Sunday, March 23, 2014

ကောက်ညင်းခွက်ကြော် (၁၄ ခု (သို.) ၁၆ ခု)


http://chawsufoodfriends.wordpress.com/2013/02/08/

** ကောက်ညင်းခွက်ကြော် အတွက် လိုအပ်တာလေးတွေ…

ကောက်ညင်း – 2 cups (rice cooker cup) (360 ml)
ရေ – 2 2/3 cups (rice cooker cup) (480 ml)
ဆား – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံခန်.
လှော်ထားသော နှမ်းမဲ – ထမင်းစားဇွန်း ၁ ဇွန်း (မထည့်လည်းရ)

ကောက်ညင်းကို မပျော့လွန်း၊ မမာလွန်း အောင်ချက်ပြီး အိုးထဲမှာ ဆက်ထားပါ။ (ကောက်ညင်းအမျိုးအစားမတူနိုင်၍ ရေ အနည်း၊ အများ ချိန်ဆပြီးမှချက်ပါ၊ ကောက်ညင်းဆန်ကို ချက်လျှင် ပုံမှန်ဆန် (ထမင်း) ချက်တာထက် ရေအနည်းငယ်လျှော့ထည့်ရပါတယ်။)

ခပ်နွေးနွေးဖြစ်လာလျှင် ဆား နှင့် နှမ်းစေ့ကို ထည့်ကာ အားလုံးနှံ.သွားအောင်ရောပြီး ဗန်းတစ်ချပ်ထဲ လက်ဆစ်တစ်ဝက်(1 cm)ခန်. အထူလောက်ဖြန်.ပေးပါ။

ပြီးလျှင် အဆင်ပြေရာ အဝိုင်းတစ်ခုခုကိုသုံးပြီး အကွင်းလေးများဖြတ်ကာ နောက်လင်ဗန်းတစ်ချပ်ထဲ ထည့်ပါ။ (ဖြတိထားသည့် အကွင်းလေးများ အရမ်းထူနေလျှင် ဇွန်းကိုသုံးပြီး အနည်းငယ်ဖြန်.ပေးပါ။)

ကောက်ညင်း 2 cups ချက်လျှင် ၁၄ ခုမှ ၁၆ ခုကြား ရပါတယ်။

အားလုံး ဖြတ်ပြီးလျှင် နေပူထဲမှာ လှမ်းပေးပါ။

တစ်ဖက်က အတော်လေးခြောက်သွားလျှင် နောက်တစ်ဖက်ကို ဇွန်းပြားသုံးပြီး(အောက်မှာကပ်နေသောကြောင့်) လှန်ပေးပါ။

အရမ်းပူသောနေမှာ ဟိုဖက်၊ဒီဖက် ၃၊၄ ခါ လှန်ပြီး ၂ ရက် လှမ်းလျှင် ခြောက်ပါပြီ။ (အတွင်းကမခြောက်သေးလျှင် ဆက်လှမ်းပေးပါ။)

ခြောက်သွားလျှင် ဆီပူပူထဲထည့်ကာ တစ်ဖက်ကို စက္ကန်. ၂၀ ခန်.ကြော်ပြီးလျှင် မွမွရွရွ ကောက်ညင်းခွက်ကြော်လေး စားရန် အသင့်ဖြစ်ပါပြီ။

Shared from Chaw Su's Food Friends (FB)

No comments:

Post a Comment