဖွယ် ဖြစ်ထိုက်ပါပေရဲ့ လို့ဂုဏ်ပြုကြပါတယ်။
မာတိကမာတာ ကြီး ကတော့  မိမိရဲ့ အထောက်အပံ့နဲ့  ရဟန္တာများ ဖြစ်သွားကြတာကို အင်မတန်ပဲဝမ်းမြောက်ဝမ်းသာပီတိဖြစ်တာပေါ့လေ ၀ါကျွတ်လို့ရဟန်းတော်များက ဘုရားရှင်ရှိရာဇေတ၀န်ကျောင်းတော် သို့ပြန်ကြွကြတယ်.. မြတ်စွာဘုရားရှင်က အရိယာဖြစ်ပြီး ပြန်လာတဲ့
ရဟန်းတော်များကိုတွေ့ တဲ့ အခါမှာ``ကျန်းခံ့သာကြရဲ့ လား ဆွမ်းကွမ်းအာဟာရ သပ္ပာယ မျှခဲ့ကြသလား``လို့ မေးတော်မူသတဲ့ ဒီတော့  ရဟန်းများကလဲ မာတိကမာတာ က မိမိတို့စိတ်အကြံကို
သိလို့ဆွမ်းအာဟာရများ ဖွယ်ဖွယ်ရာရာစီမံပေးပါတယ် လို့ လျှောက်ထားပါတယ်။ ဒီလိုလျှောက်ထားတာကိုအနီးအနားက ဘွဲ့ မထင်မရှားတဲ့  ရဟန်းတစ်ပါးက ကြားတော့ အဲ့ဒီရွာကိုသွားပြီး ဆွမ်းကွမ်း ဝေယျာဝစ္စ၀တ်တို့ကိုခံယူရင်း တရားကျင့်ချင်လာသတဲ့ …ဒါနဲ့ မြတ်စွာဘုရားကို လျှောက်ထားတောင်းပန်လို့  ခွင့်ပြုချက်ရတာနဲ့ပဲ..မာတိကရွာကို ထွက်လာခဲ့တယ်။ ရွာကိုရောက်တော့ ကျောင်းထဲကိုမ၀င်ခင်မှာ ရဟန်းက အောက်မေ့ တယ် ဒီခရီးကိုလာရတာ ပင်ပန်းနေပြီ
ကျောင်းကြီးကိုလှည်းကျင်းဖို့ မတတ်နိုင်တော့ဘူး သူတစ်ပါးစိတ်အကြံ ကိုသိတဲ့အနာဂါမ်ဒါယိကာမကြီးက တယောက်လောက် လွှတ်လိုက်ရင်ကောင်းမှာပဲ လို့ တမ်းတ လိုက်သတဲ့ ..
မကြာပါဘူးယောင်္ကျားသုံးလေးယောက်လောက် တံမြက်စည်းတွေ ရေပုံးတွေ ဖုံသုတ်အ၀တ်တွေ နဲ့ ရောက်လာကြပြီး သန့် ရှင်းရေးလုပ်လိုက်တာ တစ်ကျောင်းလုံးသန့် ပြန့် သွားရောတဲ့ ။
အညတရ ရဟန်း က အံ့သြပြီးနောက် တလမ်းလုံးရေငတ်လာတာ အရသာရှိတဲ့ ဖျော်ရည်လေးသောက်ရရင် ကောင်းမှာပဲလို့ တောင့်တမိပြန်ရောတဲ့ ။အဲ့ဒါလဲမကြာပါဘူး ဒါယကာ တစ်ယောက်ကျောင်းကို ခပ်သွက်သွက် ရောက်လာပြီးသန့် ပြန့် တဲ့ ခွက်တစ်လုံးနဲ့ အဖျော်ရည် အပြည့်ထဲ့လို့ မာတိကမာတာ ဒါယကာမ ကြီး ကကပ်လိုက်ပါတယ်ဆိုပြီး တန်းကပ်လိုက်တာ ရဟန်းခများအံ့သြ ရပြန် ပါသတဲ့ …
နောက်တနေ့ အစောကြီး မှာ ရဟန်း က ငါ့ကိုပျော့ပျောင်းနုးညံ့ တဲ့ ယာဂု လက်သုပ်ဟင်းလျာ ပို့စေသတည်းလို့  ဆန္ဒ ပြုလိုက်တာ ဒါလဲမကြာဘူး ဆွမ်းစားချိန်ရောက်တော့ ဒေါင်းလန်းလင်ပန်းနဲ့
လာကပ်ပြန်လေရော အံ့သြနေတဲ့ ရဟန်းဟာ သူ့ စိတ်ကြံစည်တိုင်း သိနေတဲ့မာတိကမာတာ ကိုလူကိုယ်တိုင်မြင်ဖူးချင်ပြန်သတဲ့ ..
