Saturday, November 17, 2012

အဘိဓမ္မာပညာ သင်ယူခြင်း ဘ၀မှာ အရေးကြီးပုံ

မေး။………..။ ဆရာတော်ဘုရား အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှ အရေးပါကြောင်း တပည့် တော်အား ဖြေကြားပေးတော်မူပါ။
(ဇေယျာနောင်(စင်္ကာပူ))

ဖြေ။…………..။ ထမင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိတယ်မဟုတ်လား၊ (သိပါတယ်ဘုရား) ထမင်းမစားရရင် ဘယ်လိုနေမလဲ၊ ဗိုက်ဆာမှာပေါ့။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ့်ကိုကိုယ် နားလည်ဖို့ ပတ်ဝန်းကျင် နားလည်ဖို့ဆိုတာ အဘိဓမ္မာဘာသာရပ်ဟာ အလွန်တစ်ရာမှ အရေးကြီး တယ်၊ ဘဝခရီးကိုရှင်းရှင်းလင်းလင်းသိဖို့ဆိုပါစို့ ကိုယ့်စိတ်အကြောင်း ကိုယ့်လေ့လာချင်တယ် ဆိုလိုရှိရင် ကောင်းတဲ့စိတ်လား မကောင်းတဲ့စိတ်လား သိဖို့ရာ အဘိဓမ္မာကို လေ့လာမှ ပိုပြီးသိတယ်။

အဘိဓမ္မာဟာ Analyst လုပ်တဲ့ပညာရပ်တစ်ခုပဲ Analyst လုပ်တတ်မှ ခွဲခြားစိတ်ဖြာ ပြီးတော့ သိတာ၊ အနတ္တသဘောတရားကိုလည်း အဘိဓမ္မာ လေ့လာခြင်းဖြင့် ပိုပြီး ထင်ရှားစေတယ်ပေါ့၊ ဗုဒ္ဓဘာသာဝင်ဖြစ်လာလို့ရှိရင် ဝိပဿနာကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အဘိဓမ္မာ ဘာ သာရပ်ကို လေ့လာထား ရမယ်။ ဒါဟာအရေးကြီးတယ်ပေါ့၊ အထူးသဖြင့် ဘဝမှာအဘိဓမ္မာ သင်ထားတဲ့
အတွက်ကြောင့် ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ကို ကိုယ်နားလည်လာတယ်။ ကိုယ့်အကြောင်းကိုယ်နားလည်တယ်၊ လောကမှာ မေးလာရင် မင်းအကြောင်း မင်းသိလားဆို အော်-သိတာပေါ့ ဘယ်မြို့မှာမွေးတာ အမေကဘယ်သူ အဖေကဘယ်သူ နံမည်ကဘယ်သူ ဒီလောက်ပဲပြောနိုင်မယ်မဟုတ်လား မင်းဘယ်ဘဝကလာတယ်ဆိုတဲ့ Quention ကို ဘယ်လိုဖြေမလဲ။ ဘယ်ကလာတာတုန်း ဘယ်သွားမှာ
တုန်းဆိုတဲ့ မေးခွန်းတွေ ကြတော့ မဖြေနိုင်တော့ဘူးလေ။

ဒီတော့ အဘိဓမ္မာတတ်ထားတဲ့ ပုဂ္ဂိုလ်ဟာရှင်းရှင်းကြီး ကိုယ့်အကြောင်းနဲ့ကိုယ် နားလည်မှုရှိတယ်ပေါ့။ ကိုယ့်အကြောင်းကို နားလည်ချင်တယ် ကိုယ့်ရဲ့ဘဝ ကိုယ်နားလည်ချင်တယ် ကိုယ့်စိတ်ကိုယ် နားလည်ချင်တယ် စိတ်ထဲမှာထားရမဲ့စိတ် မထားရမဲ့စိတ်ကို နားလည်ချင် တယ်ဆိုရင် အဲဒါတွေနား လည်မှ ဘဝဟာပိုပြီး အဓိပ္ပာယ်ရှိတယ် ဘဝဟာပိုပြီး အဓိပ္ပာယ်ရှိဖို့အတွက်က အဘိဓမ္မာဘာသာရပ်
ဟာ အရေးကြီးတယ်လို့ ဒီလိုပြောရမှာဖြစ်တယ်။

အဘိဓမ္မဆိုသည်မှာ Profound ဓမ္မ Profound doctrinesပဲ ရုပ်တရားနာမ်တရားတွေနဲ့ ပတ်သက် ပြီးသိရှိဖို့ ဝိပဿနာတရား ကျင့်စဉ်တွေ ကျင့်ဖို့လည်းပဲ အဘိဓမ္မာဘာသာရပ်ဟာ အထောက်အကူ အများချည်း ဖြစ်တယ်ပေါ့။ Analytical Knowledge of mind and Matter အထောက်အကူပြု တဲ့ ဘာသာတစ်ခု ဖြစ်တယ်ပေါ့။

ဒါကြောင့်မို့ အဘိဓမ္မာကို နားလည်ခြင်းဖြင့် ကုသိုလ်အကုသိုလ်ကို နားလည်ပြီး ဘဝမှာအမှားနည်း သွားမယ် အမှားနည်းပြီး အမှန်ကိုလုပ်နိုင်မယ် ဖြစ်ခြင်း ကြောင့် အဘိဓမ္မာဟာ အင်မတန် အရေးကြီး ပါတယ်လို့ ပြောပါရစေ။

(ပါချုပ်ဆရာတော်ဘုရားကြီး စင်္ကာပူတရားပွဲ ပထမနေ့တွင် ဖြေကြားခဲ့သည့်မေးခွန်း
အဖြေလွှာမှ )


Shared from Ukhin Crays (FB)

No comments:

Post a Comment