Sunday, March 23, 2014

ရခိုင်မုန်.တီအရည် နှင့် အသုပ်


ရခိုင်မုန်.တီကို ရခိုင်သူငယ်ချင်းချက်တိုင်း သူချက်ပြီးမှ
ရောက်သွားတော. ချက်နည်းကိုမကြည်.ဖြစ်ခဲ.ဘူး…
အိမ်မှာ အတူနေတဲ.တစ်ယောက်ကရခိုင်မုန်.တီချက်ဖို.
ငါးတွေဝယ်လာပြီဆိုမှ Yadanar Moe ကရခိုင်မုန်.တီချက်နည်းကို
သတိရတယ်… အချိုးအစားဘယ်လိုထည်.ရမယ် မပြောထားပေမယ်.
ချက်နည်းကို ရေးထားပေးတာကိုက တော်တော်အဆင်ပြေပါတယ်ရှင်။
ကျွန်မရဲ. ပထမဆုံးလက်ရာ ရခိုင်မုန်တီကို သုံးဆောင်ကြပါအုံးရှင်

ရခိုင်မုန်.တီအတွက်

ငါးရွှေ - ၈၀၀ g ကိုရေဆေးပြီး ၄” စီဖြတ်ထားပါ။
မျှင်ငပိ - ထမင်းစားဇွန်း ( ၅) ဇွန်း ကို ရေ ၁လီတာနှင့် ငပိကြေအောင်ကြိုထားပါ။
ငရုပ်ကောင်း - ထမင်းစားဇွန်း ( ၃) ဇွန်း ကို ကြက်သွန်ဖြူဥကြီး - (၂) လုံးကို
အခွံခွာပြီးရေဆေးပြီး မညှက်တညှက်ရောထောင်းထားပါ။
ဂျင်းနှင့်ပတဲကော - တစ်လက်မခန်.အခွံနွာပြီးရေဆေးကာထောင်းထားပါ။
ငါးဖယ်ခြစ် - ၂၅၀ g ကို ထောင်းကာ အပြားသေးလေးတွေပြားပြီးကြော်ပြီးပါးပါးညှပ်ထားပါ။
မန်ကျဉ်းသီးမှည်. - ၅၀ g ကို ရေဆေးကာ ရေနေွးဆန်ချိန်ခွက်၁ခွက်ခွဲခန်.နှင့်စိမ်ထားပါ။
ငရုပ်သီးစိမ်း - ၁၀၀ g ကိုပြုတ်ကာ ရေစစ်ပြီး ထောင်းထားပေးပါ။
ဆား - အနဲငယ်
နံနံပင် - ၁၀ ပင် ကိုရေစင်စင်ဆေးပြီး နုတ်နုတ်လှီးထားပေးပါ။
ကြက်သွန်နီ - ၂ လုံးကို အခွံခွာကာပါးပါးလှီးပြီးရေဆေးထားပါ။
ကြက်သွန်ဖြူ/နီ ဆီချက် - ဆန်ချိန်ခွက် တစ်ခွက်ခန်.ချက်ထားပါ။
မုန်.ဖတ်ခြောက် - ၂ kg
ပဲကြော် - ၅ ခု

ပြုလုပ်နည်း

ငါးရွှေကို ရေနဲနဲနှင့်အသားနူးအောင်ပြုတ် (သို.) ကင် ၊ ကျွန်မကတော.
မိုက်ခရိုဝေ.ထဲ မိနစ် ၂၀ လောက်ထားလိုက်ပါတယ် … အသားနူးပြီး
ရေအနဲငယ်သာထွက်ပါတယ်..ငါးအသားနူးပြီဆိုလျှင် အအေးခံပြီး
အရိုးနွံထားပါ။ ဇလုံတစ်ခုထဲ ရေနွေးနွေး ၅၀၀ ml ထည်.ကာ ငါးအသားများကို
လက်တစ်ဆုပ်စာစီယူကာ လက်နှင့်ညှစ်ပါ အချိုရည်ထွက် သွားပြီး
ငါးဖတ်ကျန်တာတွေကို ပုဂံတစ်ခုထဲထည်.ထားပါ။ ငါးအသားကိုအရိုးထွင်
ပြီးတန်းထဲ.တာထက်ပိုကောင်းတယ်ပြောပါတယ်.. တကယ်လဲစားလို.ကောင်းပါတယ်.

ချက်နည်း

၁)ရေ၄လီတာထည်.ကာထည်.ကာတည်ထားသောအိုးကြီးထဲသို.
ငါးအချိုရည်ညှစ်လို.ရလာတဲ.အရည်နှင့် ကြိုထားတဲ.ငပိရည်ကို
အနယ်စစ်ကာရောထည်.ပါ။ ထောင်းထားတဲ.ဂျင်းနှင့် ပတဲကော၊ ဆားနှင့်
အရည်ညှစ်ထားတဲ.ငါးဖတ်တ၀က်ကိုထည်.ကာ ဆူပွက်လာလျှင်
ထောင်းထားသော ကြက်သွန်ဖြူနှင့်ငရုပ်ကောင်းကိုထည်.ပါ။
အပေါ.အငံမြည်းပြီး လိုအပ်လျှင်ဆားထပ်ထည်.ပါ။
၂)ထောင်းထားတဲ.ငရုပ်သီးစိမ်းနှင့်တ၀က်ကျန်တဲ.အရည်ညှစ်ထုတ်ထားတဲ့ ငါးအသားဖတ်လေး သုံးပုံ တစ်ပုံလောက်ကို ကြက်သွန်ဖြူထောင်းနှင့် ပာင်းရည် ထမင်းစားဇွန်း ၅ ဇွန်းခန်.ထည်.ကာချက်လိုက်ပါ။
၃)အသုပ်အတွက်တ၀က်ကျန်တဲ. အရည်ညှစ်ထုတ်ထားတဲ့ ငါးအသားဖတ် သုံးပုံ နှစ်ပုံလောက်ကို
ဒယ်အိုးနှင့် ဆား၊ နနွင်း၊ ကြက်သွန်ဖြူထောင်း ထည်.ကာခြောက်အောင်လှော်ထားပါ

ပြင်ဆင်နည်း

၁)ရခိုင်မုန်.တီအရည်အတွက်မုန်.ဖတ်ကို တစ်ပွဲစာပြင်ပြီး ပာင်းရည်ထည်.ကာ
ငရုပ်သီးစိမ်းပြုတ်ထောင်း၊ မန်ကျဉ်းရည်၊ ငါးဖယ်၊ပဲကြော်၊ကြက်သွန်န၊နံနံပင်
ကြက်သွန်ဖြူဆီချက်အဖတ် တို.ကိုထည်.ကာသုံးဆောင်နိုင်ပါပြီ။
၂)ရခိုင်မုန်တီအသုပ်အတွက် မုန်.ဖတ်ကိုပိုထည်.ကာ ငါးသားဖတ်၊ငရုပ်သီးစိမ်းပြုတ်ထောင်း၊ မန်ကျဉ်းရည်၊ ငါးဖယ်၊ပဲကြော်၊ကြက်သွန်န၊နံနံပင်၊ ကြက်သွန်ဖြူဆီချက်အဖတ်နှင့် ပာင်းရည် ထမင်စားဇွန်းနှစ်ဇွန်းခန်.ထာ်.ကာ သမအောင်နယ်ပြီး သုံးဆောင်လို.ရပါပြီးရှင်..

လိုအပ်တာရှိရင်လဲ အကြံပေးနိုင်ပါတယ်ရှင်

Shared from Myanmar Foods & Others (FB)

No comments:

Post a Comment