ဒါယကာမကြီးကျောင်းကိုလာပါစေလို့ ဆန္ဒပြုလိုက်တဲ့ ခဏမှာပဲ အိမ်ဖေါ်များနဲ့ဒါယကာမကြီးက ကျောင်းပေါ်ကိုရောက်လို့ ကန်တော့ ဝတ်ချ လိုက်သတဲ့ …အဲ့ဒီမှာ ရဟန်း က မာတိကမာတာကိုမေးတယ်။
ဒါယိကာမကြီးက သူတစ်ပါးစိတ်အကြံကိုသိတယ်ဆိုတာ မှန်ပါသလား
သားမောင်ပဉ္စင်း ဘာပြုလို့ မေးတာလဲ
ကျွန်ုပ်ဆန္ဒပြုလိုက်တိုင်းကျွန်ုပ်၏ အလိုကို ဒါယကာမကြီးဖြည့် စွမ်းနေတာများလှပြီ ဒါကြောင့် ဒါယိကာမကြီးကို မေးတာပါ
သားမောင်ပဉ္စင်း သူတစ်ပါးစိတ်အကြံကိုသိတဲ့ ရဟန်းတော်များ ရှိတတ်ကြပါတယ် သူများကိုမေးတာမဟုတ်ဘူး ဒါယိကာမ ကြီးကိုမေးတာ အဲ့ဒီမှာ မာတိကမာတာ က သိပါတယ် လို့ မပြောပဲ
သူများစိတ်ကိုသိတဲ့လူများဟာ ခုလိုပဲ ပြုတတ်ကြပါတယ် လို့ မယုတ်မလွန် ပဲဖြေလိုက်တယ်။
ဒါပေမယ့်ရဟန်းကသိသွားပြီ အဲ့တော့ ငါ့စိတ်ကဖေါက်ပြန်မိရင် သူကသိမှာ ခိုးထုတ်ခိုးထည်နဲ့မိတဲ့ သူခိုးလို ငါငြင်းနိုင်မှာမဟုတ်ဘူး လို့တွေးပြီးဇေတ၀န် ကျောင်းတော်ကို ထွက်ပြေးခဲ့သတဲ့..
မြတ်စွာဘုရားကတွေ့ လို့ မေးတော့  အမှန်တိုင်းပဲ လျှောက်ထားရတာပေါ့..ဒီမှာ မြတ်စွာဘုရားက အဲ့ဒီရွာကိုပြန်သွားဖို့ မိန့် တော့ ကြောက်ကြောက်လန့် လန့် ပြန်သွားရရှာသတဲ့ ..
ရွာကိုပြန်ရောက်ပြီးမာတိကမာတာရဲ့ ဆွမ်းအထောက်အပံ တွေ နဲ့  သပ္ပာယ မျှတပြီး မြတ်ဘုရားမိန်းတော်မူတဲ့အတိုင်း တရားဘာဝနာ ပွားများလိုက်တာရက်ပိုင်းအတွင်း ပဋိသမ္ဘိဒါလေးပါးနဲ့ တကွ ရဟန္တာဖြစ်သတဲ့ .. တနေ့ တော့ရဟန်းကမာတိကမာတာနဲ့ ရှေးဘ၀ က ဘယ်လိုများပတ်သက်ခဲဖူးလဲဆိုတာကို ပုဗ္ဗေနိဝါသာနုဿတိနဲ့ ကြည့်လိုက်တာဘ၀ပေါင်းကိုးဆယ့် ကိုးဘ၀ တိုင်အောင်ဇနီးခင်ပွန်း တော်စပ်ခဲတာကိုတွေ့ သတဲ့…ကိုးဆယ့်ကိုးဘ၀ လုံး လဲ တခြား ယောင်္ကျားများနဲ့ ဖေါက်ပြန်ပြီး မိမိကိုသတ်ခဲ့တာလဲ တွေ့ သတဲ့ ..
အဲ့ဒီမှာ မာတိကမာတာကလဲ ရဟန်းတော်က ဒီလိုစိတ်ကြံတာကို သိတော့ အရှင်ဘုရားကိုးဆယ့် ကိုးဘ၀ မှာ ရပ်မထားပါနဲ့  ဘ၀ပေါင်းတစ်ရာမှာ အရှင်ဘုရားအတွက် တပည့်တော်ရဲ့ အသက် ကို စွန့် လွတ် ကယ်ဆယ် ခဲ့တာကို အာရုံပြုကြည့်ပါလို့ စိတ်တန်ခိုးနဲ့  လျှောက်ထားသတဲ့ …..ဒီတော့ မှပဲ ရဟန္တာထေမြတ်ကလဲ ဒိဗ္ဗသောတနဲ့ ကြားပြီးမာတိကမာတာလျှောက်တဲ့အတိုင်းဆငိခြင်လို့ သိမြင်သတဲ့လေ။ အဲ့ဒီအခါ ကစလို့  အရိယာသူတော်အချင်းချင်း ကြည်နုးကျေနပ်စွာနေထိုင်လာကြတာ ရဟန္တာမထေမြတ်ကြီး ကျောင်းမှာပရိနိဗ္ဗာန် စံဝင်တဲ့ထိပါပဲ….။
မာတိကမာတာ လို အမျိုးသမီးများ အများအပြားပေါ်ထွန်းကြပါစေသတည်း။
Shared from Dhamma Rakhita (FB)
No comments:
Post a Comment